Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lillete Dubey
5.3
Yaariyan 2(2024)
Yaariyan 2 (2023) "အချစ်များ လွှမ်းခြုံ၍"မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါလာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ "အမေ့နို့ဖိုး" ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ်သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို...တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.64GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Yaariyan 2(2024)
2024
5.3
Dosti: Friends Forever (2005)
Dosti: Friends Forever (2005) "အခင်ဆုံးသူငယ်ချင်းနှစ်ယောက်"2005 ကထွက်ရှိခဲ့တဲ့ ရိုမန့်/ဒရာမာ ကားဟောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မင်းသားချော အာရှေးကူးမားနဲ့ အတူ Bobby Deol နဲ့ Kareena Kapoor တို့ပါဝင်ထားတဲ့ အတိတ်ကို ပြန်လွမ်းချင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ"မိတ်ဆွေသူငယ်ချင်းဆိုတာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲ" ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဘဝမှာ ချစ်သူနဲ့တောင် ဝေခွဲဆုံးဖြတ်လို့မရနိုင်တဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းထဲမှာ "ကာရန်" နဲ့ "ရာ့ဂျ်" တို့ရဲ့သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားနိုင်ခဲ့ပြီး အာရှေးကူးမားရဲ့ မျက်နှာပြောင်ပုံတွေကလည်း ဖျော်ဖြေပေးနိုင်သလို သူ့ရဲ့ ဒရာမာချိုးပုံကလည်း ထိမိဂွိကြောင်းပါကာရန်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားဆိုပေမယ့် သူ့အတွက် မိသားစုဝင်ဖြစ်ခဲ့တာကတော့ သူငယ်ချင်း ရာ့ဂျ် ပဲဖြစ်ပါတယ် အဖေက စီးပွားရေးနဲ့ အမြဲအလုပ်ရှုပ်နေခဲ့ပြီး အမေကလည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောဖို့လောက်သာ အာရုံစိုက်ခဲ့တဲ့သူမို့ ကာရန်ဟာ ငယ်ငယ်လေးတည်းက ရွှေဘုံပေါ်မှာ အထီးကျန်ဆန်တဲ့ ...
movie
Dosti: Friends Forever (2005)
7.3
Gadar: Ek Prem Katha (2001)
Gadar: Ek Prem Katha (2001)IMDb-7.3/10ပူပူလောလောထွက်ရှိထားတဲ့ Gadar 2 ကြည့်ရှူပြီးသွားကြတဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်ကထွက်ရှိခဲ့တဲ့ ပထမကား Gadar: Ek Prem Katha ကိုလည်း qualityကောင်းကောင်းနဲ့ တင်ဆက်ပေးလိုက်ပါတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကထွက်ရှိခဲ့တဲ့ကားဆိုပေမဲ့ သူ့ခေတ်သူ့အခါမှာ ဘက်ပေါင်းစုံကအောင်မြင်ခဲ့တဲ့ကားပါ ရုံတင်ငွေ 1.33 ဘီလီယံထိရရှိခဲ့ပြီး အမီးရ်ခန်းရဲ့ Lagaan နဲ့ ခေတ်ပြိုင်ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ် 1990 နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ ကြည့်ရှုမှုဒုတိယအများဆုံးအနေနဲ့ စံချိန်တင်ခဲ့တဲ့ကား ၊ ပါဝင်တဲ့သရုပ်ဆောင်တွေကို ထူးချွန်ဆုတွေရရှိပြီး Nomination ပေါင်းများစွာဝင်စေခဲ့တဲ့ကားပါဇာတ်လမ်းအညွှန်း1947 အိန္ဒိယနဲ့ ပါကစ္စတန်ရယ်လို့ နှစ်နိုင်ငံခွဲခွဲပြီးချင်းအချိန်မှာတော့ ပြည်သူတွေကို ဘယ်မှာမဆိုစိတ်ကြိုက်နေထိုင်နိုင်ကြောင်း ခွင့်ပြုခဲ့ကြတယ် ဒါပေမဲ့ မတူညီတဲ့ ဘာသာရေးအယူအဆတွေနဲ့ လူသန်းပေါင်းများစွာရဲ့ သဘောထားကွဲလွဲမှူကနေ အဓိကရုဏ်းတွေဖြစ် သွေးချောင်းစီးခဲ့ရတယ်ဒီအဖြစ်ဆိုးတွေမတိုင်ခင် 1947 အစောပိုင်းမှာ အဆိုရူးလေးတာရာနဲ့ ဆာကီနာတို့ဟာ ကျောင်းပွဲတစ်ခုကိုအကြောင်းပြုပြီးနီးစပ်ခဲ့ကြသူတွေ...ရှုပ်ထွေးလွန်းတဲ့ အဓိကရုဏ်းနဲ့ နှစ်နိုင်ငံမတည်ငြိမ်မှုတွေကြားက လူတွေရဲ့ခက်ခဲတဲ့ဘဝတွေ ဒီဖြစ်ရပ်ဆိုးတွေကြားက ပေါ်ထွက်လာာတဲ့ အချစ် ၊ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံ စတေးမှုတွေကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ...
