Channel Myanmar

Lin Shaye

Buster’s Mal Heart (2016) 6.1
Buster’s Mal Heart (2016)  "Buster's Mal Heart" ရုပ်ရှင်ကတော့ ဒါရိုက်တာSarah Adina Smith က ကိုယ်တိုင်ရေးသားပြီးဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက်ကူးထားတဲ့ surrealistလျှို့ဝှက်ဆန်းကြယ်ဇာတ်ကားကောင်းဖြစ်ပါယတ်။Fredie Mercury ရဲ့ ဘဝအတ္ထုပတ္တိရုပ်ရှင်မှာ FredieMercury အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rami Malek ကဒီကားမှာ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ ဝေးလံခေါင်သီတဲ့အသိုက်အဝန်းကလူမနေတဲ့ အပန်းဖြေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီးဆောင်းရာသီမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ Jonah လို့အမည်ရတဲ့ တောင်ပေါ်လူသားတဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ပင်လယ်ထဲမှာ ပျောက်ဆုံးသွားတဲ့ခြောက်လှန့်မှုတွေနဲ့ သူ့ရဲ့အတိတ်င မိသားစုဘဝဟောင်းမှအမှတ်ရစရာတွေနဲ့အတူ Jonah ဟာ ရုန်းကန်နေရတာဖြစ်ပြီး"Buster" လို့ခေါ်တဲ့ နာမည်ပြောင်နဲ့ ရေဒီယိုအစီအစဉ်နဲ့ဟောပြောပွဲတွေကို ပုံမှန်ဖုန်းခေါ်ဆိုလေ့ရှိသူပါ။ဒီရုပ်ရှင်သည် အတိတ်နှင့် ပစ္စုပ္ပန်ကာလကို ပေါင်းစပ်ဖန်တီးထားပြီး နှင်းတွေထူထပ်တဲ့ တောင်ပေါ်မှာ တဦးတည်းနေထိုင်တဲ့‌ဒါမှမဟုတ် သမုဒ္ဒရာအလယ်က လှေငယ်တစင်းထဲမှာ တကိုယ်တည်းကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သရုပ်ဖော်ထားတာဖြစ်ပါတယ်။ File size…1.39GB / 647MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 36m Genre ….. Crime ...
movie

Buster’s Mal Heart (2016)

Boat Trip (2002) 5.0
Boat Trip (2002) Boat Trip (2002) ==============ဂေးပေါင်းငါးထောင်မကပါတဲ့ သင်္ဘောကြီးလာပါပြီ။ ဂျယ်ရီက ချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်ကာမှအငြင်းခံရလို့ လတ်တလောအသည်းကွဲ နေတဲ့သူပါ။ သူ့သူငယ်ချင်းဖြစ်သူနစ်ခ်ဆိုတဲ့ငနဲကလည်း ချိန်ပါတစ်ယောက် ဖြစ်ပြီး အခုချိန်မှာတော့ ဘော်ဒါနှစ်ယောက်လုံးရည်းစားလက်မဲ့ဘ၀နဲ့ငုတ် တုတ်မေ့နေပါတယ်။တစ်နေ့တော့ကျောင်းတုန်းက ဂေါ်မစွံဖြစ်ခဲ့တဲ့ သူငယ် ချင်းတစ်ယောက်နဲ့နစ်ခ် ပြန်ဆုံချိန်မှာ အဲ့ဒီငနဲက အမိုက်စားအမျိုးသမီးတစ် ယောက်ကိုရထားတာတွေ့လိုက်ပါတယ်။အရမ်းစိတ်ဝင်စားသွားတဲ့ နစ်ခ်က မေးမြန်းစုံစမ်းရင်း FA တွေချည်းပါတဲ့ အပျော်သင်္ဘောခရီးစဉ်တစ်ခုမှာ အဲ့ဒီအမျိုးသမီးနဲ့ ဖူးစာဆုံခဲ့ကြောင်းသိလိုက် ရတဲ့နောက်မှာ သင်္ဘောစီးခရီးထွက်ဖို့ချက်ချင်းပဲစုံစမ်းပါတော့တယ်။ ဒါပေမယ့် လည်း အလွဲလွဲအချော်ချော်နမော်နမဲ့နဲ့ သူတို့နှစ်ယောက်လိုက်ပါလာတဲ့ သင်္ဘော ကြီးဟာ ဂေးသင်္ဘောကြီးဆိုတာ ကမ်းကခွာမှပဲသိလိုက်ရတဲ့အခါမှာတော့..။သင်္ဘောပေါ်မှာပါလာတဲ့ ဂေးတစ်သိုက်နဲ့ မိန်းမငမ်းငမ်းတက်လိုချင်နေတဲ့ Straight နှစ်ယောက်ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက် ကြပါ။Roselyn Sanchez တို့ Vivica A. Fox တို့လိုအမိုက်စားမင်းသမီးတွေခေါင်း ဆောင်ပါဝင်ထားပြီး Insidious ဇာတ်ကားတွဲတွေထဲက နတ်ဝင်သည်အဘွားကြီး Lin Shaye ကိုဒီဇာတ်ကားမှာ စရိုက်တစ်မျိုးနဲ့တွေ့မြင်ရမယ့်အပြင် ဂျိမ်းစ်ဘွန်း မင်းသားဟောင်းကြီး Roger moore ကိုလည်း ဂျိမ်းစ်ဘွန်းအငြိမ်းစားဂေးဗားရှင်းနဲ့ တွေ့မြင်ရမှာပါ။ Euro Trip, Road trip တို့ထက်မလျော့တဲ့ Boat Trip ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Boat Trip (2002)

