Channel Myanmar

Lisa Norton

Luckless in Love (2023)
Luckless in Love (2023) တကယ်လို့ သင်ဟာ အချစ်အကြောင်းကိုရေးတဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်နေမယ်ဆိုပါတော့။ ဘယ်လိုအကြောင်းတွေကို ‌ရေးဖြစ်မယ်၊ ရေးချင်လည်းဆိုတာကို အက်ဒမင်စိတ်ဝင်စားမိပါတယ်။ အက်ဒမင်သာ အချစ်အကြောင်းရေးတဲ့ စာရေးဆရာမ ဘလော့ဂါတစ်ယောက်သာဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အတွေ့အကြုံတွေ၊ သူပြုံးလိုက်တိုင်း ရင်တွေမတရားခုန်နေတတ်တဲ့ အကြောင်းတွေကနေ သားသားမီးမီးလေးတွေနဲ့မိသားစုဘဝကြီးရတဲ့အထိရေးမိမှာပါဘဲ။ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဝင်နီဆိုတဲ့ ဘလော့ဂါလေးကတော့ ထူးထူးခြားခြားမိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်။ “အချစ်ကံခေသူ” ဆိုတဲ့ ကလောင်နဲ့ သူမရဲ့တွဲခဲ့သမျှအမျိုးသားတွေနဲ့ အလွဲလွဲအချော်ချော် ဒိတ်တွေကို သူမရဲ့လူသိမများတဲ့ ဘလော့မှာ ရေးနေသူတစ်ယောက်ပေါ့။ သူမရဲ့အကြီးမားဆုံးအိမ်မက်က နာမည်ကျော် စာရေးဆရာမဖြစ်ဖို့ပါဘဲ။တစ်ရက်မှာတော့ သူမရဲ့လုပ်နိုင်စွမ်းကိုပြဖို့ အခွင့်အရေး ပေါ်လာပါတော့တယ်။ အခွင့်အရေးရဖို့အရင်းအနှီးကတော့ သူမခဏတာ ချိန်းတွေ့ဖူးတဲ့လူရှုပ်တစ်ယောက်ကို ဆက်တွဲပြီး အဲ့ဒီလူရဲ့ ကမောက်ကမနိုင်မှုတွေကို ဆောင်းပါအနေနဲ့ရေးပေးရမှာပါ။ ဟိုလ်ဒန်ဆိုတဲ့ အင်္ဂလန်သား မုဆိုးဖိုကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့မဆိုရရုံတစ်မယ် မိန်းကလေးတွေကို ဆွဲဆောင်နိုင်လွန်းသူ အားကစားအေးဂျင့်တစ်ယောက်ပါ။ အင်္ဂလိပ်လေသံဝဲဝဲနဲ့ခန့်ချောကြီးကို ဘယ်သူလွန်ဆန်နိုင်ပါ့မလည်း?ဒါပေမယ့်သူနဲ့တွဲခဲ့တဲ့ မိန်းကလေးတွေက သူ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးတာနဲ့ ထွက်ပြေးကုန်ကြလို့ နှင်းဆီခိုင်ကနေ အိုင်တွေ့ရင်ခြေဆေးတတ်တဲ့လူ ...
movie

Luckless in Love (2023)