Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lily Franky
6.8
Analog (2023)
Japanese Drama/Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဘယ်လိုအနေအထား ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် မင်းကို ထာဝရ အချစ်စစ်နဲ့ချစ်နေမှာပါဆိုတာကို ရိုက်ပြထားတဲ့ ဂျပန်အချစ်ကားလေးတစ်ကားပါ....ဇာတ်အိမ်လေးကတော့..... မီဇူရှီးမား ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ဆိုင်အပြင်အဆင်တွေ၊ ဟော်တယ်အပြင်အဆင်တွေကို ဒီဇိုင်းဆွဲတဲ့ Interior Designer တစ်ယောက်ပေါ့....တစ်နေ့မှာ သူကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားပြီး အမြဲထိုင်လေ့ရှိတဲ့ Piano ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ မမျှော်လင့်ထားဘဲနဲ့ မီယူကီ ဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး.... သူဘဝရဲ့ ရှေ့ရေးဟာ ဘယ်လိုဆက်ပြီးဖြစ်လာမလဲ...... မီယူကီ နဲ့ရော ဘယ်လိုတွေဆက်ဖြစ်မလဲ.... ဒီထူးဆန်းတဲ့ မိန်းကလေးကရော ဘယ်လိုမိန်းကလေးမျိုးလဲ.... Happy Ending ရောဖြစ်နိုင်မလား ဆိုတာကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.3 GB)/(700 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie
Analog (2023)
6.9
Call Me Chihiro (2023)
Call Me Chihiro (2023)IMDb - 6.9/102023 မှာ Netflix က နေထုတ်လွှင့်ခဲ့တဲ့ ဂျပန်ဒရာမာရုပ်ရှင် ကောင်း လေး Call Me Chihiro နဲ့မိတ်ဆက် ပေးပါရ စေဇာတ်လမ်းအညွှန်းအရင်ပြည့်တန်ဆာလုပ်ဖူးတဲ့ Chihiro ဆိုတဲ့ ကောင်မ လေးတစ် ယောက် ပင်လယ်နားနီးမြို လေးရဲ့ ထမင်းဘူး ဆိုင် လေးမှာ အလုပ်လုပ် နေရင်း သူမရဲ့ အထီးကျန်မှု တွေကို ဖြေ ဖျောက် လို နေပါတယ်ငယ်ငယ်ကတည်းက လ ပေါ်မှာ ယုန်မရှိဘူးလို သိထားပြီး လူ တွေဟာ မတူတဲ့ဂြိုဟ် တွေက နေ ရောက်လာကြတယ်ဆိုတဲ့အချက်ကို လက်ကိုင်ထားရင်း အချစ်မှာလည်း သူ့အတွက်ယစ်မူးဖိုအချိန်မရှိဘူးလို သတ်မှတ်ထားတဲ့ အထီးကျန်သမား လေး ချီဟီးရို တစ် ယောက် အလုပ်လုပ်ရင်း သူမလို အ ...
