Channel Myanmar

Liam Walker

White Blood (2023) 6.0
White Blood (2023)  ဒီဇာတ်ကားလေးကတော့ မင်းသားမင်းသမီးလင်မယားနှစ်ယောက်တည်းနဲ့တစ်ကားလုံးပြီးသွားတာဖြစ်ပြီး လွယ်မလိုလိုနဲ့ခက် ရိုးရှင်းမလိုလိုနဲ့ရှုပ်ထွေးပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ White Blood ဖြစ်ပြီးလက်ရှိ IMDb Rating 6.0 ရရှိထားပြီး အက်ကြောင်းထပ်နေတဲ့ဇာတ်လမ်းဇာတ်ကွက်တွေကိုရိုးအီနေတဲ့လူတွေအတွက် ဦးနှောက်စားပြီးကြည့်ရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။မာ့ခ်နဲ့ဘက်တီတို့လင်မယားကဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ပြီးကံဆိုးစွာနဲ့ပဲ ဘက်တီက ကင်ဆာရောဂါဝေဒနာကိုခံစားနေရပါတယ်။ဒီကြားထဲ ကင်ဆာနဲ့တင်မလုံလောက်သေးလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလို့ဆိုပြီးအသည်းအသန်တွေဖြစ်လို့ ဆေးရုံကတက်ခဲ့ရပါသေးတယ်။ဒီလိုနဲ့ဆေးရုံကဆင်းပြီးနောက်မှာ လင်မယားနှစ်ယောက်သားကျေးလက်ဘက်မှာရှိတဲ့အိမ်လေးတစ်လုံးမှာသွားအနားယူခဲ့ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီကိုရောက်ပြီးသိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ကြားမှာပဋိပက္ခတွေဖြစ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်ကူးယဉ်ဆန်ဆန်ဒရာမာဆန်ဆန်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်..  File size…1.25 GB / 836 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 23m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

White Blood (2023)