Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liz White
Vera Drake (2004)
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Vera Drake (2004)
7.2
Wild Bill (2011)
ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ ...
movie
Wild Bill (2011)
7.0
Brexit: The Uncivil War(2019)
Brexit: The Uncivil War(2019)IMDb...7.0,,,,,,Rotten...79%(unicode)2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ...
movie
Brexit: The Uncivil War(2019)