Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liu Yase
6.0
Customs Frontline ( 2024 )
တစ်နှစ်နေမှ တစ်ကားသာထွက်တဲ့ Nicolas Tse ရဲ့ 2024 ခုနှစ် အက်ရှင်ဇာတ်ကားသစ်လေးပါ။ သူ့ကိုတော့ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေအနေနဲ့ ဟွားဝူချွဲလို့သိကြပါတယ် ( ငါးကလေး ဇာတ်လမ်းတွဲမှ ) နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဦး ပေါ့ ကိုယ်တွေရဲ့ ဂျစ်ကန်ကန် Tse ဟာ ဒီကားမှာတော့ ဆိပ်ကမ်းအကောက်ခွန်အရာရှိအဖြစ်နဲ့uniform နဲ့အထာကျနေပါတယ်။ဇာတ်လမ်းကတော့ မုန်တိုင်းအပြီးမှာ အလောင်းတွေအပြည့်နဲ့ မှောင်ခိုသင်္ဘောတစ်စီး ဟောင်ကောင်ကမ်းနားရောက်လာပါတယ်။ နိုင်ငံခြားသားအလောင်းတွေအပြည့်နဲ့ ဘယ်ကလာမှန်းမသိတဲ့ ကုန်တင်သင်္ဘောတစ်စင်းမှာ ဘယ်လိုလျှို့ဝှက်တွေနဲ့ပြည့်နေမလဲဆိုတာ ရဲတွေကရှာဖွေကြရပါတော့တယ်ဒီလိုနဲ့ အတွင်းကျကျစစ်ဆေးရင်း ကျယ်ပြန့်တဲ့ လက်နက်မှောင်ခိုမှုကြီးတစ်ခုမှန်း သိလာရတဲ့အခါ ကမ္ဘာအကောက်ခွန်ပူးပေါင်းရေးကော်မတီနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စုံစမ်းကြပြီး နောက်ကွယ်ကကြိုးကိုင်နေတဲ့ အဓိကတရားခံကို ဘယ်လိုဖေါ်ထုတ်မလဲ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ အကြောက်တရားမရှိ မတွန့်မဆုတ်ပဲ အမှန်တရားပေါ်လာတဲ့အထိ ဘယ်လိုကြိုးစားဖေါ်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် Filesize : 9.51 GB / 2.34 GB / 1.22 GB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Action , Drama Runtime ...
movie
Customs Frontline ( 2024 )
4K HEVC
6.1
I Did It My Way ( 2024 )
ဒီဇာတ်ကားလေးကတော့ ဆိုက်ဘာပြစ်မှုကျူးလွန်မှုကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ အထဲမှာ fight scene တွေ action ခန်းတွေကလည်းရှယ်ဆိုတော့ ကြည့်ကိုကြည့်သင့်နေပါပြီ ။ICU ( အင်တာနက်ဆိုက်ဘာကျူးလွန်မှုများအားဖမ်းစီးရေး) အဖွဲ့ရဲ့ စုံစမ်းချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အင်တာနက်မှာ မှောင်ခိုဝက်ဘ်ဆိုက်တွေထောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေမှုတွေအများကြီးရှိလာပါတယ် ။ ခန့်မှန်းချေ မူးယစ်ဆေး ၇တန်ကျော် ၊ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုးနဲ့ Web ပေါင်း ၇သိန်းကျော်ထိရှိလာခဲ့တာပါ ။အဲဒီမှောင်လိုဝက်ဘ်ဆိုက်တွေက တစ်ကမ္ဘာလုံးကိုပြစ်မှတ်ထားတာဖြစ်ပြီး အာရှတိုက်တစ်ခုလုံးကိုပါ ပျံ့နှံ့လာခဲ့ပါတယ် ။ မူယစ်ရာဇာတွေကို တစ်ယောက်ယောက်ပြီးတစ်ယောက်ဖမ်းမိခဲ့ပါတယ် ။ ဒါပေမဲ့ လက်ရှိစုံစမ်းစစ်ဆေးချက်တွေအရ အာရှတိုက်မှာနာမည်ကြီးနေတဲ့ မှောင်ခိုဝက်ဘ်ဆိုက်ရဲ့ founder "လောင်ပန်" အမည်ရှိသူကိုတော့ဖမ်းလို့မမိသေးပါဘူး ။ICU ရဲ့စုံစမ်းချက်အရ လောင်ပန်ရဲ့နောက်လာမဲ့ပစ်မှတ်က ဟောင်ကောင်ဖြစ်နေချိန်မှာတော့... ဟောင်ကောင်က ဆိုက်ဘာပြစ်မှုစုံစမ်ူရေးရဲတွေရယ် ၊ အတွင်းသူလျိုတွေရယ်ပေါင်းပြီး လောင်ပန်ကိုဘယ်လိုဖော်ထုတ်သွားမလဲ ? ဘယ်လိုအမှုမျိုးတွေကိုဖမ်းဆီးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime ...
