Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liu Baisha
6.7
Only the River Flows (2023)
ဒီရုပ်ရှင်က ယုဟွာရဲ့ Mistakes by the Riverဆိုတဲ့ဝတ္တုတိုကို ဝေရှုကျန်က ပြန်ရိုက်ထားတာ။ ၁၉၉၀ခုနှစ်တွေတုန်းက ကျန်းရိမူက ဒီဝတ္တုတိုကို ပြန်ရိုက်ချင်ခဲ့တယ်။ယုဟွာစကားအရတော့ ကျန်းရိမူတို့က အချိန်တော်တော်ယူပြီးဇာတ်ညွှန်းရေးကြည့်ခဲ့ကြပေမဲ့ ဘယ်လိုရိုက်ရမလဲ တွေးမရခဲ့ကြဘူးတဲ့။ဒီအချိန်မှာ ယုဟွာက ကျန်းရိမူကို တခြားဇာတ်လမ်းတစ်ပုဒ် အစားပေးလိုက်တယ်။အဲဒီဇာတ်လမ်းက To Live။ ကျန်းရိမူ ရိုက်ဖို့တွေးမရခဲ့တာက ဆန်းလည်းမဆန်းဘူး။ဒီဇာတ်ရဲ့ အသွားအလာအရ ကျန်းရိမူဟန်နဲ့တော့ ပြေမယ်မထင်ဘူး။နောက် ဒီဇာတ်က ခိရိုရှိကူရိုဆာဝါရဲ့ Cure (1997) အငွေ့အသက်ရနေတယ်။Cureနဲ့ ဆင်တယ်ပြောရင်ပိုမှန်တယ်။ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းပါ သွားဆင်တယ်။ဒါပေမဲ့ ဝတ္တုတိုနဲ့ အဲဒီဇာတ်အပိတ်က နည်းနည်းမှမတူဘူး။ Cureနဲ့ပဲ သွားတူနေတယ်။ဇာတ်လမ်းအမျိုးအစားက neo-noir art film လည်းဟုတ် Psychological Thrillerလည်း ဟုတ်နေတော့ဒီလိုင်းရဲ့ ဂုရုဖြစ်တဲ့ ခိရိုရှိအငွေ့မကင်းဘူးတာလည်း မဆန်းလောက်ဘူး။ပုဂ္ဂလိက အမြင်အရတော့ ကျန်းရိမူမရိုက်နိုင်ခဲ့တဲ့ကားကို ဝေရှုကျန်က ပြန်ရိုက်နိုင်ခဲ့ပေမဲ့ဒါကလည်း သူ့ရှေ့ခေတ်အဆက်ဆက်ရဲ့ကျေးဇူးနဲ့တော့ မကင်းလောက်ဘူး။ ဆိုပေမဲ့လည်း ဒီလိုကားကို ပိုင်နိုင်အောင် ရိုက်နိုင်ခဲ့တဲ့ ဝေရှုကျန်ကလည်းနောက်ကားသစ်တွေကို စောင့်မျှော်ရမယ့် ...
movie
Only the River Flows (2023)