Channel Myanmar

Li Mincheng

Formed Police Unit ( 2024 ) 6.0
Formed Police Unit ( 2024 ) ဒီနေ့မှာတော့ ပြည်သူ့အချစ်တော် ဝမ်ရိပေါ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အကျိုးပြု ပေါ်လစီကားတစ်ကားနဲ့ ထပ်ပြီး ဖန်သားပြင်ရှေ့ရောက်လာပြန်ပါပြီ... ဒီတစ်ခေါက် ကားလေးကတော့ Formed Police Unit တဲ့..ကဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်တော့ တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေတဲ့ Santa Leonneမှာ လူမျိုးတုံး သတ်ဖြတ်မှုအထိ ကြုံတွေ့နေရလို့ UN ရဲ့ အကူအညီကို တောင်းခံတာကြောင့် တရုတ်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးရဲအဖွဲ့ဟာ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ ရောက်လာခဲ့တာကနေ စတာပေါ့..အတိုက်အခံခေါင်းဆောင် အာမီအာကို ရုံးတော်တင်နိုင်ခဲ့ပေမယ့် သက်သေမစုံတာကြောင့် စီရင်ချက်မချနိုင်သေးတဲ့အနေအထားပေါ့... တစ်ဖက်မှာလည်း ခေါင်းဆောင်အာမီအာဟာ လွှတ်တော်အမတ်တို့ရဲ့ ခြစားမှုနဲ့ လူဖြူတွေရဲ့ အတိတ်က လုပ်ရပ်ကိုပဲ ဖိပြောနေခဲ့တာပေါ့..လိုတိုရှင်းပြောရရင်တော့ "All lives are equal and justice knows no borders." ဆိုတဲ့ ဆောင်ပုဒ်အတိုင်း သက်စွန့်စံဖျား ကြိုးစားပြီး အမျိုးမတူ ဘာသာမတူ အသားအရောင်မတူတဲ့သူတွေကို တရုတ်ရဲအဖွဲ့က ကယ်တင်ခဲ့ကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးပါပဲ... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie

Formed Police Unit ( 2024 )

Deep Sea Rescue ( 2023 ) 5.9
Deep Sea Rescue ( 2023 ) နည်းပညာတွေတိုးတက်လာတာနှစ်တွေကြာလာပြီဆိုပေ့မယ် ကမ္ဘာကြီးကိုလူတွေဟာလေ့လာလို့မကုန်နိုင်သေးပါဘူး။ ဆန်းကြယ်တဲ့ရေအောက်ကမ္ဘာအကြောင်းကို Sci-fi လေးတွေ ကြိုက်သူတွေအတွက် သည်းထိတ်ရင်ဖိုsurvival ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်တော့……ပင်လယ်ရေနက်ထဲက Hydrothermal zoneမှာရှိတဲ့သတ္တု၊ဒြပ်ထုတွေရှာဖွေလေ့လာဖို့ စူးစမ်းသူအမှတ်ဆိုတဲ့ ရေငုပ်သင်္ဘောလေးဟာ ပင်လယ်ရေနက်ထဲကို ငုပ်ဆင်းလာတဲ့အချိန်မှာ မထင်မှတ်တဲ့ ပင်လယ်အောက်ခြေမြေဆီလွှာ အပြောင်းအလဲကြောင့် ရေငုပ်သင်္ဘောဟာ ပင်လယ်အောက်ရေတံခွန်ထဲကျသွားပြီး သင်္ဘောပျက်ကကြိုးတွေနဲ့ ငြိနေတာကြောင့် ရေပြင်ပေါ်ပြန်မတက်နိုင်ဖြစ်သွားပါတယ်။သူတို့အတွက်တစ်ခုထဲသောရွေးချယ်စရာက ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ဖို့ပါပဲ…… ရေငုပ်သင်္ဘောထဲမှာလူလေးယောက်အတွက် အောက်စီဂျင်အကန့်အသတ်၊ လျှပ်စစ်ဓာတ်အားအကန့်အသတ်တွေရှိတာကြောင့် အသက်ရှူတိုင်း စက္ကန့်တိုင်းဟာတန်ဖိုးကြီးပြီး အရေးကြီးလာတဲ့အခါ …… Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Deep Sea Rescue ( 2023 )

The Battle at Lake Changjin I ( 2021 ) 6.2
The Battle at Lake Changjin I ( 2021 ) တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

The Battle at Lake Changjin I ( 2021 )