movie
I Did It My Way ( 2024 )
5.6
Fleet of Time (2014)
ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ - ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲကမင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာတခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီးဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်းချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာအတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့နှစ်ယောက်ဟာ ...
movie
Fleet of Time (2014)
2014
6.1
The Ex-Files 4: Marriage Plan ( 2023 )
အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ်ရောက်လာပြီဖြစ်တဲ့ ယွီဖေးနဲ့ မုန့်ယွင်တို့ သူငယ်ချင်း ၂ ယောက်ဟာ ဒီတစ်ခါမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဥ်ဆွဲတဲ့ဆီကို ရောက်လာကြပါတော့တယ်မိဘက ကြင်ဖက်တွေ့ခိုင်းတဲ့အခါ လာတွေ့တဲ့ တစ်ဖက်မိန်းကလေးဆီက အချစ်ကို အရင်ဆုံးမျှော်လင့်တဲ့ မုန့်ယွင် လက်ရှိချစ်သူနဲ့ အိမ်ထောင်မပြုခင်မှာ အိမ်ထောင်သည်ဘဝကို လက်တွေ့ခံစားကြည့်လို့ရအောင် ချစ်သူနဲ့ တစ်မိုးအောက်မှာ အတူတူနေကြည့်တဲ့ ယွီဖေးမုန့်ယွင် ကြင်ဖက်တွေ့ရတဲ့မိန်းကလေးတွေက အိမ်ထောင်ရေးကို အပေးအယူလို သဘောထားနေသလို ချစ်သူနဲ့ တစ်အိမ်ထဲနေကြည့်တဲ့ ယွီဖေးတစ်ယောက် အိမ်ထောင်သည်ဘဝဆိုတာ သူထင်ထားသလို ပျော်ရွှင်ကြည်နူးစရာ မကောင်းတော့တဲ့အခါလူတွေဘာကြောင့် အိမ်ထောင်ပြုကြတာလဲဆိုတာကို အဖြေရှာနေတဲ့ သူတို့ သူငယ်ချင်း ၂ ယောက် ဒီတစ်ခါမှာရော အိမ်ထောင်သည်ဘဝကို တကယ်ပဲ ပျော်ရွှင်စွာနဲ့ ကူးပြောင်းနိုင်ပြီလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦးအရင် EX FILES ဇာတ်လမ်းတွေရဲ့ အဆက်မို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့ကြမှာ သေချာပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 2h ...
movie
The Ex-Files 4: Marriage Plan ( 2023 )
6.1
The Thousand Faces Of Dunjia 2 ( 2023 )
အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။ တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီး လူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့ လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကို အသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီး ထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းက စိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီး လောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား...... မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ...... ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လို ဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effect ကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့် မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့ တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Thousand Faces Of Dunjia 2 ( 2023 )
6.7
Sakra (2023)
Sakra (Tin lung baat bou) (2023) ======================== IMDb Rating - 6.7/10ဒီနေ့မှာတော့ အသစ်စက်စက် ထွက်ရှိထားတဲ့ Donnie Yan ရဲ့ သိုင်းကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။ မင်းသမီးလေးကလဲ ချန်ယွီချီ (yukee chen) ဖြစ်တာမို့ သရုပ်ဆောင်တွေနဲ့တင် ကြည့် ရတာ တကယ်တန်နေစေမှာပါ ။ဇာတ်လမ်းအကျဥ်း -မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ချောင်ဖုန်းဟာ သူရဲကောင်းတစ်ယောက်အဖြစ် သိုင်း လောကမှာ ကျော်ကြားခဲ့ပါတယ် ။ ဒါပေမဲ့ တစ်နေမှာတော့ ရုတ်တရက် ဆိုသလို ချီတန်း(မြောက်ပိုင်းတရုတ်နိုင်ငံရဲ့ လူမျိုးစုတစ်ခု) အဖြစ်စွပ်စွဲခြင်း ခံရတဲ့အပြင် သစ္စာဖောက်အဖြစ် သိုင်းလောက လူတိုင်းက သတ်မှတ်ခဲ့ ပါတော့တယ် ။ အမှန်တရားကို ရှာဖွေဖို့ သူတောင်းစားဂိုဏ်းကနေ ထွက် လာခဲ့ပြီး ခရီးလမ်းတစ်လျှောက်မှာ အညှိုးအတေးများကို ချောင်ဖုန်းတစ် ယောက် လက်စားချေခဲ့ပါတော့တယ် ။ အဲ့ဒီခရီးလမ်းမှာပဲ မုရုံအိမ်တော်မှ မိန်းမလှလေး အားကျူးနဲ့ မေတ္တာမျှကာ အတူတူ သိုင်းလောကမှာ ကျဥ် လည်ခဲ့ပါတယ် ...
