Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lionnel Astier
5.0
The Infallibles (2024)
Fast and Furious ထဲကလို လမ်းမပေါ်မှာ ကျည်ကာကားတွေကိုဖြတ်တိုက်ပြီး လုယက်တာတွေကိုသဘောကျတယ် မှုခင်းစုံထောက်ဇာတ်ကားတွေကိုလည်း သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းတာမျိုးတွေကိုမှ သဘောကျတယ်ဆိုရင်အခုတင်ဆက်ပေးမဲ့ Les Infaillible ဆိုတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကိုရွေးချယ်ကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်အမျိုးအစားမှာဟာသလို့ရေးထားပေမဲ့အက်ရှင်တွေ မှုခင်းတွေကိုပါအချိုးကျကျတင်ဆက်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီးပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်းသူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက်သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူနေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေတစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင်ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာကတစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစားမနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုကအမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီးဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြပေမဲ့အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီးနှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 878MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
The Infallibles (2024)
6.7
Asterix: The Mansions of the Gods(2014)
Asterix: The Mansions of the Gods(2014)**************************************ရောမဘုရင် ဂျူးလီယက် ဆီဇာဟာတိုက်ပွဲတိုင်းကိုနိုင်ကာနယ်မြေများစွာသိမ်းပိုက်နိုင်ပေမဲ့လည်း ဂေါလ်လူမျိုးတွေနေထိုင်ရာအာမိုးရခ်ဒေသကရွာလေးကိုတော့ မသိမ်းပိုက်နိုင်ပါဘူး။ အကြောင်းအရင်းကတော့ ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့က ကာကွယ်ပေးနေလို့ပါပဲ။ ရွာကဆရာတော်ရဲ့မှော်ဆေးရည်အစွမ်းကိုလည်းကြောက်ရသေးတာကိုး။ ဒီဇာတ်ကားမှာတော့ ဘုရင် ဆီဇာဟာ အာမိုးရခ်ဒေသကတောအုပ်ထဲမှာ သူ့အိမ်တော်လာဆောက်ချင်တာပါ။ ဘုရင်ဖြစ်တဲ့အတိုင်း အတင်းအကြပ်လာဆောက်တော့ နယ်ခံဖြစ်တဲ့ အက်စတီးရခ်တို့ကလည်း တောအုပ်ကိုကာကွယ်ရင်း ရွာသားတွေနဲ့ ရောမသားတွေ ကြားအလွဲလွဲအချော်ချော်တွေကို ထိုင်ခွီရမယ့်ကားလေးပဲဖြစ်ပါတယ် File Size : (1.3GB) and (652MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Asterix: The Mansions of the Gods(2014)
6.8
Kaamelott – The First Chapter(2021)
Kaamelott: First Installment (2021)ဒီဇာတ်ကားကတော့ 2005 ကနေ 2009 အထိ season 6ခုထွက်ထားတဲ့ Kaamelott seriesရဲ့ Sequel movie ပဲ ဖြစ်ပါတယ်Kaamelott seriesကတော့ King Arthur ရဲ့ ဒဏ္ဍာရီကို ဟာသ ဆန်ဆန် ရိုက်ကူးထားတဲ့ ပြင်သစ် seriesတစ်ခုပဲ ဖြစ်ပါတယ်ဒီဇာတ်ကားကတော့ ထိုseries နောက်ပိုင်းမှာ အခြေတည်ပြီး Adventure / Fantasyအမျိုးအစားပေမယ့် Comedyလည်း ရောထားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်Kaamelott series အပြီးမှာတော့ ဘုရင်အာသာ ဟာ စိတ်ကျရောဂါကို ခံစားနေရတာကြောင့်ကမ်းမလော့က သူ့ရဲ့ ပုလ္လင်ကို ဖယ်ပေးပြီး အဇ်ကယ်လီဘာ ဓားကိုလည်း ယူခဲ့တဲ့ ကျောက်တုံးထဲမှာ ပြန်စိုက်ထားခဲ့ပါတယ်ထိုအချိန်မှာပဲ အာသာရဲ့ သူငယ်ချင်းဟောင်းဖြစ်သလို အဖော်မွန်လည်း ဖြစ်တဲ့ လန်စီလော့ဟာအာသာရဲ့ ရန်သူတော် မယ်လဂန့် ရဲ့ လွှမ်းမိုးမှုကြောင့် ...
movie
Kaamelott – The First Chapter(2021)
2021
7.0
Asterix: The Secret of the Magic Potion (2018)
ပနော်မိဇ်လို့ခေါ်တဲ့ ဆရာတော်တစ်ပါး သစ်ပင်ပေါ်က ပြုတ်ကျသွားလို့ သူ့ကိုယ်သူ အရမ်းအသက်ကြီးပြီး ဆရာတော်မဖြစ်တော့ဘူးလို့ ယူဆလာတော့ သူ့ရဲ့နေရာ ဆက်ခံမဲ့သူ တစ်ယောက် ရှာဖွေဖို့ နယ်မြေပေါင်းစုံကို ခရီးနှင်ပါတော့တယ် ...ပနော်မိဇ်ဆိုတာ သူ့ရဲ့ အစွမ်းတိုးစေတဲ့ မှော်ဆေးရည်ကြောင့် လူတွေ ကြည်ညိုလေးစားရတဲ့ ဆရာတော်တစ်ပါးပါ သူ့နေရာဆက်ခံသူကို သူ့ရဲ့မှော်ဆေးရည်စပ်နည်းပါ ပေးမှာဖြစ်တာကြောင့် မသာမာသူလက်ထဲ ရောက်သွားရင် အရမ်းကို အန္တရာယ်များလွန်းလို့ သူ့နောက်လိုက်တွေကတော့ ဆက်ခံသူမရှာစေချင်ပါဘူး...ဒါပေမဲ့လည်း ပနော်မိဇ်ကတော့ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ ဆက်ခံသူရှာဖို့ ခရီးပြုတဲ့အခါမှာ သူတို့ကြုံတွေ့ရမဲ့ အခက်အခဲတွေ သူတို့ကို အနိုင်သိမ်းချင်နေတဲ့ ရောမတပ်သားတွေရဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အတူကြည့်ကြရအောင်ပါ။IMDb Rating ကတော့ 6.9/10 ပါ။(ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ SCRN ဖြစ်ပါတယ်) File size__( 750 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__6.9/10 Format__mp4 Duration__01:24:55 Type__Adventure, Animation, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by SCRN Encoded by Naing Aung Latt
movie
2018