movie
Gadar: Ek Prem Katha (2001)
2001
4K HEVC
6.5
The Second Best Exotic Marigold Hotel (2015)
The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံရေးအကြောင်းတွေ၊ ...
movie
The Second Best Exotic Marigold Hotel (2015)
2015
7.2
The Best Exotic Marigold Hotel (2011)
The Best Exotic Marigold Hotel (2011)~ IMDb - 7.2/10, Rotten Tomatoes - 78% ~Shakespeare in Love နဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ...
movie
The Best Exotic Marigold Hotel (2011)
2011
7.8
The Lunchbox (2013)
IMDb Rating (7.8) / Rotten Tomatoes (97%)အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာကစလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ ...
movie
The Lunchbox (2013)
5.4
Blind (2023)
Blind 2023Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL
movie
Blind (2023)
2023
7.2
Tadka (2022)
Tadka 2022ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ... အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့ ပရိသတ်ကြီးကြိုက်ကြမယ်ထင်ပါတယ်..... ဇာတ်လမ်းအညွှန်းလေးကတော့ တူကာရမ်(Nana Patekar)က အစားအသောက်တွေကိုနှစ်သက်တဲ့ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး လူပျိုကြီး တစ်ကိုယ်တည်းသမားပေါ့.. မဒူရား (Shriya Saran)ကတော့ ရေဒီယိုတင်ဆက်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ မဒူရာနဲ့ ဖုန်းမှားခေါ်မိရာက လေလှိုင်းထဲကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သဘောကျမိသွားကြပါတယ်.. ကိုလူပျိုကြီးတူကာရမ်ကတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ ဖုန်းထဲမှာတော်ကီတွေလွှတ်ပစ်ပြီး ချုပ်တာပေါ့..ဒါပေမယ့်တကယ်တမ်းလူချင်းတွေ့ကြမယ်ဆိုတော့ မထုံတက်တေးနဲ့မထော်မနမ်းတွေလုပ်မိမှာလဲစိုး..ဒီလိုနဲ့ တူကာရမ်ရဲ့တူဖြစ်သူ ခပ်နောက်နောက်လူငယ်လေး ဆစ် (Ali Fazal) နဲ့ အရမ်းဟော့တဲ့ နီကိုလ် ( Taapsee)တို့က လူအစားဝင်ပြီးတွေ့ကြတဲ့အချိန်မှာ နီကိုလ်းရဲ့အလှမှာမျောသွားတဲ့ ဆစ်က အရွယ်ချင်းကွာတယ် အဆင်မပြေဘူးဘာညာပေါ့...ကိုလူပျိုကြီးတူကာရမ်ရဲ့ ကြီးမှဝက်သက်ပေါက်ရတဲ့အချစ်ဇာတ်လမ်းမှာ သူတို့လေးယောက်ဘယ်လိုတွေများ မီးစင်ကြည့် ကကြမလဲဆိုတာ ကြည့်ရင်းရယ်ရင်းနဲ့ပဲ ဆက်လက်အားပေးလိုက်ကြပါဦး.... File size…1.94GB / 938MB Quality…1080p True HD / 720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Taylor ~ Thet Ko
movie
Tadka (2022)
2022
7.9
Lakshya (2004)
