Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lily Rabe
7.7
The Great Lillian Hall (2024)
The Great Lillian Hall ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက် အော်စကာတန်းဝင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားကို အဓိက သရုပ်ဆောင်ထားတာကလည်းအော်စကာ ၂ ဆုရှင် Jessica Lange ဖြစ်ပြီး ပံပိုးသရုပ်ဆောင်ကလည်း အော်စကာဆုရှင် Kathy Bates တို့ အဓိကသရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြိုသိမှာစိုးလို့ အကုန် မပြောဘူးနော်။ဇာတ်ကားထဲမှာ Jessica သရုပ်ဆောင်ရတဲ့ Lillian Hallဇာတ်ကောင်ဟာ နယူးယောက် ဘရော့ဝေးမှာ သရုပ်ဆောင်ရတဲ့ နာမည်ကျော် ပြဇာတ်သရုပ်ဆောင် ဖြစ်ပါတယ်။သူ့တစ်သက်တာမှာ သူ့အလုပ်သာ အဓိကဆိုတဲ့ စိတ်နဲ့ကျော်ဖြတ်ကြိုးစားခဲ့သူဖြစ်ပြီး သူ အသက်တစ်ခု ရလာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ လောကဓံတွေက သူ့ကို ဘယ်လိုရိုက်ချမှာလဲ သူ့မိသားစုနဲ့ သူငယ်ချင်းတွေကရော ကူညီနိုင်ပါ့မလား သူ့ရဲ့အလုပ်ကို ဘယ်လိုထိခိုက်စေမှာလဲ စတာတွေကိုကြည့်ရှုရင်း တစ်ကားလုံး Jessica Lange ရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်စွမ်းတွေကြားမှာ နစ်မျှောပြီး ခံစားရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အော်စကားတန်းဝင် ...
movie
The Great Lillian Hall (2024)
Downtown Owl (2023)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်သုံးယောက်ပါပါတယ်.ပထမဇာတ်ဆောင်ဖြစ်တဲ့ဂျူလီယာရေဘီယာဟာ အောင်းလ်မြို့ကို အထက်တန်းကျောင်းဆရာမအဖြစ်ပြောင်းရွေ့လာခဲ့ပါတယ်....သူမရဲ့ယောက်ျားဖြစ်သူ ပါရဂူအတန်းတက်နေလို့ အချိန်ပိုရအောင် ပြောင်းလာတာပါ။သူမဟာပထမနှစ်ဝက်ပဲသင်ဖို့ရည်ရွယ်ထားတာဖြစ်ပြီး နောက်နှစ်ရောက်ရင်အိမ်ပြန်ပြီးကလေးယူဖို့စီစဉ်ထားပါတယ်....အောင်းလ်မြို့ကိုရောက်ရှိလာတဲ့ ဆရာမအသစ်ဖြစ်တဲ့အလျောက် သူမကနာမည်ကြီးလာပါတယ်....နောက်တစ်ယောက်ကတော့ ထိုမြို့ကအထက်တန်းကျောင်းသား မစ်ခ်ျပါ...မစ်ခ်ျကဝါသနာမပါတဲ့ဘောလုံးကိုကစားရင်း သူသဘောကျနေတဲ့ကောင်မလေးက ဆရာတစ်ယောက်နဲ့ဖောက်ပြန်နေလို့ စိတ်ညစ်နေရသူပါ....နောက်တစ်ယောက်ကတော့ ဟော်ရေစ့်ဆိုတဲ့အဖိုးကြီးပါ....ဒီတော့ အောင်းလ်မြို့ကိုပြောင်းရွှေ့လာတဲ့ဆရာမအသစ် ဂျူလီယာရေဘီယာနဲ့ မစ်ခ်ျတဲ့ဟော်ရေစ့်တို့နဲ့တွေ့ဆုံခဲ့ပါတယ်....အချိန်ကြာလာတဲ့အခါ ဂျူလီယာဟာ အောင်းလ်မြို့ရဲ့လူနေမှုစံနှုန်းတွေကိုသိမြင်လာတဲ့အခါမှာတော့....ဒီဇာတ်ကားဟာ အဆိုပါဇာတ်ကောင်သုံးယောက်ကိုအကြောင်းပြုရင်း ရိုက်ကူးထားပါတယ်.....တင်ဆက်ပြသပုံတွေ...နောက်ခံသီချင်းတွေကောင်းမွန်တဲ့အတွက် ကြည့်ပျော်တယ်လို့ပြောလို့ရပါတယ်...ခံစားကြည့်ကြပါခင်ဗျာ File size…(1.3 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie
Downtown Owl (2023)
6.3
No Reservations (2007)
No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီးဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီးခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီးအင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီးမိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်းမထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ ...
