Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Li Qinqin
5.9
Day Dreaming ( 2024 )
ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie
Day Dreaming ( 2024 )
5.8
A Night of Return ( 2023 )
လူငယ်လေးတယောက်က အဘိုးကြီးတစ်ဦးနဲ့ဆုံတွေ့ပြီး အဘိုးကြီးခေါ်တဲ့နောက်ကိုလိုက်သွားရင် ထူးဆန်းတာတွေတခုပြီးတခုမြင်နေရပါတော့တယ်......အဲ့ဒီ့အဘိုးကြီးက ဘယ်ကနေပေါ်လာတာလဲ... မမြင်အပ်မမြင်သင့်တဲ့ဘဝတွေကိုပါမြင်နေရတာက ဘယ်ကအစပြုခဲ့တာလဲ..... အိမ်ပြန်ချင်ပေမယ့် ပြန်လိုမရပဲပိတ်မိနေတဲ့အကြောင်းအရင်းအစရှိတဲ့ ပဟေဠိပေါင်းမြောက်မြားစွာကို ဖော်ထုတ်နိုင်ပြီး အိမ်ပြန်လိုရသွားမလားဆိုတာကိုတော့ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie
A Night of Return ( 2023 )
5.9
Tempting Hearts ( 2021 )
ဒီတစ်ခါတင်ဆက်ပေးမှာတော့ ပေါ့ပေါ့ပါးပါးအချစ်ကားလေးဖြစ်ပါတယ်ထိုင်ဝမ် F4 မင်းသား Jerry Yan သရုပ်ဆောင်တဲ့ အိုင်တီကုမ္ပဏီပိုင်ရှင် ကျိုးချီဝိန်ရဲ့ ဂိမ်းကုမ္ပဏီဟာလက်အောက်ကဝန်ထမ်းတွေရဲ့Live လွှင့်မှုကြောင့် အွန်လိုင်းမှာယုတ်မာတဲ့ယောင်္ကျားတွေဆိုပြီးဟိုးလေးတစ်ကျော်ဖြစ်သွားပြီးကုမ္ပဏီကိုဖျက်သိမ်းလိုက်ရပါတယ်။ပြဿနာရဲ့ဇာစ်မြစ်ကိုရှာလိုက်တဲ့အခါ ကြင်ဖက်ရှာတဲ့App ကုမ္ပဏီဝန်ထမ်းဆိုတော့ကျိုးချီဝိန်တို့ ညီအကိုတစ်သိုက်ကိုခေါ်ပြီး ပြဿနာသွားရှာလေရဲ့ကြင်ဖက်တွေ့App အဖွဲ့ဝင်အမည်ခံပေမယ့် သူတို့ရဲ့စီးပွားရေးဖျက်ဖို့ရည်ရွယ်ချက်ထားကြပါတော့တယ်။ဒါပေမယ့် ကျိုးချီဝိန်ကAppပိုင်ရှင်သူဌေးမ ချိန်ရန်( Suxi Ren )ရဲ့စီစဉ်မှုကိုကောင်းကောင်းကြီးခံရပါတော့တယ်။ကြင်ဖက်ရှာရင်း တွေဆုံရင်းနဲ့ သူတို့၂ယောက်က တစ်ယောက်အပေါ်တစ်ယောက်ထားခဲ့တဲ့အမုန်းတွေကိုဖယ်ရှားနိုင်ပြီး သံယောဇဉ်တွေညှိတွယ်လာပါတော့တယ်။သူတို့၂ယောက်ကအချစ်စစ်ရခဲတဲ့ခေတ်ကြီးမှာ လွဲချော်သွားမလားအချစ်ကိုတန်ဖိုးထားဆုပ်ကိုင်နိုင်မလား ဆိုတာကိုပြုံးပြုံးကြီးကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080pFormat : mp4Genres : Drama , RomanceDuring : 1h 34 minSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie
Tempting Hearts ( 2021 )
6.4
The Island (2018)
ဒီဇာတ်ကားအကြောင်းကိုပြောရမယ်ဆို ရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေမယ်လို့တွေးမိပါတယ် ဘာလို့များလဲ ကျွန်တော်လဲလူသားတစ်ယောက်ပဲကိုး.. ကျွန်တော်တို့လူသားတွေက ဂုဏ်တွေ ပညာတွေနဲ့ စောင့်ထိန်းရမယ့် စည်းကမ်းတွေနဲ့ဒီလောကကြီးထဲမှာနေထိုင်နေရတာမဟုတ်လား လူတိုင်းမှာ မကောငး်စိတ်ဆိုတာရှိစမြဲပဲလေ အဲ့လိုမကောငး်တဲ့စိတ်ကိုပဲ အသိပညာနဲ့ စည်းမျဉ်းတွေကထိန်းချုပ်ထားတာမဟုတ်လား လူတွေရဲ့မကောင်းတဲ့စိတ်ဆိုတာဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ အတ္တ မာနနဲ့ အကောက်ကြံမှုတွေကဘယ်လိုအချိန်မှာပေါ်ထွက်လာတတ်လဲ ရှင်းပါတယ် စိတ်ကွယ်ရာအရပ် သို့မဟုတ် ဥပဒေကင်းလွတ်တဲ့အရပ်မှာဘွင်းဘွင်းကြီးထွက်ပေါ်လာတတ်တယ်မဟုတ်လား ဒီဇာတ်ကားကလဲဒီသဘာဝကို အထင်းသားမြင်ရအောင်ရိုက်ပြထားပါတယ် .. ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကိုနှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ်ပို့ပေးပါတယ် ကမ္ဘာ့အပြင်ဘက်ကဥက္ကာခဲအန္တရာယ်ကိုလျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ်ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့်ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ်သောင်တင်ခဲ့ပါတော့တယ် သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်ကပါဝင်ခဲ့ပြီးပရော်ဖက်ဆာရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့်ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့သူတို့သာကျန်တော့ကြောင်းအဖြေထွက်လာပါတော့တယ် ဒီတော့.. စည်းလုံးမှုတွေလဲပြိုကွဲ နောက်ဆုံးကျန်ခဲ့တဲ့လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲလိုချင်တပ်မက်လာတဲ့အခါ.. မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာပေါ်ပေါက်လာပါတော့တယ်.. အတ္တတွေ တပ်မက်မှုတွေနဲ့ လူတစ်စုကျွန်းပေါ်မှာဘယ် လိုအသက်ရှင်သွားမလဲဆိုတာ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ပါ.. ဒီဇတ်ကားကို Wai Zin က ဘာသာပြန်ပေးထားပြီး အညွှန်းကို လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie
The Island (2018)
2018