Invisible Tattoo ( 2022 ) 6
Invisible Tattoo ( 2022 ) Invisible.Tattoo.2022 လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...နိုင်ငံရေးတွေအကြား အသုံးချခံခဲ့ရတဲ့ တက်တူးထိုးဆရာတစ်ယောက်ရဲ့ ဘဝကိုရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းလေးပါ....သိုင်းလောကသားတွေ သိကြမှာပါ မင်းသားကြီး Vincent Zhaoရဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းနဲ့ သရုပ်ဆောင်ကွက်တွေအပြင်ကိုယ်ခံပညာအသားပေးပြီး ဘယ်လို ပြောင်မြောက်တဲ့တိုက်ကွက်တွေကိုတင်ဆက်ထားမယ်ဆိုတာ ခန့်မှန်းနိုင်မှာပါ....ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဒေသခံအုပ်စုဖွဲ့လှုပ်ရှားမှုတွေပေါ်လာတဲ့ခေတ်ကိုနောက်ခံထားပြီးရိုက်ထားတာပါ။ချင်လုံလှုပ်ရှားရေးအဖွဲ့ နာမည်ကြီးလာချိန်မှာ တက်တူးဆရာ အားချန်ကလည်းအဖွဲ့တွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်.... ဒီလိုပဲ လော့အရာရှီကလည်ရဲတပ်ဖွဲ့အရာရှိကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး ချင်လုံ အဖွဲ့ထဲပါဝင်နေသူဖြစ်ခဲ့တယ်.... ဒီလို အစိုးရရဲတပ်ဖွဲ့နဲ့ချန်လုံလှုပ်ရှားမှုအဖွဲ့တွေ ယှဉ်ပြိုင်မှုကြားထဲ ဂျပန်တွေပါဝင်ရောက်လာခဲ့တယ်...ဂျပန်သံအမတ် အားချန်ဆီရောက်လာချိန်က စပြီးချန်လုံအဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့တယ်... သေဆုံးချိန်နဲ့သေဆုံးတဲ့နေရာတိုင်းကလည်း အားချန်နဲ့ ပတ်သက်နေတာကြောင့် အားချန်သတ်တာလို့တစ်ဖွဲ့လုံးကတစ်ထစ်ချထင်နေသလို သူမဟုတ်ကြောင်းလည်းသက်သေမပြနိုင်ခဲ့ပါဘူး....ဇာတ်လမ်းအဆုံးမှာတော့ အားချန်က ဂျပန်သံအမတ်ရဲ့ အသုံးချခံလားချန်လုံအဖွဲ့ရဲ့ အသုံးချခံဖြစ်ခဲ့တာလားဆိုတာ အံ့အားသင့်စွာမြင်တွေ့ရမှာမို့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့တိုက်တွန်းလိုက်ပါတယ်....  Quality : WEB-DL 1080p Format : mp4 Genres : Drama , Action Duration : 1h 44min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Invisible Tattoo ( 2022 )

The Rescue ( 2020 ) 6.1
The Rescue ( 2020 ) ဇာတ်ကားလေးနာမည်က Rescue တဲ့ဒီဇာတ်ကားလေးကတော့ ကယ်ဆယ်ရေးအဖွဲ့က အသက်တွေစွန့်ပြီးဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာလေးကို ရိုက်ကူးပြထားတာပါ။သဘာဝဘေးကြောင့်ဖြစ်ဖြစ် မသမာသူတွေရဲ့လှည့်ကွက်ကြောင့်ဖြစ်ဖြစ်ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ ဒုက္ခရောက်သူတွေဆီအရောက်လာကယ်တင်ပေးသူတွေအကြောင်းပေါ့ဒီထဲမှာအကြိုက်ဆုံးစကားကတော့ <<ကိုယ့်အသက်ကိုစတေးပြီး တခြားသူအတွက် အသက်ရှင်ဖို့ မျှော်လင့်ချက်ပေးနေသူတွေ>>တဲ့။ရာထူးတွေ အဖွဲ့အစည်းတွေ တခြားရုပ်ဝတ္ထုပံ့ပိုးမှုနဲ့မဆိုင်ဘဲ ကိုယ့်အသက်ကို စတေးရင်း တခြားသူတွေကိုမျှော်လင့်ချက်ပေးနေတဲ့သူတိုင်းက သူရဲကောင်းတွေပါ။ဒီဇာတ်ကားထဲက သူရဲကောင်းတွေရဲ့ စတေးမှု၊ ပေးဆပ်မှုတွေကို ဇာတ်လမ်းလေးကြည့်ရင်းရှာဖွေလိုက်ကြပါ Quality : WEB-DL 720pFormat : mp4Subtitle : Myanmar Sub ( Hardsub )Translated By Chu Chu
movie

The Rescue ( 2020 )