Chillerama (2011) 5.6
Chillerama (2011) (ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ)Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့ Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။ ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ...
movie

Chillerama (2011)

Cellular (2004) 6.5
Cellular (2004) ဒီရုပ်ရှင်ကားကို ဘောလိ၀ုဒ် နဲ့ တစ်ခြားနိုင်ငံတွေက Remake ပြန်ရိုက်ကြတယ်ဗားရှင်းပြောင်းသွားပေမဲ့ ကြည့်ရတဲ့ ကားတိုင်းက မရိုးခဲ့ဘူး...ဒီရုပ်ရှင်ကားမှာ Captain America လို့ လူသိများကြတဲ့မင်းသားချော Chris Evans ပါဝင်သရုပ်ဆောင်ထားပြီးFast & Furious ကားတွေ နဲ့ လူပိုသိကြတဲ့ ဂတုံးမင်းသား Jason Statham ကဗီလိန်နေရာကနေ ကောင်းကောင်းကြီး သရုပ်ဆောင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်း ကတော့ဂျက်ဆီကာ လို့ ခေါ်တဲ့ သားတစ်ယောက် အမေ ကျောင်းဆရာမတစ်ယောက်ဟာတစ်ရက်မှာ အိမ်မှာနေရင်း ကို အဖွဲ့တစ်ခုကနေ ပြန်ပေးဆွဲတာ ခံလိုက်ရပါတယ်သူမကို ပြန်ပေးဆွဲသွားပြီး အိမ်တစ်ခုရဲ့ ထပ်ခိုးပေးမှာ ဖမ်းချူပ်ထားခဲ့ပါတယ်ထိုအခန်းထဲမှာ ကြိုးဖုန်းတစ်ခုရှိနေပြီး ရစရာမရှိအောင် ထုချေခံထားရပါတယ်ပြန်ပေးသမားတွေ လွတ်တုန်း ဂျက်ဆီကာ တစ်ယောက် ဝိုင်ယာကြိုးတွေ လျှောက်ဆက်ရင်းဖုန်းတစ်လုံးဆီကို တန်းဝင်သွားခဲ့ပါတော့တယ်....ရိုင်ယန် ဟာ လောလောလတ်လတ် ဆော်ပစ်ခံထားရသူဖြစ်ပြီးဘ၀ကြီးကို ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေသူတစ်ယောက်ပါသူကြိုက်နေတဲ့ ကောင်မလေး နဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားနေတုန်းမှာပဲဂျက်ဆီကာ ...
movie