movie
No Reservations (2007)
6.5
Mona Lisa Smile (2003)
Mona Lisa Smile (2003) ================= IMDb Rating - 6.5/10၁၉၅၃ / ၅၄ ခုနှစ်တွေဆီက အမျိုးသမီး အခန်းကဏ္ဍ၊ သူတို့ရဲ့ ပညာသင်ယူရေး၊ အိမ်ထောင်ရေးတို့ရဲ့ ရှေးရိုးစွဲအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် တင်ပြထားတဲ့ ဇာတ်လမ်းကောင်း တစ်ခုပါ။ အဲဒီခေတ်တွေဆီက အမျိုးသမီးတွေ ပညာသင်ယူခွင့် ရတာကိုပဲ ဘုရားပေးတဲ့ဆုလို့ ခံယူရတဲ့အချိန်ပေါ့။ ကောလိပ်တက်၊ ဘွဲ့ယူဆိုတဲ့ မဟာ့မဟာ အခွင့်အရေးကြီး ရကာစ။အင်္ဂလန်ဆိုတာ ကိန်းကြီးခန်းကြီးနိုင်တဲ့နေရာမှာ သိပ်ကို နာမည်ကြီး တယ်ဗျ။ ညစာကို မိသားစုအချင်းချင်း စားဖို့အရေးတောင်မှ လည်စည်း မပါဘဲမစားရတာ၊ ညနေ ၅ နာရီ အမီစားရတာ ဘာညာ။ အဲဒါကိုမှ လူကုံတန်အသိုင်းအဝိုင်းဆိုရင်တော့ ပိုဆိုးပြီသာမှတ်။ အဲဒီလိုနိုင်ငံ၊ အဲဒီ စနစ်ကို ရေရှည်တည်မြဲရေးလုပ်ပေးနေတဲ့ ကောလိပ်တစ်ခုကိုမှ လွတ်လပ် ပြီး တက်ကြွတဲ့ ဆရာမလေး အမေရိကားကနေ ရောက်လာခဲ့တယ်။ ဘွဲ့ ရတဲ့အထိ လွှတ်ပေးထားပြီး ဘွဲ့ရတာနဲ့ ခင်ပွန်းသည်အတွက် ညအိပ်ပြည့် တန်ဆာ၊ အိမ်မှာ အစေခံတစ်ယောက်ဖြစ်သွားတဲ့အိမ်ထောင်ရေးထဲ ဆွဲ သွင်းလိုက်ကြရောတဲ့။ အဲဒီလိုအဖြစ်တွေကို မကြည့်နိုင်တဲ့ ဆရာမလေး ဟာ ...
movie
Mona Lisa Smile (2003)
2003
7.2
Vice(2018)
Vice(2018) IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..))ဒီဇာတ်ကားက Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်...၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်....D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ...သို့ပေမယ့် အဲ့ဒီဘဝကနေ အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်..သူဘယ်လိုတွေကြိုးစားခဲ့လဲ?ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင် အမေရိကန်သမိုင်းကို သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် ...
