Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lijomol Jose
6.4
Nadanna Sambhavam (2024)
Nandanna Samhbavam (2024) "လွတ်မြောက်ရာ" IMDb - 6.4/10ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Nadanna Sambhavam (2024)
2024
5.8
Pulimada(2023)
Pulimada (2023) "နွားသိုးကြိုးပြတ်" IMDb - 7.2/10ငယ်ရွယ်စဥ်အခါက အမေဖြစ်တဲ့သူကို တခြားလူတွေက အရူးမကြီးဆိုပြီးတော့ သံကြိုးတွေနဲ့ခတ်ထားပြီး သေဆုံးသွားတာတောင်မှ သံကြိုးတန်းလန်းနဲ့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရတဲ့ သားဖြစ်သူ ဗင်းဆင့်ဟာ သူ့အမေလိုမျိုး သူလည်း မျိုးရိုးလိုက်ပြီး ရူးသွားမှာကို ကြောက်တာနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့တဲ့သူပေါ့။စီစဥ်ထားတဲ့ မင်္ဂလာပွဲတွေအကုန်လုံးကို လက်မခံဘဲနေရင်းကနေမှ သူသဘောကျတဲ့ကောင်မလေးကို တွေ့သွားပြီး လက်ထပ်ဖို့အတွက် သူ့ရဲ့ စိတ်အခြေအနေ အဆင်ပြေရဲ့လားဆိုတာကို စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးရင်း ဆရာဝန်ရဲ့ အားပေးမှုတွေနဲ့အတူ သူသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဗင်းဆင့်ဟာ သူသဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းနဲ့ဘဲ နှစ်ယောက်သား ညှိနှိုင်းမှုတွေလုပ်ရင်း အဆင်မပြေတာလေးတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မင်္ဂလာဆောင်ရမယ့်ရက်လေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ လူပျိုသိုးကြီးကိုဗင်းဆင့်ကတော့ သဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေတော့တာပေါ့။ဒီလိုနဲ့ပဲ သတို့သမီးကို သွားပြီးတော့ ခေါ်တဲ့အချိန်မှာတော့ သတို့သမီးဟာ အိမ်မှာမရှိဘဲ ပျောက်ဆုံးလို့နေပါတော့တယ်။ လူပျိုသိုးကြီးဗင်းဆင့်ဟာလည်း အရှက်ကြီးရှက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ မင်္ဂလာပွဲကို ဖျက်ပစ်ခဲ့တော့တာပေါ့။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တောထဲမှာ လူသားစားတဲ့ကျားက ...
movie
Pulimada(2023)
2023
9.7
Jai Bhim(2021)
v" မရှိခိုးနိုး မလှစုန်းမျိုး "ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို "အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်" "ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး" ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ "ရဲ"ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ .. လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့် လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ … အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့် .. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။ File size…1.6GB / 2.6GB Quality…720p / 1080p HEVC 5.1Ch Format…Mp4 Duration….2h 44 min Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Lai Laii
movie
Jai Bhim(2021)
2021
HEVC 1080p 5.1