Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lisa Banes
6.4
A Cure for Wellness (2016)
A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie
A Cure for Wellness (2016)
6.1
Dragonfly (2002)
Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ "အမ်မလီရဲ့ ဂျိုး" လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ ...
movie
Dragonfly (2002)
6.8
Young Guns (1988)
Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie
Young Guns (1988)
1988
8.1
Gone Girl (2014)
IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie
Gone Girl (2014)
4K HEVC