Channel Myanmar

Lin Peng

The Knight of Shadows: Between Yin and Yang ( 2019 ) 4.9
The Knight of Shadows: Between Yin and Yang ( 2019 )  သိုင်းပညာရှင်ဖူဆောင်လင်(Jackie Chan)က လူသားတွေကိုရန်ပြုတဲ့မိစ္ဆာတွေကို ဖမ်းဆီးနှိမ်နင်းသူဖြစ်တယ်။ မိစ္ဆာဖမ်းဆီးသူပီပီ ဝေယျာဝစ္စခိုင်းတဲ့မိစ္ဆာတပည့်လေးကောင်လည်းရှိတယ်။ ဆရာဖူက မိစ္ဆာတစ်ကောင်ဖမ်းပြီးတိုင်း မိစ္ဆာဖမ်းရင်းကြုံရတဲ့အဖြစ်အပျက်တွေကို ဇာတ်လမ်းပြန်ရေးပြီး စာအုပ်ထုတ်ရောင်းလေ့ရှိတယ်။ဒီဇာတ်လမ်းထဲမှာတော့ ဆရာဖူရဲ့စွန့်စားခန်းထဲမှာမှကြုံတွေ့ရမဲ့ လူသားနဲ့မိစ္ဆာကြားကလွမ်းဆွေးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့အတူ ဟာသနဲ့အဆွေး ဆန့်ကျင်ဘက်ခံစားချက်နှစ်မျိုးကိုပေါင်းစပ်ခံစားလို့ရမယ့်ကားတစ်ကားဖြစ်ပါတယ်။ Comedy/ Fantasy Action/ Romance Fanတွေအတွက် အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ File size…(3.2 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Knight of Shadows: Between Yin and Yang ( 2019 )

2019
A Chinese Fairy Tale (2011) A Chinese Ghost Story 5.6
A Chinese Fairy Tale (2011) A Chinese Ghost Story မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ်ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့်တစ်ညပုံပြင်လေးတစ်ခု။ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့်မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ်ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁၀၀ ထဲမှာ နံပါတ် ၅၀ ချိတ်ခဲ့တာပေါ့။ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ်ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ်လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ...
movie

A Chinese Fairy Tale (2011) A Chinese Ghost Story

Dragon Blade (2015) 5.9
Dragon Blade (2015) Dragon Blade (2015) =============== IMDb Rating - 5.9/10ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် ...
movie

Dragon Blade (2015)

2015