movie
Vice(2018)
2018
6.6
The Tender Bar (2021)
အချိန်က ၁၉၇၂ ခုနှစ်... ဖခင်ဖြစ်သူက မိသားစုကို စွန့်ပစ်သွားတဲ့နောက် ဂျေအာ လို့ခေါ်တဲ့ ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် သူ့အမေနဲ့အတူတူ အဘိုး အဘွားနဲ့ ဦးလေးတို့ရှိတဲ့ အိမ်ကြီးမှာ နေဖို့ဖြစ်လာတယ် ပြဿနာပေါင်း သောင်းခြောက်ထောင်တွေရယ် ပညာတတ်မရှိတဲ့ သူတို့မိသားစုမှာ ကိုးနှစ်သား ဂျေအာကတော့ သူတို့အိမ်ရဲ့ ဆည်းလည်းလေးပဲ ဒီတော့ ဒီလိုအရှုပ်ထုပ်တွေထဲကနေ အမေဖြစ်သူကတော့ သူ့လိုမဖြစ်စေချင်လို့ ဂျေအာကို ကောလိပ်ပညာတတ်ကြီးတစ်ယောက်ဖြစ်အောင်ထားမယ်ဆိုပြီး သန္နိဌာန်ချထားတယ် အဖေမရှိတဲ့ ဂျေအာအဖို့ ဦးလေးဖြစ်သူ ချာလီကို အရမ်းအားကိုးတယ် ချာလီကလည်း ဂျေအာအပေါ်ကို အဖေတစ်ယောက်လို အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးပါတယ် တကယ်တော့ ကိုးနှစ်သားကလေးတစ်ယောက်အတွက် မြင်ရကြားရသမျှအရာရာဟာ သူ့အတွက် သင်ယူစရာချည်းပဲ ဒီတော့ ဖခင်မရှိတဲ့ ဂျေအာအဖို့ ဘားဆိုင်ဖွင့်ထားတဲ့ ဦးလေးချာလီဟာလည်း သူ့အတွက် ဆရာပါဘဲ ကောလိပ်မတက်ခဲ့ရတဲ့ ဘားပိုင်ရှင်ချာလီဟာ လူနုံလူအတစ်ယောက်တော့မဟုတ်ခဲ့ဘူး အတန်းပညာ မပြည့်စုံပေမယ့် ဘ၀ပညာပြည့်စုံနေတဲ့သူတစ်ယောက်...သူ့တူလေးဂျေအာကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် သူသိသမျှ တတ်သမျှ အရာရာတိုင်းနဲ့ ပံ့ပိုးပေးတယ် ဘားမှာရှိသမျှ စာအုပ်တွေကို ဂျေအာဖတ်ဖို့ပေးတယ် စာဖတ်များရင် ...
movie
The Tender Bar (2021)
6.6
Miss Stevens (2016)
Miss Stevens (2016) =============တစ်ယောက်ယောက်ကိုများစောင့်နေတာလား...ဇာတ်ကားရဲ့အစမှာ ဆရာမ Miss Stevens ကတော့ ဇာတ်ရုံထဲမှာထိုင်ပြီး ကြေကွဲနေပါတယ်။ ဒီအကြောင်းကတော့နောက်ပိုင်းမှာသိရမှာပေါ့။Miss Stevens က ဘဝမှာ အဆင်မပြေမှုတွေကိုမျိုသိပ်ထားရင်း တာဝန်ဝတ္တရားတွေအပြည့် ခေါင်းထဲမှာထည့်ထားတဲ့ ဆရာမတစ်ယောက်ပါ။ တစ်နေ့မှာ သူ့တပည့် သုံးယောက်ကို သရုပ်ဆောင်ပြိုင်ပွဲအတွက် လိုက်ပို့ရပါတယ်။ ဒီ သရုပ်ဆောင်ပြိုင်ပွဲက ဆုရလာမှလည်း ကျောင်းအတွက် အနုပညာ ရန်ပုံငွေပြန်လာရရှိလာမှာဆိုတော့ တပည့်သုံးယောက်ကလည်း အစွမ်းကုန်ကြိုးစားမယ့်ပုံပါပဲ။ခရီးအတွင်း တစ်ညမှာတော့ Miss Stevens ကို Billy က နာမည်အရင်းဖြစ်တဲ့ ရေချယ်ဆိုတဲ့နာမည်ကိုခေါ်မိလိုက်တာရော၊ မာဂေါ့ရဲ့စကားမှားတာတွေရောကြောင့် စိတ်ကွက်သွားပါတယ်။ ဒီတင်မှာ ဘီလီက Miss Stevens အခန်းကိုလိုက်သွားပြီး နှစ်သိမ့်ပေးပါတယ်။ သူနဲ့ Miss Stevensက တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ပေးမှအဆင်ပြေနိုင်မယ့် အထီးကျန်နေတဲ့ လူနှစ်ယောက်မှန်း ဘီလီကသိပေမယ့် Miss Stevens ကတော့ဝန်မခံပါဘူး။Miss Stevens အဖြစ် Lily ...