Lakshya (2004)===================================မြန်မာစာတန်းထိုးမြန်မာပြည်ပရိတ်သတ်တွေကြား လက်ပွားမင်းသားရယ်လို့ လူသိများလှတဲ့ ဘောလိ၀ုဒ်မင်းသား Hrithik Roshan နဲ့ Amitabh Bachchan , မင်းသမီးချော Preity Zinta တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်ကားဟာ War-Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး ၊ ပြသချိန် ၃နာရီကျော် ကြာမြင့်ပါတယ်။ ဇာတ်ကားရဲ့နာမည် Lakshya ဆိုတာ မြန်မာလို "ရည်ရွယ်ချက် ၊ ရည်မှန်းချက်"လို့ အဓိပ္ပာယ်ရပြီး တိုင်းပြည်အနာဂါတ်အတွက် အရေးပါလှတဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍကို လူငယ်တစ်ယောက်အကြောင်းနဲ့ ဥပမာထား တင်ပြထားတာပါ။ကာရန်ရှာဂဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့သားဖြစ်ပြီး မိဘက လိုလေသေးမရှိ ဖြည့်ဆည်းပေးထားတဲ့အတွက် ဘ၀ကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ ကျောင်းပြီးသွားရင် သူ့ချစ်သူရိုမီလာအပါအဝင် သူနဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကပါ သူတို့ဘ၀တွေအတွက် ဘာလုပ်ကြမယ် ၊ ညာလုပ်ကြမယ်ဆိုပြီး ရည်မှန်းချက်ကိုယ်စီရှိကြပေမယ့် သူ့မှာတော့ ဘာရည်မှန်းချက်မှ မရှိပါဘူး။ဒီအချိန်မှာပဲ ရည်းစားဖြစ်သူနဲ့ သူတို့ဘ၀ရှေ့ရေးအတွက် တိုင်ပင်ရင်း လူဆိုတာဘ၀မှာရည်မှန်းချက် ရှိသင့်တဲ့အကြောင်းပြောလာလို့ ကာရန်လည်း သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အိန္ဒိယစစ်တပ်ထဲကို ဝင်ဖို့ ပြင်ဆင်ပါတော့တယ်။ ကံဆိုးချင်တော့ ဝင်ခွင့်လျှောက်လွှာတွေတင်အပြီး လူအရွေးခံရပြီဆိုတော့မှ သူ့သူငယ်ချင်းက အမေရိကားကိုသွားမှာမို့ တပ်ထဲကို မဝင်ဖြစ်တော့ဘူးဆိုတာကို ဖွင့်ပြောလာပါတယ်။ မိဘတွေအရိပ်အောက်မှာတုန်းက ဘာကိုမှ လက်ကြောတင်းအောင်မလုပ်ဖူးတဲ့ သကောင့်သား ...
movie
Lakshya (2004)
2004
7.2
Unpaused(2020)
Unpaused(2020)ဇာတ်လမ်းအညွှန်းIMDb...7.2Covid 19 အဆင့်မဟုတ်တော့ဘူး Covid 30ထိတောင်ရောက်ကုန်ပြီ...အိမ်မှာနေပြီး အပြင်မထွက်ရတဲ့အချိန်ပိုများလာတဲ့အပြင်သေဆုံးတဲ့ဉီးရေကလည်း များပြားလွန်းလှတယ်...ဒါ့ကြောင့် အဟန်ဆိုတဲ့သူဟာ အိမ်မှာနေတယ် ..onlineကနေ ဘွဲ့တွေယူတယ်...ဘွဲ့လက်မှတ်တွေနံရံအပြည့်...နောက်ဆုံး စားဖိုမှူးဘွဲ့တောင်ကောက်ယူလိုက်သေးတယ်....ကြိုးခုန်တယ်...Tvကြည့်တယ်...နည်းပညာအကူအညီရယူပြီး onlineကနေ ဆော်တွေပတ်ဒိတ်တယ်...အခုဆို သူဒိတ်တာ၁၉၃ယောက်ရှိပြီ....အိမ်ထဲမှာနေရတာများတော့ အထီးကျန်ခြင်းတွေကို ဖြေဖျောက်ဖို့ ကောင်မလေးတွေနဲ့ဒိတ်လိုက်စိတ်တိုင်းမကျလိုက်နဲ့...နောက်တော့ အင်္ကျီအနီဝတ်ထားတဲ့ ၁၉၄ယောက်မြောက်ခပ်လှလှမိန်းကလေးနဲ့ တွေ့တော့မှာတလွဲကြီးတွေစဖြစ်တော့တာပဲ...ဒီကားက Covidကာလအတွင်းရိုက်ကူးထားတာဖြစ်ပြီး အခုလက်ရှိအဖြစ်အပျက်တွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြထားသလို ရယ်လည်းရယ်ရပါတယ်...အားပေးမှုများတဲ့ဇာတ်ကားဖြစ်လို့ ကြည့်သင့်ပါကြောင်း...File Size : (1.98GB) and (979 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Unpaused(2020)