Cellular (2004)

2004
My Sister’s Keeper (2009) 7.3
My Sister’s Keeper (2009)   မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister 's keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်​တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါ​တော့တယ်ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Drama, Family Subtitle….Myanmar ...
movie

My Sister’s Keeper (2009)

Insidious: The Red Door(2023) 6.7
Insidious: The Red Door(2023) Insidious: The Red Door(2023)***************************** နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲကနောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောကမကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့ Insidious 2011 Insidious: Chapter 2 2013 Insidious: Chapter 3 2015 Insidious: The Last Key 2018 Insidious: The Red Door 2023 တို့ပါပဲ။ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilsonကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကိုမေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ...
movie

Insidious: The Red Door(2023)

4K HEVC
A Cinderella Story(2004) 5.9
A Cinderella Story(2004) A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

A Cinderella Story(2004)

Dumb and Dumber(1994) 7.3
Dumb and Dumber(1994) Dumb and Dumber (1994) (အညွှန်း)==========================Legendary comedian ကြီး နှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့နှစ်ယောက်ပေါင်းပြီး စခွီတွေနဲ့နှောက်မယ့် “Dumb and Dumber.” IMDb rating 7.3/10 နဲ့ Box office မှာ $247 သန်းတောင်ရရှိခဲ့တဲ့အပြင် ၁၉၉၀ ခုနှစ်တွေရဲ့အကောင်းဆုံးစာရင်းဝင် comedy ကားတစ်ကားဖြစ်တာမို့ ကလိထိုးရယ်ရမယ့်ကားမဟုတ်တာတော့ ဧကန်ပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ Lloyd Christmas (Jim Carrey) နဲ့ Harry Dunne (Jeff Daniels) တို့နှစ်ယောက်က ဘာတစ်ခုမှကို အသုံးကျတာမရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေတစ်ဖြစ်လဲ ချာတူးလန်ငတုံးနှစ်ယောက်။ တစ်ယောက်က သူဌေးတွေရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာလုပ်တယ် .. တစ်ယောက်က ခွေး spa မှာလုပ်တယ်။ လက်ကြောမတင်းတဲ့ငတုံးနှစ်ကောင်ပါဆိုမှတော့ အလုပ်ကမြဲပါတော့မလား .. နဂိုတည်းက ပြုတ်စော်နံနေရာကနေ ...
movie

Dumb and Dumber(1994)

The Signal (2014) 6
The Signal (2014) The Signal (2014)IMDb 6, RT 61%နဲ့ ၂၀၁၄က ထွက်ရှိခဲ့တဲ့ Sci-fic, thriller ဇာတ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ DC's Titansမှာ ဒစ်ဂ​ရေဆင်အဖြစ် ပါ​ဝင်တဲ့ Brenton Thwaitesနဲ့ Ready Player One မင်းသမီး Olivia Cookeတို့ အဓိကပါဝင်ထားပါတယ်။ မထင်မှတ်ထားတဲ့plot twist​တွေနဲ့ ဇာတ်လမ်း ကလည်း အ​တော်​​လေး သွက်တာ​ကြောင့် ကြည့်​ပျော်တဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားပါပဲ။ ​MIT​ကျောင်းသား၃​ယောက်ဖြစ်တဲ့ နစ်၊ ​ဟေ​လေနဲ့ ဂျိုနာတို့ဟာ ​ကျောင်းရဲ့ နက်​ဝေါ့ဆာဗာကို ဟက်ခ်သွားခဲ့တဲ့ ​​နော်မတ်ဆိုတဲ့ ဟက်ကာကို သူတို့နည်း သူတို့ဟန်နဲ့ လိုက်လံရှာ​ဖွေ​နေ​သူ​တွေပါ။ ဒီလိုနဲ့တစ်​​နေ့မှာ ​နော်မတ်ဆိုသူရဲ့ IP addressကိုရပြီး ထိုတည်​နေရာအတိုင်း နီဗားဒါးကသဲကန္တာရတစ်ခုထဲ ဟက်ကာဖမ်း ထွက်ခဲ့ပါတယ်။ IPလိပ်စာကို​ရောက်မှပဲ ထောင်​ချောက်ဆင် ခံရမှန်းသိသွားပြီး သူတို့မ​ထင်မှတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စ​တွေကို နဖူး​တွေ့ ဒူး​တွေ့ရင်ဆိုင်ရပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Drama, Mystery, Sci-fi Quality…. 1080p | 720p | ...
movie

