Channel Myanmar

Li Shimeng

The Umbrella Fairy ( 2024 ) 6
The Umbrella Fairy ( 2024 ) အရာဝတ္ထုတွေက ဘာအတွက် တည်ရှိနေတာလဲ... ဒီမေးခွန်းလေးကို ဒီကားလေးက ဖြေပေးသွားပါလိမ့်မယ်... ရှော့ပင်ထွက်တဲ့အခါ ငါကမဝယ်ချင်သူ ပစ္စည်းက လှမ်းခေါ်နေလို့ ဝယ်ပါလို့ပြောနေလို့ဆိုတာ မှန်လောက်တယ်... ဘာလို့လဲဆိုတော့ ပစ္စည်းတွေက ပိုင်ရှင်နားနေတာကြာတဲ့အခါ စိတ်ဝိညာဉ်လေးတွေဖြစ်လာပြီး အသက်ရှိသွားကြတယ်...သူတို့ သခင်နဲ့အတူရှိချိန်မှာ သခင်နဲ့အတူ နေ့ရက်တိုင်းကို တာဝန်ကျေဖြတ်သန်းပေးပြီး သေသွားတဲ့အခါ သူတို့ပိုင်ရှင်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးရင်း ကျန်ရစ်သူတွေအတွက် အမှတ်တရအဖြစ် ဆက်နေပေးသွားကြတယ်တဲ့...ဇာတ်လမ်းလေးကတော့ ... ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာ စုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့...ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့ တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့...ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်... ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်...ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့ သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်... ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့...ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ... ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက စိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်... မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့..ကဲ ...
movie

The Umbrella Fairy ( 2024 )

New Gods: Nezha Reborn ( 2021 ) 6.8
New Gods: Nezha Reborn ( 2021 ) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ နီကျား ဒီခေါတ်မှာ လူပြန်ဝင်စားတဲ့ကားလေးပါလွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်လောက်က နီကျားဟာ အရှေ့ပင်လယ်နဂါးမင်းရဲ့တတိယသားကို သတ်ခဲ့ပြီး သူ့ရဲ့ဝိညာဉ်ဟာလူ့ပြည်ကို လွတ်မြောက်လာခဲ့တာပါအခုခေါတ်အချိန်ခါမှာ နီကျားဟာ ပို့ဆောင်ရေးလုပ်နေတဲ့ ဆိုင်ကယ်ပြိုင်ပွဲဝါသနာအိုး လူငယ် လီယွင်ရှန်းအနေနဲ့ လူပြန်ဝင်စားခဲ့ပါတယ် ရန်သူဟောင်းအရှေ့ပင်လယ် နဂါးမင်းနဲ့ သူ့သားကို ပြန်တွေ့ရတဲ့အခါမှာ သူချစ်ရသူတွေကိုကာကွယ်ဖို့အတွက် သူ့စွမ်းအားတွေကိုပြန်ရှာရဖို့ဖြစ်လာပါတော့တယ်အဲ့နောက်မှာတော့ နီကျားအနေနဲ့ ဘယ်လိုကံကြမ္မာတွေကိုရင်ဆိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော် Quality : WEB-DL 720pFormat : mp4Subtitle : Myanmar Sub ( Hardsub )Translated By Yamin EiEncoded By LK
movie

New Gods: Nezha Reborn ( 2021 )