movie
Call Me Chihiro (2023)
6.7
The Parades (2024)
The Parades (2024)လူတွေ သေဆုံးပြီးကြတဲ့နောက်မှာ နောက်ဘဝဆိုတာ တကယ်ရှိသလား???? ရှင်သန်နေစဉ်ကာလမှာ အပြီးမသတ်နိုင်ခဲ့တဲ့ ကိစ္စတွေနဲ့ နောင်တတရားတွေ ရှိနေခဲ့ကြမယ်ဆိုရင်ရော သေဆုံးသွားပြီးသားသူတွေဟာ ကျွတ်လွတ်နိုင်ပါ့မလား? ဒီလိုမျိုး မေးခွန်းထုတ်စရာတွေအကြောင်းကို ရိုက်ကူးထားတဲ့ Japan Movie "The Parades" ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားမှာဆိုရင်တော့ ခါဝခါမိ မီနာကို ဆိုတဲ့ Single Mom တစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ ပြင်းထန်တဲ့ငလျင်ဒဏ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် တစ်ဦးတည်းသောသားလေးနဲ့ လူချင်းကွဲသွားခဲ့တဲ့ မီနာကို ဟာ သူ့ကိုယ်သူ သေဆုံးပြီးဖြစ်ကြောင်းကို သိလိုက်ရချိန်မှာတော့ အတော်လေး လက်မခံနိုင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူလိုသေဆုံးပြီသားသူတွေကို တွေ့ရှိလိုက်ရချိန်မှာတော့ သူ့အတွက် မေးခွန်းထုတ်စရာတွေက တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ တမလွန်ဘဝမှာနေထိုင်ရင်း သူ့ရဲ့ဖြစ်တည်မှုကိုအဖြေရှာရမယ့် မီနာကိုတစ်ယောက် သားဖြစ်သူကိုရော ရှာတွေ့သွားနိုင်မလား။ သူ့ရဲ့သားလေးဟာရော တကယ်ပဲ ဘေးကင်းကင်းနဲ့အသက်ရှင်နေသေးရဲ့လားဆိုတာကိုတော့ ပရိသတ်ကြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါတော့နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.2GB ...
movie
The Parades (2024)
2024
7.4
Suspect X (2008)
Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie
Suspect X (2008)
2008
7.4
After the Storm (2016)
After the Storm ( 2016 ) ------------------------ Directed by Hirokazu KoreedaEven After the Worst Storms , The Sun Will Shine Again.Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ ...
movie
After the Storm (2016)
2016
6.7
Bad City(2022)
Bad City(2022)**************အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် ဂျပန်အက်ရှင်ကားကောင်းလေးတစ်ကား လာပါပြီ။ အကျင့်ပျက်ခြစားပြီး ကိုရီးယားမာဖီးယားဂိုဏ်းနဲ့ပါပေါင်းကာ ဒုစရိုက်မျိုးစုံကျူးလွန်နေတဲ့ဂိုဂျိုကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဌဖြစ်သူ ဂိုဂျိုဝါတရု။သူ့ကိုဘယ်လိုပဲ ထောင်ထဲသွင်းဖို့လုပ်လုပ် စုံထောက်တွေဘက်ကပဲပြန်ခံခဲ့ရပြီး ဂိုဂျိုကတော့အမြဲအပြစ်မရှိဟုလွတ်လာပါတယ်။တစ်နေ့မှာတော့ အထူးစုံစမ်းရေးအဖွဲ့ဇီးရိုးဖွဲ့စည်းပြီး ဂိုဂျိုနဲ့ ကိုရီးယားမာဖီးယားဂိုဏ်းကကင်ဆွန်းဂီကိုဖြုတ်ချဖို့လုပ်ကြတဲ့အခါ.. ဂိုဂျိုတို့ဘက်ကပဲဆက်အနိုင်ရနေမလား။တရားမှုက မတရားမှုကနိုင်သွားမလားဆိုတာကတော့...File Size :(2.07GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre :Action Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Bad City(2022)
6.7
Call Me Chihiro(2023)
