Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lindsey G. Smith
6.9
Kinds of Kindness (2024)
အမ်မာစတုန်းနဲ့ ဝီလီယံဒဖိုးရဲ့ Poor Things စတိုင် နောက်ထပ်Dark Comedy အသစ်လာပါပြီ။ ဒါရိုက်တာကလည်း Poor Things၊The Favourite နဲ့ The Killing of a Sacred Deer ကိုဖန်တီးခဲ့တဲ့ Yorgos Lanthimos ပါပဲ။သူ့ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း နောက်ကွယ်က အဓိပ္ပါယ်ကိုတွေးချင်သလိုတွေး၊ ယူဆချင်သလိုယူဆ၊ မတွေးချင်လည်းမေ့ပစ်လိုက်၊ ငါတော့ ငါပြချင်တာ ပြပြီးပြီ ကျန်တာသောက်ဂရုမစိုက်ဘူးဆိုတဲ့ စတိုင်နဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဒီရုပ်ရှင်က ၂ နာရီ ၄၅ မိနစ်ကြာမြင့်ပြီး အပိုင်း-၃ ပိုင်း တည်ဆောက်ထားပါတယ်။ တစ်ပိုင်းချင်းဆီမှာ ဝက်သာဖက် ဝက်သာဖက်ဆိုပြီးရွတ်ပြီး ကြည့်ရမဲ့ ဇာတ်လမ်းတွေ ပါပါတယ်။အများကြီးလည်းမညွှန်းချင်ပါဘူး ခေါင်းကိုက်လို့ပါ။ပထမပိုင်းမှာ လူတစ်ယောက်ကိုအလုပ်ခန့်ပြီး တစ်ဘဝလုံးစာ စားချိန်၊အိပ်ချိန်၊ အဝတ်အစား၊ နေစရာ၊ မိန်းမယူတာ၊ ကလေးယူမယူ၊လိင်ဆက်ဆံချိန်ကအစ လိုက်ထိန်းချုပ်ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြတာပါ။ သူနဲ့ထိန်းချုပ်ခံကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေပေါ့။ဒုတိယပိုင်းက လှေမှောက်ပြီး ...
movie
Kinds of Kindness (2024)
4K HEVC
6.0
Parallels (2015)
လွန်ခဲ့တဲ့ ၉ နှစ်က ထွက်ရှိခဲ့တဲ့ sci-fi ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Parallel ဆိုတာ မြန်မာလိုဆိုရင် အပြိုင်ပေါ့။ အပြိုင်ဆိုတဲ့အတိုင်း ဒီရုပ်ရှင်က Parallel Universe အပြိုင်စကြာ၀ဠာထဲက တခြားကမ္ဘာတွေနဲ့ပတ်သက်တဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သိပ္ပံကားတွေ၊ စူပါဟီးရိုးရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေဆိုရင်တာ့ ဒီလိုအရာတွေနဲ့ရင်းနှီးကြမှာပါ။အပြိုင်စကြာ၀ဠာဆိုတာ ကျွန်တော်တို့စကြာ၀ဠာနဲ့ အပြိုင်တည်ရှိနေပြီး ဒီစကြာ၀ဠာထဲက ကမ္ဘာတွေဟာလည်း ကျွန်တော်တို့ကမ္ဘာနဲ့ အနည်းနဲ့အများ တူညီနေကြပါတယ်။ ဥပမာပေးရရင် ကျွန်တော်တို့ကမ္ဘာမှာ အပြိုင်စကြာ၀ဠာထဲက ကမ္ဘာ ၁ ထက် ပုရွက်ဆိတ်လေးတစ်ကောင်ပဲပိုများပြီး တည်ရှိနေပြီး ကွာခြားနေနိုင်သလို ကမ္ဘာ ၅ မှာတော့ နည်းပညာတွေအရမ်းတိုးတက်ပြီး ကားပျံတွေပါပေါ်နေတာမျိုး အစရှိသဖြင့် မဖြစ်စလောက် ကွာခြားချက်လေးကနေ အကြီးကြီးအထိရှိနေနိုင်ပါတယ်။ဒီနေရာမှာ အချိန်ခရီးသွားတာနဲ့မတူတာက အပြိုင်ကမ္ဘာတွေမှာက timeline အချိန်စီးကြောင်းတွေက အတူတူဖြစ်နေပြီး ဒီကမ္ဘာမှာ ခင်ဗျားက အသက် ၃၀ ဆိုရင် တခြားကမ္ဘာမှာလည်း အသက် ၃၀ ပဲဖြစ်နေမှာပါ။ ...
movie
Parallels (2015)
Fast Charlie (2023)
ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါFile size…(1.4 GB)/(760 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Fast Charlie (2023)
6.7
2 Guns (2013)
2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie
2 Guns (2013)
2013
4K HEVC
6.6
Black or White (2014)
ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံးရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie
Black or White (2014)
6.2
Happy Death Day 2U(2019)
Happy Death Day 2U(2019) IMDb.....6.2 ဒီကားက 2017 တုန်းကထွက်ရှိခဲ့တဲ့ Happy Death Day ရဲ့အဆက်ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားမှာ တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Dayကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။ေ့ရှကားကြည့်ဖူးတဲ့သူတွေလည်း ဆက်အားပေးလို့ ...
movie
Happy Death Day 2U(2019)
2019