Channel Myanmar

Lim Hyun-sung

Fasten Your Seatbelt (2013) 5.6
Fasten Your Seatbelt (2013) Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie

Fasten Your Seatbelt (2013)

2013
Silenced (2011) 8.1
Silenced (2011) မနက်က ဒီရုပ်ရှင်လေးအကြောင်းကိုM-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေcredit ပေးတင်ပေးထားတာကိုဖတ်မိတော့ ကြည့်လိုက်မိတယ်။တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲခံစားချက်အပြည့်ပေးပါတယ်။ဒီနေ့လည်း group ထဲမှာ လူတွေအများကြီးလာတောင်းနေတော့ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလိုတရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့အနုပညာသမားတွေကြောင့် အပြင်လောကမှာတရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ပြောရမယ်ထင်ပါတယ်။ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်ကမူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာနှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင်ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံးစကားလုံးတွေကိုပဲ သုံးသွားပြီးခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ရုပ်ရှင်ကားတစ်ကားဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ -----------------------------------------------------------------မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး..တစ်ကားပြီးပါပဲ။ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ နားမကြားကျောင်းတစ်ကျောင်းမှာနှစ်ကာလကြာရှည်စွာ မုဒိမ်းကျင့်၊ မတရားအနိုင်ကျင့်ခံနေရတဲ့ကျောင်းသူကျောင်းသားတွေဟာ အဲဒီကိုပြောင်းလာတဲ့ဆရာအသစ်တစ်ဦးရဲ့အကူအညီနဲ့ အဖြစ်ဆိုးကလွတ်မြောက်ပြီးကျောင်းအုပ်ကြီးအပါအဝင် ဆရာအချိုု့ကို တရားဥပဒေအတိုင်းအရေးယူနိုင်ခဲ့တဲ့အကြောင်းဖြစ်တယ်။ဒါပေမယ့် ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို တရားခံတွေဟာကြေးရတတ်၊ ...
movie

Silenced (2011)

2011
Howling(2012) 6.5
Howling(2012) Howling(2012)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)ဒီကားထဲမှာတော့ ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Kang-ho Song က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...စုံထောက် ဂျိုဆန်းဂီဟာ မာဖိုရဲစခန်းက စုံထောက်တစ်ယောက်ဖြစ်ပါတယ် ...သူ့ကို အဖွဲ့ခေါင်းဆောင်က အမြဲတမ်း အမှုသေးတွေပဲ ပေးကိုင်လေ့ရှိပါတယ် ...ဒီတစ်ခေါက်မှာလည်း ဆေးသမား တစ်ယောက် ကားထဲမှာ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့အမှုကို သူ့ကိုပေးကိုင်ထားပါတယ်...အဲ့ဒီ့အပြင် အသစ်ရောက်လာတဲ့ မိန်းကလေးစုံထောက် ချာအွန်ယောင်းနဲ့လည်း အလုပ်တွဲလုပ်စေခဲ့ပါတယ်...အမှုသေးလို့ထင်ရတဲ့ ဒီလူသေမှုဟာ  လူသေမှု မဟုတ်ပဲ လူသတ်မှုဖြစ်နေတဲ့ အပြင် ကွင်းဆက်လူသတ်မှုကြီးတစ်ခုပါဆက်ဖြစ်နေတဲ့အခါမှာတော့...မှုခင်းအက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size :(2.01GB) (900 MB) and (320 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Action ,Thriller Subtitle : ...
movie

Howling(2012)

The Sheriff In Town(2017) 6.0
The Sheriff In Town(2017) The Sheriff In Town(2017)(Zawgyi)စုံထောက်ချွဲဒယ်ဟိုတစ်ယောက် မူးယဇ်ရာဇာ Popeye ရဲ့ မူးယဇ်ဆေးတွေ အရောင်းအဝယ်လုပ်တဲ့ ရှင်းအီရှစ်ကို မဆင်မခြင် ဝင်ရောက်ဖမ်းဆီးရာမှ သူ့တွဲဖက် သေဆုံးသွားခဲ့ပြီး ရှင်းအီရှစ်လည်း လွတ်သွားတာကြောင့် တာဝန်ရပ်စဲခံလိုက်ရပါတယ်....စုံထောက်အလုပ်ဟာ သူ့ဘ၀မို့ ဆုံးရှုံးမှုဟာ ချဲဒယ်ဟိုအတွက် တကယ်ကြီးမားပါတယ်... တွဲဖက်ဖြစ်သူ သေဆုံးပြီး အလုပ်အကိုင်လည်း ဆုံးရှုံးရတဲ့အတွက် စုံထောက်ချွဲတစ်ယောက် အရပ်သားဘ၀နဲ့ သူ့ဘ၀ကိုပျက်စီးစေတဲ့ မူးယစ်ဂိုဏ်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... သူဘယ်လိုတွေကြိုးစားဖော်ထုတ်မလဲ ဘယ်လိုအခက်တွေရင်ဆိုင်ရမလဲ.... ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ချဲဒယ်ဟို တစ်ယောက် ရဲဟန်ဆောင်ပြီး ရုပ်တည်ကြီးနဲ့ ပတ်သောင်းကျန်းနေတဲ့အတွက် အခန်းတော်တော်များများ ရယ်လည်းရယ်ရသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...(unicode)စုံထောက်ချွဲဒယ်ဟိုတစ်ယောက် မူးယဇ်ရာဇာ Popeye ရဲ့ မူးယဇ်ဆေးတွေ အရောင်းအဝယ်လုပ်တဲ့ ရှင်းအီရှစ်ကို မဆင်မခြင် ဝင်ရောက်ဖမ်းဆီးရာမှ သူ့တွဲဖက် သေဆုံးသွားခဲ့ပြီး ရှင်းအီရှစ်လည်း လွတ်သွားတာကြောင့် တာဝန်ရပ်စဲခံလိုက်ရပါတယ်....စုံထောက်အလုပ်ဟာ သူ့ဘဝမို့ ဆုံးရှုံးမှုဟာ ချဲဒယ်ဟိုအတွက် တကယ်ကြီးမားပါတယ်... တွဲဖက်ဖြစ်သူ သေဆုံးပြီး အလုပ်အကိုင်လည်း ဆုံးရှုံးရတဲ့အတွက် စုံထောက်ချွဲတစ်ယောက် အရပ်သားဘဝနဲ့ သူ့ဘဝကိုပျက်စီးစေတဲ့ မူးယစ်ဂိုဏ်းကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်... သူဘယ်လိုတွေကြိုးစားဖော်ထုတ်မလဲ ဘယ်လိုအခက်တွေရင်ဆိုင်ရမလဲ.... ဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ချဲဒယ်ဟို တစ်ယောက် ရဲဟန်ဆောင်ပြီး ရုပ်တည်ကြီးနဲ့ ပတ်သောင်းကျန်းနေတဲ့အတွက် အခန်းတော်တော်များများ ရယ်လည်းရယ်ရသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

The Sheriff In Town(2017)

2017