movie
Miss Stevens (2016)
2016
7.0
Pawn Sacrifice (2014)
[Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie
Pawn Sacrifice (2014)
6.3
Fractured (2019)
ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ကြိုက်တဲ့ပရိသတ်ကြီးအတွက်တော့ အကြိုက်တွေ့စေဦးမှာပါ။ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့ အခြေအနေက ထူးဆန်းနေပါတယ်။သူနာပြုတွေရဲ့ ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေစတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့်သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ဒါပေမယ့်ဇနီးသည်ဖြစ်သူနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့ဖခင်ဖြစ်သူဘာဆက်လုပ်မလဲ?ဆေးရုံကရောဘာလဲ?ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ?ရှေ့ဆက်လာတဲ့ မိနစ်နဲ့အမျှ စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။Imdb Rating 6.3/10 Rotten Tomatoes 63% ရရှိထားပါတယ် File Size : ( 937 MB , 352 MB)Quality : WEB-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : ThrillerSubtitle : Myanmar ...
movie
Fractured (2019)
2019
6.4
Finding Steve McQueen(2018)IMDb....6.3ဒီဇာတ်ကားလေးကတော့ အမေရိကန် နိုင်ငံက "United California" ဘဏ်ဖောက်ထွင်းခံရမှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ FBI က SteveMcQueenဆိုတဲ့ လူတစ်ယောက်ကို အသည်းအသန် လိုက်ရှာနေပြီး တစ်ဖက်မှာလည်း SteveMcQueen က သူ့ကို FBI ကဘာကြောင့် အလိုရှိနေရတယ်ဆိုတဲ့အကြောင်း သူ့ကောင်မလေးကို ရှင်းပြနေပုံနဲ့ စတင်ထားပါတယ်။ အမေရိကန်သမ္မတ Nixon ရဲ့ တရားမဝင်လုပ်ငန်းတွေမှာသုံးဖို့ ဘဏ်မှာထား ထားတဲ့ ရန်ပုံငွေကိုမှဖောက်ထွင်းဖို့ ကြံစည်ခဲ့တဲ့ ဓားပြအဖွဲ့အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ငွေဖြူ မဟုတ်တာကြောင့် သူတို့ကို အရေးယူလို့ မရလောက်ပါဘူးဆိုတဲ့ အကြံနဲ့ ဓားပြတိုက်ခဲ့ကြပေမယ့်လည်းအစိုးရဖက်က စုံစမ်းစစ်ဆေးရေးတွေကို ပြင်းပြင်းထန်ထန် လုပ်လာတဲ့အခါမှာတော့ ဘယ်လိုမျိုး စိတ်ဝင်စားစရာအကြောင်းအရာတွေ ဖြစ်လာမလဲဆိုတာကတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ခံစားကြည့်လိုက်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်...File Size : (850MB) and (306 MB) Quality : ...
movie
Finding Steve McQueen(2018)
2018