Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lin Laishram
6.9
Axone (2019)
Axone (2019) "အာစွန်း" IMDb - 6.9/10အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့....သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.74GB / 758MB Quality…WEB DL 1080p / ...
movie
Axone (2019)
2020
7.7
Jaane Jaan (2023)
Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ...
movie
Jaane Jaan (2023)
2023
4K HEVC
6.8
Mary Kom (2014)
Mary Kom (2014)IMDb Rating (6.8) / Rotten Tomatoes (88%)အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က ...
movie
Mary Kom (2014)
2014
1080p HEVC
6.7
Om Shanti Om (2007)
ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora
movie
Om Shanti Om (2007)
2007