Call Me Chihiro(2023)********************Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ....အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှလူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့...ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး....အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ်ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင်စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်....File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae
movie
Call Me Chihiro(2023)
6.9
Bakuman (2015)
Bakuman(2015)Mangaတွေ animeတွေကိုကြိုက်ကြတဲ့သူတွေ တော်တော်များများရှိပါတယ်။ ဒါပေမဲ့ ဒီmangaတွေကို ဖန်တီးကြတဲ့ ပညာရှင် "Mangaka"တွေရဲ့ mangaဖန်တီးမှုနောက်ကွယ်က အကြောင်းအရာတွေ သူတို့ရဲ့ ဘဝနေထိုင်ဖြတ်သန်းပုံတွေနဲ့ ဘယ်လိုမျိုး ကြိုးစားရပ်တည်ပြီး ပညာရှင်အဆင့်ရောက်ခဲ့ကြလဲဆိုတာကိုတော့ အသေးစိတ် လေ့လာမိတဲ့သူက နည်းပါလိမ့်မယ်။ဒီရုပ်ရှင်ထဲမှာတော့ အထက်ပါအကြောင်းအရာတွေကို သေချာ ကြည့်ရှုရမှာပါ။မင်းသားနှစ်ယောက်လုံးက Ruroni Kenshinထဲမှာ သရုပ်ဆောင်ထားကြတဲ့ နာမည်ကြီး Takeru Satouနဲ့ Kamiki Ryunosukeတို့ဖြစ်ပြီး Nana Komatsuကလည်း Takeruရဲ့ first loveအဖြစ်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပုံဆွဲတော်ပေမဲ့ ဇာတ်လမ်းမစဉ်းစားတတ်တဲ့ မရှိရို (Takeru Satou)နဲ့ ပုံဆွဲအလွန်ညံ့ပြီး ဇာတ်လမ်းကောင်းရေးတတ်တဲ့ တကဂိ (kamiki ryunosuke) နှစ်ယောက်ပေါင်းပြီး မန်ဂက အဖြစ်ရပ်တည်ကြဖို့ အဖွဲ့ဖွဲ့လိုင်ကါတယ် ။ ခက်တာက သူတို့ဟာ အထက်တန်းကျောင်းသားတွေပဲ ရှိသေးပြီး တကယ့်နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Shonen JUMPမှာ မန်ဂဆွဲချင်နေကြတာပါ။ဒါကြောင့် JUMP တည်းဖြတ်ဌာနကို စာမူကြမ်းသွားပြကြပြီး ...
movie
Bakuman (2015)
5.5
Yakuza Apocalypse (2015)
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie
Yakuza Apocalypse (2015)
7.5
Our Little Sister (2015)
Our Little Sister ( 2015 ) ------------------------- Directed by Hirokazu Koreeda IMdb - 7.5 / Rotten Tomatoes - 94%( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် )( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ...
movie
Our Little Sister (2015)
6.9
The Last 10 Years (2022)
The Last 10 Years (2022)~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~" ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇)ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ...
movie
The Last 10 Years (2022)
2022
6.8
Sunny: Our Hearts Beat Together ( 2018 )
