Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Li Meng
7.6
House of Flying Daggers (2004)
House of Flying Daggers (2004)IMDb Rating (7.5) / Rotten Tomatoes (87%)Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ဇာတ်လမ်းကတော့ ...... ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် ...
movie
House of Flying Daggers (2004)
2004
6
Tainted Love ( 2023 )
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်ရုပ်ရှင်တွေရဲ့ အမြင့်ဆုံးဆုကြီးသုံးဆုပိုင်ဆိုင်ထားတဲ့ ၊ ရုပ်ရှင်လောကမှာ ACE လို့ခေါ်ရလောက်တဲ့အထိတော်တဲ့ မင်းသမီးလေး Zhou Dong Yu ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ထားပြီး Zhang Yu , Zhang Youhao နဲ့ Meng li တို့လို သရုပ်ဆောင်ကောင်းတွေပါ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းကတော့ 2016ခုနှစ်လောက်က တရုတ်ပြည်မှာ အွန်လိုင်းလိမ်လည်မှုတွေကနေတစ်ဆင့် နစ်နာခဲ့ကြရတဲ့ အမျိုးသမီးနှစ်ဦးအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ ။2016 ခုနှစ် တရုတ်မှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်နည်းအသစ်တစ်ခုက မှိုလိုပေါက်အောင်ပေါ်ပေါက်လာခဲ့ပါတယ် ။ ငွေကြေးလိမ်လည်သူတွေရဲ့ အဓိကပစ်မှတ်က အမှီအခိုကင်းကင်းနဲ့ရပ်တည်နေတဲ့ မြို့ကြီးပြကြီးက အမျိုးသမီးတွေကိုဖြစ်ကာ သူတို့နဲ့ချစ်သူရည်းစားဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်ယူကြတာပါ ။ ထိုလိမ်လည်မှုတွေကြား ကျိုးရန်နဲ့ဖန်နင်ကလည်း နစ်နာသူတွေထဲက နစ်နာသူနှစ်ဦးဖြစ်ပါတယ် ။ဒါပေမဲ့ ရဲရင့်ပြီး ဉာဏ်ကောင်းလှတဲ့ ကျိုးရန်နဲ့ဖန်နင်က သူတို့ကိုလိမ်သွားတဲ့သူတွေရဲ့နောက်ကြောင်းကိုလိုက်ရင်း လင်ကွမ်းမြို့ကိုရောက်လာချိန်မှာတော့.... သူတို့ကိုလိမ်တဲ့သူတွေနဲ့ပြန်တွေ့မလား ... ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ကြဖို့တိုက်တွန်းပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : ...
movie
Tainted Love ( 2023 )
6
Never Say Never ( 2023 )
CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Never Say Never ( 2023 )
5.9
He Is My Brother ( 2023 )
အော်တစ်ဆင် Austin ဆိုတာ ကလေးဘဝမှာ ဦးနှောက်အာရုံကြောဖွံဖြိုးမှု ဆိုင်ရာနှောင့်နှေးတဲ့ ချို့ယွင်းချက်ဖြစ်ပါတယ်။ ဒီလိုလူတွေဟာ သာမန်နေ့စဉ်ဘဝမှာလိုက်လျောညီထွေဖြစ်အောင် ဘယ်လိုကြိုးစားရတယ် သူတို့တွေကိုဘယ်လိုဖေးမသင့်တယ်ဆိုတာကို ရိုက်ကူးထားတဲ့ ညီအကိုသံယောဇဉ်ကားလေးပဲဖြစ်ပါတယ်။အော်တစ်ဆင်ဝေဒနာရှင်အစ်ကိုတစ်ယောက်ကို စောင့်ရှောက်ရင်း ကြိုးစားရုန်းကန်နေရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဟာဘယ်လိုတွေခက်ခဲနေခဲ့သလဲ…… သူကသူ့အစ်ကိုကြောင့်ဘဝကြီးဟာတက်လမ်းမရှိ ပိတ်လှောင်ခံနေရတယ်လို့ ခံစားနေခဲ့ရတယ်……တကယ်တမ်းပြဿနာကြုံလာတော့ သူတို့ဟာအချင်းချင်းမှီခိုနေကြတာပဲဖြစ်ပြီး အစ်ကိုဆိုတာသူရဲ့အိမ်ပဲဆိုတာနားလည်လိုက်ရပါတော့တယ်…… Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Moon Encoded by LK