The Signal (2014)

2014
Frank and Penelope (2022) 5.3
Frank and Penelope (2022) Frank and Penelope ( 2022 )Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ...
movie

Frank and Penelope (2022)

The Running Man (1987) 6.6
The Running Man (1987) ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie

The Running Man (1987)

4K HEVC
New Nightmare (1994) 6.5
New Nightmare (1994) Wes Craven's The New Nightmare (1994) IMdb - 6.5/10, Rotten Tomatoes - 80%လောကကြီးထဲမှာ ဟိုးရှေးခေတ်ကတည်းကစပြီး ဘုရားသခင်ရဲ့ဖန်ဆင်းမှုတွေထဲမှာ ရောပြီးပါဝင်လာတဲ့ မကောင်းဆိုးဝါးဆိုတာ ရှိပါတယ်တဲ့။ သူက ခေတ်အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်လာခဲ့ပါသတဲ့။လူတွေက စိတ်ကူးစိတ်သန်းတွေထုတ်ပြီး ဇာတ်လမ်းတွေ ပုံပြင်တွေ ရေးဖြစ်တဲ့အချိန်မှာတော့ စာရေးဆရာတွေရဲ့ စိတ်ကူးဉာဏ်က မကောင်းဆိုးဝါးကို ဖမ်းယူပြီး ဇာတ်လမ်းထဲမှာ ထည့်ပိတ်လိုက်မိတယ်ဆိုပဲ။ ဇာတ်လမ်းမပြီးသေးသရွေ့တော့ မကောင်းဆိုးဝါးဟာ ဇာတ်လမ်းထဲမှာပဲ ပိတ်မိနေတာပေါ့။ ဇာတ်လမ်းပြီးသွားတဲ့အခါမှာတော့ မကောင်းဆိုဝါးက ပုံစံအသစ်နဲ့ပဲဖြစ်ဖြစ် ပုံစံအဟောင်းနဲ့ပဲဖြစ်ဖြစ် လောကကမ္ဘာအစစ်ထဲကို လွတ်မြောက်လာပါရောတဲ့။အခု Elm လမ်းပေါ်က အိပ်မက်ဆိုးဇာတ်ကားတွေထဲမှာ Freddy အဖြစ် ပိတ်မိနေတဲ့ မကောင်းဆိုးဝါးကြီးက Part 6 The Final Nightmare အပြီး ဇာတ်လမ်းအပြီးသတ်သွားတာကြောင့် လူ့လောကကို ထိုးဖောက်ဝင်လာဖို့ ကြိုးစားတဲ့အချိန်ပေါ့။ Freddy ...
movie

New Nightmare (1994)

