Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lisa Lu
7.6
Lust, Caution (2007)
Lust, Caution (2007)IMDb Rating (7.6) / Rotten Tomatoes (73%)အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို ...
movie
Lust, Caution (2007)
2007
6.1
Rally Road Racers (2023)
Rally Road Racers (2023)ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။ အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။ဇာတ်လမ်းအကျဉ်းလိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာ ပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။ အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။ အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။ အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p File size… 1.5GB | ...
movie
Rally Road Racers (2023)
2023
6.8
Invisible Target(2007)
Invisible Target(2007) အညွှန်း**************************ဟောင်ကောင် action ဇာတ်လမ်းကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ် ပိုစတာကြည့်လိုက်တာနဲ့တင် အရမ်းကြီးညွှန်းစရာမလိုဘူးထင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jaycee Chan ၊ Nicholas Tse ၊ Wu Jing တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်အရမ်းကောင်းမယ်ဆိုတာပြောစရာတောင်လိုမယ်မထင်ဘူး ဇာတ်လမ်းအစပိုင်း အမျိုးသမီးတစ်ယောက် လက်ထပ်လက်စွပ်ဝယ်နေတယ်၊သူနဲ့မလှမ်းမကမ်းလမ်းမပေါ်မှာ ဘဏ်ရဲ့လုံခြုံရေးထရပ်ကားတစ်စီးကလမ်းပိတ်လို့ရပ်နေတယ်.၊သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ကားကိုဗုံးတစ်လုံးကပ်လိုက်တယ်။ရှေ့ရောနောက်ရောမှာဗုံးတွေထပ်ကပ်လိုက်တယ်။ နောက်မှာဗုံးကပေါက်ကွဲသွားတယ်၊လက်စွပ်ကြည့်နေတဲ့အမျိုးသမီးအပါအဝင်အခြားသူတွေပါ သေဆုံးသွားတယ်၊အဲ့ဒီအမျိုးသမီးက ချန်ကျွမ်ဆိုတဲ့ရဲအရာရှိတစ်ယောက်ရဲ့ဇနီးလောင်းဖြစ်နေတယ်၊အဲ့ဒီနောက်ဆက်တွဲအနေနဲ့ ဘယ်လိုတွေပွဲကြမ်းမလဲဆိုတာကိုတော့... File Size : (4.2GB) (1.2 GB) and (483 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:45:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Invisible Target(2007)
5.8
2012 (2009)
လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အမှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie
2012 (2009)
7.7
The Last Emperor (1987)
The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။ အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie
The Last Emperor (1987)
1987
7.5
Crazy Rich Asians (2018)
ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူးဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ ...
movie
Crazy Rich Asians (2018)
2018