IMDb Rate 6.8 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်တစ်ချိန်က ညီအစ်မအရင်းတွေလို ညီအစ်ကို အရင်းတွေလို ချစ်ကြခင်ကြပြီး...အခုတော့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေ ရှိကြလား..ရှိတယ်ဆိုရင်တော့ ဒီကားလေးကြည့်ပြီးတာနဲ့ ချက်ချင်း ဆက်သွယ်မိကြမယ်ထင်ပါရဲ့အာဘဲ နာမိဆိုတဲ့ အမျိုးသမီးတစ်ယောက် မိခင်ကြီးဆေးရုံတက်လူနာသတင်းမေးရင်း အနှစ် ၂၀ လောက် အဆက်အသွယ်ပြတ်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်ကို ကင်ဆာဝေဒနာသည်အဖြစ်မြင်တွေ့လိုက်ရပြီးနောက်... မိတ်တွေဟောင်းတွေကို ရှာဖို့ ဖြစ်လာပါတော့တယ်...ဒီလိုနဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ကိုရှာနေတဲ့ အာဘဲ နာမိ သူငယ်ချင်းတွေအကုန်လုံးကို ရှာတွေ့ပါ့မလား..မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ ဘာတွေပြောင်းလဲကုန်ကြပြီလဲ...ဘယ်လိုရသတွေ ပေးနိုင်မယ်ဆိုတဲ့ အဖြေကို ဇာတ်ကားလေးထဲမှာ ရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... Translated & Review By Chu ChuEncoded By LK
movie
Sunny: Our Hearts Beat Together ( 2018 )
2018
5.4
Laplace’s Witch (2018)
ရေပူစမ်းမြို့လေးရဲ့တစ်နေရာမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓာတ်ငွေ့ကြောင့်ထူးဆန်းစွာ သေဆုံးနေတဲ့သူတစ်ယောက်ကို စစ်ဆေးရာမှ လူသတ်မှုလား..မတော်တဆမှုလား ဝေခွဲနေကြချိန်.. နောက်တစ်နေရာမှာလည်းအလားတူသေဆုံးမှုတစ်ခုကြောင့် စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုဖြစ်ခဲ့တယ်…တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်တဲ့ ပရော်ဖက်ဆာအာဝါအိရဲ့ထင်မြင်ချက်အရ လူတစ်ယောက်ကိုသတ်ဖို့အတွက်ဓာတ်ငွေ့ကိုမြေအနေအထားမကောင်းတဲ့ဆီကိုလူသတ်ဖို့ရည်ရွယ်ချက်တစ်ခုနဲ့ ယူဆောင်သွားဖို့မှာမဖြစ်နိုင်ဘူးကောက်ချက်ချထားတယ်ဒါကိုလက်မခံနိုင်တဲ့စုံထောက်ကြီးက တစ်ယောက်နဲ့တစ်ယောက်မသိတဲ့မတူညီတဲ့နေရာကတူညီတဲ့သေဆုံးပုံနဲ့လူနှစ်ယောက်ရဲ့သမိုင်းကို ပြန်လှန်နောက်ကြောင်းလိုက်ရာမှ....H2S ကြောင့်ပျက်စီးခဲ့ရတဲ့မိသားစုတစ်စုအကြောင်းကိုအစကောက်မိတယ်...တစ်ဖက်မှာလဲပရော်ဖက်ဆာအာဝါအိလည်း ကိုယ့်ကိုယ်ကို Laplace (သင်္ချာပညာရှင်) ရဲ့ စုန်းမအဖြစ်ခံယူထားတဲ့ သဘာဝတရားကိုကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတဲ့မာဒိုကာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံနေပါတယ်..ပရော်ဖက်ဆာနဲ့တွေ့ဆုံနေတဲ့မာဒိုကာအမည်တွင်တဲ့မိန်းကလေးနဲ စုံထောက်ကြီးအစရထားတဲ့မိသားစုထဲကရှင်ကျန်ရစ်သူခန်တိုတို့မှာ တူညီတဲ့စွမ်းအင်ရှိနေတဲ့အခါ....မာဒိုကာကခန်တို့ကိုကူညီချင်တဲ့စေတနာနဲ့ဘာကြောင့်ပရော်ဖက်ဆာအကူအညီကိုတောင်းပြီးလိုက်လံရှာဖွေနေတာလဲဆိုတာတွေကိုသိရဖို့အတွက်...ဒီဇာတ်ကားလေးထဲမှာသူတို့နဲ့အတူလိုက်ပါခံစားကြည့်ကြစို့နော်.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Htoo Htoo Ka Joe ပါ) File Size : (950 MB) and (450 MB) Quality : Blu-Ray 720p Running Time : 1h 35min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264.DTS-WiK Translated by Htoo Htoo Ka ...