1994
Ted Bundy: American Boogeyman (2021) 4
Ted Bundy: American Boogeyman (2021) သည်းထိပ်ရင်ဖိုကား​တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သတ်တို့အတွက် သီအို​ဒေါ​ရောဘတ်ဘန်ဒီ ရဲ့ ​နောက်တစ်ကား လာပါပြီ၁၉၇၀ခုနှစ်ပိုင်း​တွေမှာ အမျိုးသမီးငယ် အနည်းဆုံး ၃၀​ကျော်ကို မဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဘန်ဒီ... အပြင်ပန်းမှာ​တော့ ​ချော​မောဥပဓိရုပ်သန့်ပြန့်တဲ့ ဥပ​ဒေ​ကျောင်းသား​ဟောင်းဖြစ်​ပေမယ့် အတွင်းစိတ်မှာ ရာဂကြီးကြီနဲ့ တစ်ပါးသူရဲ့ နာကျင်မှုမှာ ​မွေ့​လျော်​ကျေနပ်တတ်တဲ့ တက်ဒ်ဒီ... "မြင်ဖူးသမျှထဲ ငါက ​သွေးအ​အေးဆုံး ​ခွေးမသားပဲ" လို့ ဝန်ခံသွားတဲ့ အ​မေရိကန်သမိုင်းရဲ့ အရက်စက်ဆုံး ကွင်းဆက်လူသတ်သမား တက်ဒ်ဘန်ဒီ... ဆိုရင် ရုပ်ရှင်ချစ် ပရိသတ်​တွေအတွက် မစိမ်းပါဘူးဒီကားမှာ​တော့ ဘန်ဒီရဲ့ ရက်စက်မှု​တွေကို ဇာတ်သိမ်း​ပေးချင်တဲ့ စုံ​ထောက် မစ်ချက်စ်နီ နဲ့ ​FBI ​အေးဂျင့် ​ရောဘတ်ရတ်စလာတို့ရဲ့ စုံစမ်းရှာ​ဖွေ ဖော်ထုတ်ပုံ​တွေကို မတူညီတဲ့ရှု​ထောင့်က​နေ ရိုက်ကူးတင်ဆက်ထားပါတယ်။Ted Bundy အကြောင်းဆိုရင် မင်းသားချော Zac Efron ပါဝင်တဲ့https://channelmyanmar.to/extremely-wicked-shockingly-evil-and-vile-2019/ဒီဇာတ်ကားကိုလဲကြည့်သင့်ပါတယ်..ပိုစုံလင်သိရမှာပါ။ File size…(1.6 GB) / (950 MB) / (500 MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated ...
movie

Ted Bundy: American Boogeyman (2021)

Insidious: The Last Key (2018) 5.8
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: The Last Key (2018)

2018
Insidious: Chapter 3 (2015) 6.1
Insidious: Chapter 3 (2015) ကွင်း ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာသူမ ရဲ့ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူ နှင့် အဆက်အသွယ်ရရှိနိုင်ဖို့ပရလောက ဖြင့် ချိတ်ဆက်ပေးနိုင်သူ ပညာရှင် အဲလိစ် ထံ ရောက်ရှိခဲ့ပါတယ်အဲ့ဒီ အချိန်မှာ အဲလိစ် ဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးခါစ အခြေအနေဖြစ်တဲ့အတွက်အလုပ်ခက်ခံပေးဖို့ ငြင်းဆိုလိုက်ပါတယ်...အဲ့ဒီနောက် ကွင်းဟာ စာအုပ်တစ်ချို့ကို ဖတ်ပြီး သူမဘာသာဝိဉာဉ် ဆင့်ခေါ်တဲ့ အရာတွေကို စမ်းသပ်ခဲ့ပါတယ်...တကယ်လဲ အလုပ်ဖြစ်ခဲ့ပါတယ် ဒါပေမယ့် ရောက်ရှိလာခဲ့တာကတော့သူမ ရဲ့ အမေမဟုတ်ပဲ အလွန်အင်မတန် ဆိုးဝါးတဲ့ လူသတ်ကောင်မကောင်းဆိုးဝါး အကြီးစား တစ်ကောင် ဖြစ်နေခဲ့သောအခါ....ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: Chapter 3 (2015)

