Channel Myanmar

Li Xian

Soul Snatcher ( 2020 ) 6.2
Soul Snatcher ( 2020 ) ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့...ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ်ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး Filesize : 5.22 GB / 1.88 GB ...
movie

Soul Snatcher ( 2020 )

4K HEVC
Leap ( 2020 ) 6.7
Leap ( 2020 ) Imdb 6.7  ရရှိထားပြီးတော့ဆယ်စုနှစ်နဲ့ချီတဲ့ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဆိုမမှားတဲ့တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့...တစ်ချိန်က တရုတ်အမျိုးသမီးဘောလီဘောအဖွဲ့ဟာ တရုတ်ဆိုတဲ့နာမည်ကို ကမ္ဘာကသိရမယ်ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်ထားပြီး အသက်ပေးကြိုးစားလေ့ကျင့်ခဲ့ကြတယ်။ဒီလိုနဲ့ပဲ ၁၉၈၂ ခုနှစ်မှာ အိပ်မက်တွေအောင်မြင်ပြီး ချန်ပီယံဆုကိုပိုက်ကာ အိမ်ပြန်လာခဲ့တယ်ပေါ့.လျန်ဖင်းဆိုတဲ့ သူရဲကောင်းကတော့ အမေရိကားအဖွဲ့ရဲ့ နည်းပြအဖြစ်နှစ် ၂၀ အကြာ မိခင်မြေကို ပြန်ပြီး မိခင်အဖွဲ့နဲ့ပြန်ပြိုင်ရတဲ့အခါမှာတော့တစ်ချိန်က သူကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီး ဘောလီဘောအဖွဲ့ကစံနှုန်းတွေကျနေတာနဲ့အတူ သူနည်းပြလုပ်နေတဲ့ အမေရိကန်အဖွဲ့ကိုပါရှုံးခဲ့တဲ့အချိန်မှာတော့ သူ့ဆုံးဖြတ်ချက်တွေအတွက် ပြန်လည်ဆန်းစစ်ခဲ့တော့တယ်။တစ်ချိန်က ဘာအကူအညီလေ့ကျင့်ရေးစက်တွေ နည်းလမ်းတွေဘာမှမရှိချိန်တုန်းကအသက်ပင်ပေးရပါစေ ချန်ပီယံကို အရယူမယ်လို့ ကြိုးစားခဲ့တဲ့ ခေတ်ကနေအားကစားစက်တွေ လေ့ကျင့်နည်းတွေအပြည့်နဲ့ အားလုံးက ပြိုင်ပွဲကဂိမ်းတစ်ခု အရှုံးအနိုင်က နာမည်တစ်ခုလို့ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုကိုလျန်ဖင်းတို့ဘယ်လိုမှ နားမလည်နိုင်တာအမှန်ပါ။ ဒါကြောင့်လည်း သူတရုတ်ပြည်မှာကျန်ခဲ့ပြီး နည်းပြလုပ်ပြီး တစ်ချိန်က အမျိုးသမီးဘောလီဘောအဖွဲ့နာမည်ကိုထိန်းမယ်လို့ ကြိုးစားခဲ့ပါတယ်။ကြိုးစားမယ်ဆိုတိုင်း ကြိုးစားလို့ရတာမျိုးတော့မဟုတ်ဘူးလေ။အားကစားသမားတွေအရင်စုရတယ်။ လေ့ကျင့်မှုတွေနဲ့အတူ စိတ်ဓာတ်ပါပြုစုပျိုးထောင်ရတာတွေနဲ့ ပင်ပန်းရတဲ့ကြားထဲမှာ ပြိုင်ပွဲကာလအတွင်းထွက်သွားတဲ့ အားကစားသမားတွေနဲ့....ဒီလိုခက်ခက်ခဲခဲကြိုးစားမှုရလဒ်ကတော့ ၂၀၁၆ ခုနှစ်ကမ္ဘာ့အားကစားပြိုင်ပွဲမှာ အဖြေသိရမှာပါ။အဖြေကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြပါလို့.... Quality ...
movie

Leap ( 2020 )