Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liao Hui-Jen
6.6
18×2 Beyond Youthful Days ( 2024 )
CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်...ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်...သူ့နာမည်က အာမီတဲ့... သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့... အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး... ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း... ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့...အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်... အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်... ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်... Filesize : 792 MB / 467 MB Quality : WEB-DL 1080p , ...
movie
18×2 Beyond Youthful Days ( 2024 )
6
Help Me, Eros (2007)
(18+) Help me Eros (2007)လွင့်နေတဲ့ဇာတ်လမ်းကြည့်ချင်ပါတယ်ဆို ဒီကားကိုသာ ပြေးကြည့်လိုက်တော့။ အလွင့်ကိုမှ အငြိမ်ဇယားလေးလွင့်တာ။လောကမှာ အသက်ရှင်ချင်တဲ့သူတွေက စောစောစီးစီး ဘဝကထွက်သွားကြရပြီး ဆက်ရှင်သန်လိုစိတ်မရှိတဲ့သူတွေကို ဒုက္ခတွေ တစ်လှေကြီးနဲ့ အသက်ရှည်အောင် ပစ်ထားတာမျိုး။အဲ့လိုလောကမှာ ခက်ခဲပင်ပန်းပြီးကုန်းကောက်စရာမရှိအောင်မွဲတေနေပေမယ့် လူဆိုတာအချစ်ကိုမျှော်လင့်တတ်ကြတုန်းပဲ။ ကျန်တာ မရှိချင်နေ "အချစ်" ဆိုသော ထိုအရာက လူတစ်ယောက် ရှင်သန်ဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲ။ကိုယ်ကချစ်နေပေမယ့် ကိုယ့်အချစ်ကို တန်ဖိုးမထားတော့တဲ့အခိုက်အတန့် ၊ သူထွက်သွားပြီးမှ သူ့အချစ်ကိုနားလည်တဲ့အခိုက်အတန့်၊ အချစ် ဆိုတာ မရှိတော့တဲ့အခိုက်အတန့်ဟာ နောက်ဆုံးကောက်ရိုးမျှင်ပါ နှစ်မြုပ်သွားသလိုပါပဲ။မှတ်ချက်- အချစ်ဇာတ်လမ်းဆိုပေမယ့် 18+ တော့ ပါတာမို့ မိသားစုနဲ့ ကြည့်ဖို့ကတော့ မသင့်တော်ပါကြောင်း။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adult, Drama Quality…. 720p | 480p File size… 1.1GB | 510MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... ...
movie
Help Me, Eros (2007)
2007