7.8
Chalte Chalte (2003)
ဒီကားကတော့ roတဲ့နေရာမှာဆရာကျတဲ့ King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်မြောက်ကားတစ်ကားပါ Love at first sight ဆိုတဲ့အတိုင်း ပရီယာဆိုတဲ့ကောင်မလေးနဲ့ကားမတော်တဆဖြစ်ရာက ရက်ဂျ်ဆိုတဲ့ကောင်လေးချစ်မိရာက စပါတယ် ဘယ်လောက်တောင်ချစ်လဲဆိုရင် ကောင်မလေးစေ့စပ်ပွဲလုပ်မယ့် ဂရိ အထိလိုက်သွားရလောက်တဲ့အထိပါပဲ ဂရိအထိလိုက်တဲ့ခရီးစဥ်တလျှောက်ပိုးပန်းပုံ အဆင့်ဆင့်ကနေပညာယူလို့ရပါတယ်နော် တအားကိုချစ်တတ်ချင် roချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့ကိုကိုတွေလည်း ဒီကားကိုကြည့်သင့်ပါတယ်နော် ဒီကားက သာမာန် ချစ်ကြိုက်ညား အချစ်ကားတွေနဲ့မတူဘဲ ချစ်သူဘဝကနေ ညားတဲ့အထိ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ တအားကိုroပြီးချစ်တတ်တဲ့ ရက်ဂျ်နဲ့ တအားကိုဖင်ပိတ်အငြင်းသန်ဆဲ့ ပရီယာတို့ နှစ်ယောက်ကိုကြည့်ပြီး အချစ်ဓါတ်တွေ ကူးနိုင်ကြပါစေလို့... File Size – 2 GBQuality – Bluray 720P Duration – 2h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Translator – DollyEncoder – Thit San Khant zawgyi ဒီကားကေတာ့ roတဲ့နေရာမှာဆရာကျတဲ့ King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်မြောက်ကားတစ်ကားပါ Love at first sight ဆိုတဲ့အတိုင်း ပရီယာဆိုတဲ့ကောင်မလေးနဲ့ကားမတော်တဆဖြစ်ရာက ရက်ဂ်ျဆိုတဲ့ကောင်လေးချစ်မိရာက စပါတယ် ဘယ်လောက်တောင်ချစ်လဲဆိုရင် ကောင်မလေးစေ့စပ်ပွဲလုပ်မယ့် ...
movie
Chalte Chalte (2003)
2020
7.2
Fanaa [2006]
Fanaa (2006) မြန်မာစာတန်းထိုး ====================IMDb...7.2ကဲ ... အခုလိုအေးချမ်းလှတဲ့ မိုးရာသီလေးမှာ ဆွတ်ပျံကြည်နူးစရာ အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျာ..ဘောလီဝုဒ်ရဲ့ ခန်း(မ်) ၃ ခန်း(မ်)ထဲက နာမည်ကြီး တစ်ယောက်ဖြစ်တဲ့ အမီးရ်ခန်း(မ်)နဲ့ အခုချိန်ထိ ချောဆဲ လှဆဲ မင်းသမီးတစ်လက်ဖြစ်တဲ့ ကာဂျိုလ်တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းတကားလည်း ဖြစ်ပါတယ်..သူ့ခေတ်သူ့အခါမှာ နာမည်ကြီး အောင်မြင်မှုတွေရခဲ့တဲ့အပြင် အခုထိလည်း လူကြိုက်များဆဲ ဇာတ်ကားကောင််း တစ်ကားဖြစ်ပါတယ်...ဇာတ်ဝင်တေးချိုချိုလေးတွေ၊မှိန့်မေားစရာ နောက်ခံတေးဂီတ ၊ ရိုက်ကွင်းရှု့ခင်း ခပ်လှလှလေးတွေနဲ့ ဆွေးစရာ၊ လွမ်းမောစရာ ကြည်နူးစရာ အချစ်ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ်...ဆုတွေအနေနဲ့လည်း ဘောလီဝုဒ်ရဲ့ အကြီးမားဆုံးဆုပေးပွဲတစ်ခုဖြစ်တဲ့ Filmfare Awards မှာBest Actor (female) အဖြစ် ကာဂျိုလ် Best Playback Singer (Male) အဖြစ် Shaan Best Lyrics အဖြစ် Parsoon JoshiZee Cine Awards မှာလည်း Best Actor (female) အဖြစ် ကာဂျိုလ် Best Playback Singer ...
movie
Fanaa [2006]
2006