2015
Insidious (2010) 6.8
Insidious (2010) အေးချမ်းသာယာနေတဲ့ မိသားစုလေးဟာ အိမ်အသစ်တစ်ခုကို ပြောင်းလာခဲ့တယ်အရမ်းချစ်ကြတဲ့ ဂျော့ချ် တို့ လင်မယား ရယ် ကလေး ၃ ယောက်ရယ်ပေါ့တစ်နေ့မှာတော့ အကြီးဆုံးသားဖြစ်သူ ဒေါလ်တွန် တစ်ယောက်အိပ်နေစဉ် အချိန်တွေမှာ မကောင်းဆိုးဝါးတွေကို မြင်နိုင်ခဲ့ပြီးထို မကောင်းဆိုးဝါးတွေကလဲ လူ့လောက ကို ကူးလာဖို့အတွက်ဒေါလ်တွန် ရဲ့ ခန္ဓာကိုယ် ကို လိုချင်တဲ့အတွက် မိသားစု ကို အမျိုးမျိုး ဒုက္ခပေးပါတော့တယ်တစ်နေ့မှာတော့ သူတို့ ရလုဆဲဆဲ အခြေအနေကို ရောက်ရှိလာပါတော့တယ်ပရလောက ကို မယုံတဲ့ ဂျော့ချ် ဟာ ပရလောက နှင့် အဆက်အသွယ်လုပ်နိုင်သောအဲလိစ် ကို ခေါ်ဆောင်ပြီး သားဖြစ်သူ ဒေါလ်တွန် ရဲ့ ဖြစ်ပျက်နေတဲ့ ကိစ္စကို ကူညီခိုင်းခဲ့သော အခါ...ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious (2010)

2010
Dreamkatcher (2020) 3.7
Dreamkatcher (2020) Dreamkatcher 2020 မြန်မာစာတန်းထိုး ========================= -အိပ်မက်ဖမ်းအဆောင်တွေအကြောင်း စိတ်ဝင်စားသူတွေ ဒီရုပ်ရှင်ကားကို   သဘောကျလိမ့်မယ်ထင်ပါတယ်။ Dreamcatcher သို့မဟုတ်   Dream capture တွေကို အမေရိကန်မှာပထမဆုံးရှိခဲ့တဲ့လူမျိုးစုတွေက   ကလေးပုခက်တွေပေါ်မှာ အကာအကွယ်သဘောနဲ့ပြုလုပ်ခဲ့ကြပါတယ်။   အိပ်မက်တွေဟာ အပြင်ဘက်ကနေရောက်လာကြပြီး   မကောင်းတဲ့အိပ်မက်ဆိုးတွေဟာ ဒရင်းကက်ချာရဲ့ကွန်ရက်မှာငြိတွယ်ပြီး   မနက်မိုးလင်းတော့ နေရောင်ထဲမှာပျောက်ကွယ်သွားကြလိမ့်မယ်တဲ့။   သူတို့သုံးခဲ့တဲ့အမွှေးတွေကို မြင်းလိုအကောင်တွေဆီက ယူတယ်။   အသေကရလား အရှင်ကရလား မသိနိုင်တဲ့ဒရင်းကက်ချာတွေဟာ   တိရစ္ဆန်တွေရဲ့ဝိညာဥ်ကိုပဲ အကာကွယ်အနေနဲ့ယူတာလား သူတို့ပဲသိနိုင်မယ်ထင်ပါတယ်။   နောက်ပြီး အဆောင်မှာသင်္ကေတတွေက အရေးကြီးပါတယ်။   ငါးထောင့်ကြယ်ကို အတည့်ဆွဲရင် မကောင်းတဲ့အရာတွေကို   ကာကွယ်တဲ့ကောင်းတဲ့ပစ္စည်းဖြစ်ပြီး စောင်းပြီးဆွဲမိရင်တော့   နတ်ဆိုးသင်္ကေတဖြစ်သွားသလိုမျိုး အိပ်မက်ဖမ်းအဆောင်တွေပေါ်က ကွန်ရက်တွေဟာလည်   း လုပ်ထားတဲ့ကွန်ရက်က အချိုးညီ၊ မညီပေါ်မူတည်ပြီး   အကောင်းအဆိုးခွဲခြားနိုင်ပါတယ်။ဒီရုပ်ရှင်ထဲက အဆောင်ကို အပြင်မှာလည်းမြင်ဖူးကြမယ်ထင်ပါတယ်   ဇာတ်လမ်းအကျဥ်းလေးကတော့-   အိပ်မက်ဆိုးတွေမက်တဲ့ကလေးတစ်ယောက်ဟာ   သူ့အိပ်မက်ဆိုးတွေ ရပ်ပစ်ဖို့"သူ့ပုံကြည့်ရတာ တစ်ခုခုပဲ" လို့ဆိုရလောက်တဲ့   ဘေးအိမ်က အဘွားကြီးဆီကနေ ဒရင်းကက်ချာခိုးခဲ့ပါတယ်   ဇာတ်လမ်းကပုံမှန်ကြည့်နေကြ Horror ရုပ်ရှင်တွေလိုမအီပဲ   (တစ်နာရီ ၂၅မိနစ်ပဲ ကြာလို့လည်းဖြစ်နိုင်ပါတယ်)ရေကန်ကြီးရယ်၊   Country road လို့ခေါ်နိုင်တဲ့လမ်းတွေ၊ တောင်ပေါ်က လျှောက်လမ်းလေးတွေ၊   စပါးကျီတွေက ကြည့်နေရင်း ဘယ်လိုပြီးသွားမှန်းတောင်မသိနိုင်အောင်   ကြည့်သူကိုဖမ်းစားနိုင်ပါတယ်။ဇာတ်လမ်းအကူးအပြောင်းက   အကောင်းဆုံးဆိုတဲ့Horror တွေလောက် ...
movie