movie
Laplace’s Witch (2018)
2018
8.0
Shoplifters (2018)
ဂျပန်နိုင်ငံရဲ့လုပ်သားနဲ့အလုပ်ရှင်ဆက်ဆံရေးတင်းမာမှုတွေကနေမှတစ်ဆင့် အချိန်ပိုင်းအလုပ်တွေဟာနိုင်ငံတွင်းမှာတွင်ကျယ်လာပါတယ် မိရိုးဖလာလုပ်စားနေတဲ့လူအများစုဟာအလုပ်လက်မဲ့ဖြစ်လာကြပြီး အဲ့လိုလူတွေထဲမှာအိုဆာမူတို့မိသားစုလည်းအပါအ၀င်ပဲဖြစ်ပါတယ် ပိုက်ဆံမရှိ အလုပ်မရှိတဲ့အချိန်မှာ ထမင်းတစ်နပ်စားရဖို့ ဈေးဆိုင်တွေဆီကနေအလစ်သုတ်ရတဲ့မိသားစုဖြစ်လာပါတော့တယ် အိုဆာမူနဲ့သူရဲ့သားဟာထုံးစံအတိုင်းအလစ်သုတ်နေတုန်း အိမ်ခြေယာမဲ့ကလေးမတစ်ယောက်နဲ့တွေ့ကာ အိမ်ကိုခေါ်သွားခဲ့ပါတယ် အိုဆာမူရဲ့မိန်းမဖြစ်သူကအစကငြင်းပေမယ့်ကလေးမကို ကိုယ်ချင်းစာမိကာအိမ်ပေါ်တင်မွေးစားလိုက်ပါတော့တယ် ဒီမိသားစုကပိုက်ဆံမရှိတဲ့အပြင်ထမင်းတောင်နပ်မှန်အောင်မစားနိုင်ပါဘူး ဒါပေမယ့်သူတို့ဟာမိသားစုရဲ့အရသာကိုရှာတွေ့ထားကြတဲ့လူတွေဖြစ်ပြီး အမြဲပျော်ရွှင်နေလေ့ရှိပါတယ် ဒါပေမယ့်ဒီလိုစရိုက်လူတွေကိုလောကဓံကဘယ်လိုဒုက္ခပေးဦးမလဲ ဒီစိတ်ဆင်းရဲလောက်အောင်ပျော်ရွှင်နေကြတဲ့မိသားစုကရော ရေရှည်ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုကြည်နူးစရာဖြစ်အောင် ဒါရိုက်တာHirokazu Koreedaကသူကိုယ်တိုင်ရေးပြီးသူကိုယ်တိုင်ရိုက်ပြထားပါတယ် Release Date - 23,November,2018 Running time - 2h1m Genre - Drama,Crime,18 Translated by Chit Oo May Encoded by sithu
movie
Shoplifters (2018)
2018
7.8
Like Father, Like Son(2013) IMDb.....7.8,,,,Rotten.....87% ဒီဇာတ်ကားရဲ့အစ(၁၀)မိနစ်လောက်မှာ ခင်ဗျားတို့ဟာ မိသားစုတစ်စုရဲ့ နိစ္စဓူ၀ လုပ်ငန်းစဉ်လေးတွေကိုတွေ့လိမ့်မယ်...အဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်.....အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်နဲ့ မိသားစုအပေါ်ဦးဆောင်ပုံ၊ သားသမီးနဲ့ မိန်းမအပေါ် ဘယ်လိုသဘောထားပုံကိုတွေ့ရမယ့်အပြင်ဇနီးသည်ဖြစ်သူရဲ့ ပါရမီဖြည့်ဟန်နဲ့ အသက်(၆)နှစ်အရွယ် သူတို့ထုဆစ်နေတဲ့သားလေးရဲ့ လောကကြီးပေါ် လျော်လှမ်းဖို့ကြိုးစားပုံတွေကိုပထမ(၁၀)မိနစ်လောက်မှာ သိသွားလိမ့်မယ်...တစ်နေ့ ဒီသားလေးမွေးတဲ့ ဆေးရုံကနေ လာခဲ့ဖို့ပြောလို့သွားတဲ့အခါမှာ ဆေးရုံက တာဝန်ရှိသူတွေကပြောတယ်....လွန်ခဲ့တဲ့(၆)နှစ်က ကျွန်တော်တို့ဆေးရုံမှာ ခင်ဗျားတို့ ကလေးလွဲသွားတယ်တဲ့......