Channel Myanmar

Linda Blair

The Exorcist (1973) 8.1
The Exorcist (1973) The exorcist (1973)IMDb rating - 8.1/10ဒီဇာတ်လမ်းလေးကတော့ “World No.1 horror film” လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင် Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင် ခုထိလည်း ‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ’ ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင် ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အပြုအမူတွေထူးဆန်းလာတယ်၊ ကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။(သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ...
movie

The Exorcist (1973)

Exorcist II: The Heretic (1977) 3.8
Exorcist II: The Heretic (1977) 1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီးဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီးဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာကုသမှုခံယူနေဆဲဖြစ်ပါတယ်။ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကိုအသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာဒီကားထဲမှာ အဖြေကို ရမှာပါ။ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့်Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။File size…  3.65 GB /  1.14 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Exorcist II: The Heretic (1977)

1977
The Exorcist: Believer(2023) 6.7
The Exorcist: Believer(2023) The Exorcist: Believer(2023)************************* ဇာတ်လမ်းအကျဉ်းဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီးဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ....ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကိုကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ...
movie

The Exorcist: Believer(2023)

4K HEVC
Scream (1996) 7.3
Scream (1996) Scream 1996 အညွှန်း ================ Horror, Mystery ပရိတ်သတ်တွေအတွက် 90s ခေတ်က rating လည်းကောင်းကောင်းရထားတဲ့ ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်။ Horror အမာခံပရိတ်သတ်တွေ ဆိုရင်တော့ Scream 1996 က အထူးညွှန်းနေစရာ မလိုပါဘူး။ အခုနောက်ပိုင်းထွက်တဲ့ horror ကားတွေနဲ့ ဒီကားနဲ့ ကွာခြားချက်ကို ပြောပါဆိုရင် သူက supernatural ဆန်ဆန် သရဲတွေ နာနာဘဝတွေမပါဘဲ mystery အသားပေးထားပြီး လူသတ်သမားက ဘယ်သူများဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ်ကြည့်ရတဲ့ဖီလင်ကိုပေးတဲ့ ကားမျိုးပါ။ ဒီကားက ထွက်ပြီးပြီးချင်းပဲ horror ရုပ်ရှင်တွေကြားထဲမှာ ဇာတ်လမ်းတည်ဆောက်ပုံရော ဇာတ်ရှိန်ထိန်းသွားတာရောကောင်းလွန်းလို့ နာမည်အရမ်းကြီးခဲ့တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင်တော့ ဆစ်ဒနေဆိုတဲ့ ကောင်မလေးဟာ သူမရဲ့အမေကို မုဒိန်းကျင့်ပြီးလူသတ်မှုတစ်ခုမှာ တစ်ခုမှာ ဆုံးရှုံးခဲ့ရတာပါ။ အဲလိုနဲ့ စိတ်ဒဏ်ရာရနေတဲ့ ဆစ်ဒနေဟာ ဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတုန်း ၁ နှစ်ပြည့်သွားတဲ့အချိန်မှာပဲ သူ့အမေတုန်းကလို လူသတ်မှုတွေ ဖြစ်လာပါတော့တယ်။ ထူးဆန်းတာက သူ့အမေကိုသတ်ခဲ့တယ်လို့ သံသယရှိသူကို ထောင်ထဲထည့်ပြီးသွားပြီ ဖြစ်နေလို့ပါ။ ဒီတော့ အခုဖြစ်လာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူတွေလဲ? သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ? အရင်လူသတ်မှုနဲ့ ...
movie

Scream (1996)

1996