movie
He Is My Brother ( 2023 )
6.2
So Young 2: Never Gone (2016)
Kris လို့လူသိများတဲ့ EXO M leader ဖြစ်ခဲ့ဖူးတဲ့ မင်းသား Wu Yi Fan နဲ့ဂူဂူးလို့မြန်မာမှာလူသိများတဲ့ မင်းသမီး Liu Yifei တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်အလွမ်းအဆွေးဇာတ်ကားလေးပါ။Kris ကကျေးလက်သူလေးတစ်ယောက်ကိုချစ်မိသွားတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးသားလေးချောင်ဇောင်းအဖြစ်လည်းကောင်း….(ဂူဂူး)က ချစ်သူကိုချစ်လွန်းလို့ အရာရာကိုချစ်သူအလိုကျ မျက်နှာတစ်ချက်မနွမ်းအောင်ဖြည့်ဆည်းပေးခဲ့တဲ့ ဆုရင်အဖြစ်လည်းကောင်းပုံဖော်ထားပါတယ်။အချစ်စစ်တို့သဘောအတိုင်းမဖြောင့်ဖြူးနိုင်တဲ့သဘောရှိတာမို့သူတို့ရဲ့အချစ်လမ်းမှာ ဘယ်လိုကံကြမ္မာမုန်တိုင်းတွေဝင်ရောက်လာမလဲဆိုတာ….။ဘယ်လိုကံကြမ္မာတွေပဲဖြစ်ဖြစ် ...အနားမှာရှိရှိ..မရှိရှိ..အချစ်ဆိုတာ ရင်ထဲမှာ ထာဝရကိန်းအောင်းနေမယ့် အမြဲမွှေးပျံ့နေမယ့် ပန်းလေးတစ်ပွင့်ပဲမဟုတ်ပါလား။ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အခန်းတိုင်းလိုလိုမှာ အလှအပ အရိုတွေချည်းပဲမို့Romance ကြိုက်သူတွေ ဂူဂူးပရိတ်သတ်တွေ Kris ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်..။ File size…(2 GB)and (1.3 GB) Quality…BluRay 1080p and 720p 5.1 CH Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe Myint Lwin
movie
So Young 2: Never Gone (2016)
7.1
A Touch of Sin(2013)
A Touch of Sin(2013)**************************IMDb....7.1,,,,Rotten...94%တစ်ချို့သော သူတွေအတွက် ပုရွက်ဆိတ်လေးတစ်ကောင်သတ်ဖို့တောင် လက်တွန့် နေတတ်ပေမယ့် တစ်ချို့သူတွေအတွက် လူ့အသက်တစ်ချောင်းကို ဇီဝိန်ခြွေဖို့ မျက်တောင်အခတ်မပျက် ပြုမူဆောင်ရွက်နိုင်တာတွေရှိတယ်..... တစ်ချို့သူတွေအတွက် နုှတ်ထွက်စကားတစ်ခွန်း သတိထားပြီးဆိုတတ်ပေမယ့် တစ်ချို့သူတွေအတွက် အကြမ်းတမ်းဆုံးသောစကားတွေအတွက် လေချွန်သလောက်တောင် အားစိုက်စရာမလိုပဲ အလွယ်တကူပြောကြတယ်... ဘဝပေးကုသိုလ်လား ဗီဇလား ပတ်ဝန်းကျင်ကြောင့်လား...ရှင်သန်ရေးအတွက် လုပ်ရတဲ့ကိစ္စတွေက ဘယ်သူတွေကြောင့်လဲ... ဒီဇာတ်ကားကနေ တရုတ်နိုင်ငံမှာရှိတဲ့ လူတန်းစားအမျိုးမျိုးရဲ့ ကြုံတွေ့နေရတဲ့ပြဿနာတွေ၊ ဖြစ်ပျက်နေတာတွေကို စိတ်ဝင်စားစရာကောင်းပြီးပေါ်လွင်အောင် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့အခန်းတိုင်းက ဆက်စပ်နေပြီး အနှစ်သာရပြည့်ဝတဲ့အတွက်ကြောင့် အစကနေ အဆုံးအထိ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် တွေးလို့ ကောင်းတဲ့ဇာတ်ကားဆိုရင်ပိုမှန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ဖြစ်ပါတယ်...File Size : (1.0 GB) and (359 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Naomi Noe Encoded by Phyo Pyae