မိဘ(၂)ဦးအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ရပ်ပါပဲ....အဲ့ဒီအချိန်မှာ သူတို့ DNA ပြန်စစ်တော့ တကယ်လည်း လွဲမှားနေတယ်....ဆေးရုံက လူကြီးတွေက လွဲခဲ့တဲ့ (၂)ဘက်မိဘတွေကိုတွေ့ဆုံပေးတယ်...ဒီနေရာမှာ ကြည့်ရှူနေတဲ့ ခင်ဗျားတို့သာဆိုရင်ရော ဘယ်လိုလုပ်မလဲ....ကိုယ့်သားလေးအရင်းဆိုပြီး(၆)နှစ်လုံးပြုစုပျိုးထောင်လာခဲ့တာ...ဟော ခုတော့ သားအရင်းမဟုတ်တော့ဘူးတဲ့.....ကလေးချင်းပြန် လဲမှာလား.....ဒီလိုကျပြန်တော့လည်း (၂)ဘက်မိဘတွေကမလုပ်ရက်ပြန်....မလဲရင်လည်း ကိုယ့်သားအရင်းမဟုတ်တဲ့အပြင် ကျောင်းမွေးစာရင်းမှာ မိဘရဲ့ DNAက မကိုက်လို့ကျောင်းအပ်ဖို့ကလည်းအခက်အခဲဖြစ်.....Capernaum(2018) ဇာတ်ကားထဲမှာတော့ ခင်ဗျားတို့အားလုံးဟာဇိမ်းရဲ့အဖြစ်တစ်ခုကို လိုက်လံခံစားရတာ...ပြောချင်တာက ဇိမ်းပါဝင်တဲ့Capernaum(2018)လိုကားမျိုးကိုကြိုက်တယ်ဆိုဒီကားကိုလည်းကြည့်ကြပါလို့ပြောချင်တယ်...ဒီကားမှာတော့ မိဘ (၄)ယောက်နဲ့ သားလေး(၂)ယောက်နောက်ကိုပါ လိုက်ပြီးတွေးရတယ်.....ငါဆိုရင်ရော ဘယ်လိုလုပ်မလဲ....အကောင်းဆုံးဖြစ်အောင် ...
movie
Like Father, Like Son (2013)
2013
6.5
As the Gods Will (2014)
As the Gods Will (2014) IMDb - 6.5/10_____Rotten - 57% အခုတစ်လော ဗီယက်နမ် ရုပ်ရှင်တင်တဲ့ ဆိုက်တစ်ခုကနေ တင်လိုက်လို့ပြန်လည်နာမည်ကြီး ဟော့နေတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးက IMdb 6.5 ရထားပြီးတော့ anime ကို live action ပြန်ရိုက်ထားတာပါ... အသက်နဲ့ရင်းပြီးကစားရတဲ့ ကစားနည်းတွေ... ဖြတ်ထိုးဉာဏ်.. စည်းလုံးမှု... ကိုယ်အား.. စိတ်အား... ကံ.. ဝီရိယဘက်စုံသုံးပြီး အဆင့်တွေ ကျော်လွှားရတာ... နည်းနည်းကလေးဆန်ပေမယ့် ထင်မထားတဲ့ အကွက်လေးတွေ ပါပါတယ်..m.ကာတွန်းမှာ ကာတွန်းမို့ ဒီတိုင်းကျော်သွားလို့ရပေမယ့် လူနဲ့ပြန်ရိုက်တဲ့အခါမှာတော့ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတဲ့အကြောင်းအရင်း ရယ် .. ကျောင်းသားတွေ သောက်သောက်လဲသေပေမယ့် ဘာမှအဖြေထွက်မလာတာရယ်ကတော့ ဘဝင်မကျစရာအချက်တွေပါ... ဒါပေမယ့် anime ကို နှစ်သက်သူ... ဂျပန်ကားကို ကြိုက်သူတွေအတွက်တော့ ကြည့်ပျော်ရှုပျော်ဖြစ်မယ့် ကားတစ်ကားပါပဲဇာတ်ကားဘာသာပြန်နဲ့ အညွန်းကိုတော့ ညီသံလွင်ကရေးသားပေးခဲ့တာပါ File Size - 839 MB File Type - Mp4 Qty ...
movie
As the Gods Will (2014)
2014