Channel Myanmar

Lisa Cunningham

Daybreakers (2009) 6.5
Daybreakers (2009) Daybreakers (2009) IMDB: 6.4Rotten Tomatoes: 69%Metacritic: 57%Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့်လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။သွေးသောက်၊ အသက်ရှည်တာကလွဲရင်ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှသွေးဟာလည်းရှားပါးလာပါတယ်။အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက်ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်းလူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawkeလိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoeမစ္စတာဘရွန်လေအဖြစ် မင်းသား  Sam Neill တို့ကအားဖြည့်သရုပ်ဆောင်ထားကြပါတယ်။  File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv ...
movie

Daybreakers (2009)

2009
4K HEVC