movie
A Touch of Sin(2013)
2013
5.9
Vortex ( 2019 )
Zawgyi*******ဒီကားလေးဟာ လက်ရှိအချိန်ထိ Imdb5.9ရထားပြီးBox office worldwide grossမှာ$622644ထိဝင်ငွေရရှိထားတဲ့2019 august 30မှ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ လျိုရှောင်ကျွင့်ဆိုတဲ့ သူဟာလောင်းကစားကြွေးတွေကို ပြန်ဆပ်ဖို့အရေးတကြီးငွေလိုတဲ့အချိန်...သူ့ရဲ့သူငယ်ချင်းက without carတွေကိုပြန်ခိုးပေးတဲ့အလုပ်တစ်ခုကမ်းလှမ်းလာတဲ့အခါ..သာမန်အလုပ်တစ်ခုကနေ ခိုးယူခိုင်းတဲ့withoutကားထဲမှာက လေးမလေးရှိနေခဲ့ပြီး ပြန်ပေးဆွဲမှုတစ်ခုထဲဝင်ပါမိတဲ့အခါ....ဒီပြန်ပေးဆွဲမှုမှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ....ကလေးမ လေးကိုကယ်တင်ပေးနိုင်ပါ့မလား...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Unicode*******ဒီကားလေးဟာ လက်ရှိအချိန်ထိ Imdb5.9ရထားပြီးBox office worldwide grossမှာ$622644ထိဝင်ငွေရရှိထားတဲ့2019 august 30မှ ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းက တော့ လျိုရှောင်ကျွင့်ဆိုတဲ့ သူဟာလောင်းကစားကြွေးတွေကို ပြန်ဆပ်ဖို့အရေးတကြီးငွေလိုတဲ့အချိန်...သူ့ရဲ့သူငယ်ချင်းက without carတွေကိုပြန်ခိုးပေးတဲ့အလုပ်တစ်ခုကမ်းလှမ်းလာတဲ့အခါ..သာမန်အလုပ်တစ်ခုကနေ ခိုးယူခိုင်းတဲ့withoutကားထဲမှာက လေးမလေးရှိနေခဲ့ပြီး ပြန်ပေးဆွဲမှုတစ်ခုထဲဝင်ပါမိတဲ့အခါ....ဒီပြန်ပေးဆွဲမှုမှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ....ကလေးမ လေးကိုကယ်တင်ပေးနိုင်ပါ့မလား...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie
Vortex ( 2019 )
2019
7.2
Long Day’s Journey Into Night ( 2019 )
ဒီဇာတ်ကားလေးဟာ IMDb မှာ 7.2 ရရှိထားပြီး Chinese Box Office မှာ37 Million အထိရထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်.ဒီဇာတ်ကားမှာယောက်ကျားတစ်ယောက်ရဲ့အတိတ်..အိမ်မက်..လက်တွေ့ဘဝသုံးခုမှာစိတ်ကူးလွင့်မျောနေပြီး သူ့ရဲ့ပျောက်ဆုံးသွားတဲ့တချိန်က ချစ်သူကိုပြန်ရှာဖွေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ သူဟာ ကွေကျုံးကိုပြန်သွားပြီးသူ့အိမ်မြေအောက်ခန်းကနေရတဲ့ဓါတ်ပုံထဲက လျို့ဝှက်ဆန်တဲ့မိန်းမကိုအနှစ်၂၀ ကြာမှ ပြန်လည်လိုက်ရှာနေမိတယ်.တချိန်တည်းမှာပဲသူနဲ့ချစ်ခဲ့ဖူးတဲ့မိန်းကလေးဟာလည်းထူးဆန်းစွာပျောက်ဆုံးသွားလို့တပါတည်းလိုက်ရှာနေမိတယ်.ဒီလိုနဲ့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါ..တွေးတောရတာကြိုက်တဲ့သူတွေအတွက်တော့ တွေးစရာကောင်းမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်Translated & Review By Phyo ZawEncoded By LK