movie
Sakra (2023)
2023
4K HEVC
7.2
Limbo ( 2021 )
ဟောင်ကောင်တွေကThrillerတွေရိုက်တာပိုင်နိုင်တယ်ဆိုတာဒီကားကိုကြည့်ပြီးတပ်အပ်ပြောလို့ရပါတယ်။အဖြူအမဲဆိုပေမယ့်အရာရာကိုရိုက်ပြထားတာပြတ်သားလွန်းပါတယ်။ရှင်းလင်းပြတ်သားလွန်းလို့ တရုတ်ပြည်မမှာပြသခွင့်မရပါဘူး။ဆိုပေမယ့် ၇၁ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့ပါတယ်။အဲဒါအပြင် Far East Film Festival မှာဆုရခဲ့တဲ့ အများချီကျူးမှုတွေရခဲ့တဲ့ ကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အရာရှိသင်တန်းဆင်း ဝါနုအရာရှိ ရန်ဝေဟာ ဝါရင့်ရဲအရာရှိအကိုချန်ရှိတဲ့မှုခင်းဌာနမှာတာဝန်ကျပါတယ်။ အကိုချန်ကဝါရင့်ပြီး တစ်မူထူးတဲ့နည်းတွေနဲ့အမှုလိုက်တတ်ပါတယ်။ဆင်တူတဲ့လူသတ်ပုံနဲ့အမှုတွေတစ်ခုပြီးတစ်ခုတိုးလာပြီး စုံစမ်းနေချိန်မှာ ရဲအရာရှိချန်ရဲ့မိန်းမကိုကိုမာဖြစ်အောင်ကားနဲ့တိုက်ခဲ့တဲ့ ကလေကချေမလေး ဝမ်ထောင်ကိုပြန်တွေ့လိုက်ရတော့အရာရှိချန်ကနာကျည်းမှုတွေနဲ့ အထိန်းချုပ်မဲ့သွားပြီး ဝမ်ထောင်ကိုသတ်မိမလိုဖြစ်သွားပါတယ်။ဝမ်ထောင်ကပြန်ပေးဆပ်တဲ့အနေနဲ့ မူးယစ်မှောင်ခို၊ ကားသူခိုးစတာတွေရဲ့သတင်းပေးလုပ်ပေးပါ့မယ်လို့ပြောလာပါတယ်။ဒီလိုနဲ့ ကိုကိုးဆိုတဲ့ တရားခံလက်ဖြတ်တာခံရပေမယ့် အသက်ရှင်နေသေးတဲ့တစ်ဦးသောသူကိုတွေ့လိုက်ရပြီး ဘာတွေဆက်ဖြစ်သလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်ရှုလိုက်ပါနော်။Limbo ကတရုတ်ဝတ္ထု(အံသွား)ဆိုတာကိုပြန်လည်ရိုက်ကူးထားတာပါ။အံဆုံးပေါက်တဲ့အခါနာကျင်ရသလို လူတွေရင်ထဲကနှုတ်လို့မရဖျောက်လို့မရတဲ့နာကျင်မှုမျိုးကို ဖော်ပြထားတာဖြစ်ပါတယ်။ဒါရိုက်တာကရှင်းရှင်းလင်းလင်းရဲရဲတင်းတင်းရိုက်ပြထားသလိုသရုပ်ဆောင်တွေကလဲတော်တော်ကောင်းတဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်ရှင်။ Quality : WEB-DL 1080pFormat : mp4During :1h 58minGenres : DramaSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie
Limbo ( 2021 )