Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liu Jie
7.6
Lust, Caution (2007)
Lust, Caution (2007)IMDb Rating (7.6) / Rotten Tomatoes (73%)အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို ...
movie
Lust, Caution (2007)
2007
6.8
Buddha Mountain ( 2010 )
Fan Bing Bing ရဲ့ (၂၃)ကြိမ်မြောက် Tokyo International Film Festival မှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့......နယ်မြို့လေးတစ်မြို့မှာ ကြိုးစားရုန်းကန်နေတဲ့လူငယ်လေး(၃)ယောက်နဲ့ အိမ်ရှင်မိန်းမကြီးတစ်ယောက်အကြောင်းဒရာမာလေးဖြစ်ပါတယ်။ ပီကင်းအော်ပရာဇာတ်အဖွဲ့ဝင်ဟောင်း ဆရာမချန်ဟာ ခင်ပွန်းဆုံးသွားပြီးနောက်ပိုင်း တစ်ယောက်ထဲအထီးကျန်တဲ့ ဘဝကိုဖြတ်သန်းရင်း တစ်နေ့မှာ သူ့ရဲ့အိမ်ခန်းကိုငှားဖို့ဆုံးဖြတ်လိုက်တယ်။မရေရာတဲ့အနာဂတ်တွေနဲ့ လူငယ်လေး(၃)ယောက်ကသူ့ရဲ့အိမ်မှာလာငှားနေကြတယ်။ ရှေးရိုးဆန်ပြီး အထီးကျန်နေတဲ့ ဂွကျတဲ့မိန်းမကြီးတစ်ယောက်နဲ့ ဘဝကိုဖြစ်သလိုကျော်ဖြတ်ရင်း ဝေဝေဝါးဝါးဖြတ်သန်းနေတဲ့ လူငယ်လေးတွေဟာ ကမောက်ကမနဲ့သံယောဇဉ်တွေဖြစ်ပြီး အတူနေထိုင်ရင်း လောကဒဏ်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ခုခံပြီး ဖြတ်သန်းကြတဲ့ ဒရာမာလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie
Buddha Mountain ( 2010 )
7.9
Hero (2002)
Hero (2002) IMDb - 7.9/10_____Rotten - 95% Hero (2002) ………………… Hero (သူရဲကောင်း) ဆိုတာ ဘယ်လိုလူမျိုးတွေကို ရည်ညွှန်းပါသလဲ? တဦးတယောက်ကနေ ပြိုင်ဘက်အများကြီးကို အလဲထိုးအနိုင်ယူသူတွေကို ခေါ်ပါသလား? ကိုယ်ကျိုးကို မငဲ့ဘဲ အများအတွက် စွန့်လွှတ်စွန့်စားသူများကို ဆိုလိုပါသလား? Hero (2002 film) ကို ကြည့်ပြီးရင်တော့ အဖြေတခုခု ထွက်လာနိုင်ပါတယ်။ Hero ရုပ်ရှင်ကို စပြီးကြည့်ဖူးစက ယုတ္တိမတန်တဲ့ သာမန်တရုတ်သိုင်းကားတကားလို့ပဲ ထင်ခဲ့မိပါတယ်။ နောက်ကြောင်းက ခဏခဏပြန်ပြ၊ ဒီကြားထဲစိတ်ကူးထဲမှာပါ သိုင်းကွက်တွေထုတ်နဲ့ … အလေးအနက်မကြည့်မိခဲ့ပါဘူး။ နောက်ပိုင်းမှာ အော်စကာ ဆန်ကာတင်စာရင်းမှာ နိုင်ငံခြားဇာတ်ကားအနေနဲ့ ပါလာတော့မှ စိတ်ဝင်စားသွားလို့ သေချာပြန်ကြည့်ဖြစ်ပါတယ်။ စွမ်းအားလွန်သိုင်းကွက်တွေကို ဖယ်ပြီးကြည့်မယ်ဆိုရင် အနှစ်သာရရှိတဲ့ ဇာတ်ကားလို့မြင်မိပါတယ်။ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖို့အတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက် (Long Sky, Flying Snow, Broken Sword) ကို နှိမ်နှင်းခဲ့ရတယ်လို့ ဆိုပါတယ်။ *Spoiler ...
movie
Hero (2002)
2002