movie
Long Day’s Journey Into Night ( 2019 )
2018
6.5
Hidden Man ( 2018 )
အက်ရှင်ကြမ်းကြမ်းကြိုက်တဲ့သူတွေအတွက်Imdb 6.5 ရရှိထားတဲ့ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်တရုတ်နိုင်ငံမှာဂျပန်တွေအုပ်စိုးစဉ်ကာလကျူးချန်းလုံဟာသူ့ကိုယ်ကျိုးအတွက်သူ့သူငယ်ချင်းကိန်းပိန်ရိလန်နဲ့ပူးပေါင်းပြီးသူ့ဆရာရဲ့စံအိမ်တော်ကိုဘိန်းစိုက်ဖို့တောင်းဝယ်ရာကနေတင်းမာမှုတွေဖြစ်လာပြီး သူ့ဆရာတစ်မိသားစုလုံးကိုသတ်ဖြတ်ပြီးမီးရှို့ခဲ့ပါတယ်..ဒီလိုမီးရှို့ခံရတဲ့ကြားထဲကနေသူ့ဆရာရဲ့တပည့်ငယ်လေးလီထျန်းရန်ဟာအမေရိကန်ဆရာဝန်Dr.Handalaရဲ့ကယ်တင်ခြင်းခံရပြီးအသက်ရှင်ခွင့်ရခဲ့ပါတယ်.သူဟာအမေရိကားကိုပို့ဆောင်ခြင်းခံရပြီးDr.Bruce Handalaဖြစ်လာခဲ့ပါတယ်..တစ်နေ့မှာတော့သူဟာတရုတ်ပြည်ကိုပြန်လာပြီးသူရဲ့ရန်သူတွေဖြစ်တဲ့ကျူးချန်းလုံနဲ့ကိန်းပိန်ရိလန်တို့ကိုကလဲ့စားချေဖို့အခွင့်ရလာတဲ့အခါ..ဘယ်လိုတွေဆက်ဖြစ်လာမှာလဲ..လှည့်ကွက်မျိုးစုံနဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ..တရုတ်ပြည်ကိုဂျပန်အုပ်စိုးစဉ်ကာလရဲ့ပုံရိပ်တွေကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်..တိုက်ခိုက်ရေးခပ်ကြမ်းကြမ်းတွေလဲပါတာမို့အက်ရှင်ကြိုက်သူတွေအတွက်လည်းအကြိုက်တွေ့စေမှာပါ.. Translated & Review By Phyo ZawEncoded By LK
movie
Hidden Man ( 2018 )
2018
6.7
Saving Mr. Wu (2015)
ဒီဇတ်ကားဟာ အဆိုတော် မင်းသားကြီး Andy Lau ကို အကြမ်းအရမ်း ပုံစံမျိုးနဲ့ တွေ့ရမှာ မဟုတ်သလို ခပ်ညံ့ညံ့ ပုံစံမျိုးလဲ မဟုတ်ပြန်ပါဘူး... ရုပ်ရှင်မင်းသားကြီး ဝူ ဟာ သူ့မန်နေဂျာ နှင့် အတူ ပွဲတစ်ခုမှ အပြန် ရဲဟု ပြောဆိုသူတွေထံ အကြောင်းရှာဖမ်းဆီးခံလိုက်ရပါတယ် နောက်မှ သိရတာကတော့ ရဲဆိုသူတွေဟာ ရဲအတုတွေ ဖြစ်ပြီး ဝူ ကို ပြန်ပေးဆွဲပြီး အကျပ်ကိုင် ငွေညှစ်မယ့်သူများပဲ ဖြစ်ပါတယ်... ပြန်ပေးဆွဲသူဟာလဲ အရင်က လိမ်လည်မှုများနဲ့ ထောင် ၉ နှစ်ကျပြီး ထောင်က ထွက်လာတာ တစ်နှစ်မပြည့်သေးတဲ့ သူ တစ်ဦးလဲ ဖြစ်နေပါတယ် ပိုဆိုးတာက သူ ပြန်ပေးဆွဲတဲ့သူတွေကို ပိုက်ဆံမရရအောင် အကုန် ညှစ်ယူပြီး အသက်ရှင်လျက် ပြန်မလွှတ်တက်တဲ့နေရာမှာ နာမည်ကြီးပြန်ပါတယ်... ဝူ ထက် အရင် ဖမ်းဆီးခံရသူနှင့် ဝူ နှစ်ဦးသားဖမ်းဆီးခံထားရပြီး အရင်ဖမ်းဆီးခံထားရသူတွက်ပါ သနားသဖြင့် ဝူ မှ ပြန်ပေးငွေ ပေးမည်ဟု ကတိခံပြီး သူ့အိမ်တွင် ဘဏ်ကတ် သွားယူရန် လူဆိုးအားပြောလိုက်ပါတယ် ဘတ်ကတ် ...
movie
Saving Mr. Wu (2015)