Dreamkatcher (2020)

The Call 2020 4.8
The Call 2020 The Callဆိုတဲ့ ဇာတ်ကားကhorror movieတစ်ပုဒ် ဖြစ်ပါတယ်။ သူငယ်ချင်းလေးယောက်အနက် တွန်ရာလို့ခေါ်တဲ့ ကောင်မလေးရဲ့ ညီမလေးက ငယ်ငယ်က ကလေးထိန်းကျောင်းကိုသွားနေကျဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ညီမလေးက အိမ်ကိုပြန်မလာခဲ့‌ဘူး ။ ဘယ်လိုလိုက်ရှာရှာ အစအနပျောက်သွားခဲ့တယ် ။ သူ့ညီမလေးသွားခဲ့တဲ့ ခရစ်စန်ဆိုတဲ့ ကလေးထိန်းကျောင်းပိုင်ရှင်ကတော့ အရေးမယူခံရဘဲ လွတ်မြောက်သွားခဲ့တယ် ။ အဲ့ဒီအချက်ကို မကျေနပ်လို့ တွန်ရာတို့အဖွဲ့က ခရစ်စန်လို့ခေါ်တဲ့ အဘွားကြီးနေတဲ့အိမ်ကို ပုံစံမျိုးစုံ နှောက်ယှက်ဖျက်စီးကြတယ် ။ နှစ်ပေါင်းများစွာ အခုလို ခြိမ်းခြောက်ခံ၊ အပြောခံနေရတာကို မခံနိုင်သည့်အဆုံးမှာ မစ္စစ်ခရစ်ဆန်ဟာ အဆုံးစီရင်သွားခဲ့တယ်။ ဒါကို သူ့အမျိုးသားဖြစ်သူက မကျေနပ်ဘဲ လူငယ်၄ယောက်လုံးကိုခေါ်ပြီး ဂိမ်းပွဲတစ်ခုကို စတင်လိုက်တယ်။ သူတို့နေထိုင်တဲ့ အိမ်အပေါ်ထပ်က စာကြည့်ခန်းထဲမှာရှိတဲ့ ဖုန်းကို ၁မိနစ်ဖြေကြားပေးရင် ဒေါ်လာတစ်သိန်းရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ပေါ့။ ဒီဂိမ်းကို သူတို့၄ယောက်လုံးက ကစားကြမှာလား....ကစားမိရင်ရော ဘာတွေ ဘယ်လိုကြုံတွေ့ရမလဲဆိုတာ The Callဆိုတဲ့ ...
movie

The Call 2020