Channel Myanmar

Leslie Hope

Talk Radio (1988) 7.2
Talk Radio (1988)  1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie

Talk Radio (1988)

Dragonfly (2002) 6.1
Dragonfly (2002) Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ "အမ်မလီရဲ့ ဂျိုး" လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ ...
movie

Dragonfly (2002)

Clerks (1994) 7.7
Clerks (1994) Clerks (1994)IMDb rating ~ 7.7 Rotten Tomatoes 🍅 ~ 90 % 6 wins & 11 nominationsLow budget နဲ့ အဖြူအမည်း ဗားရှင်းပဲ ရိုက်ခဲ့ရပေမဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး 2006 မှာ Clerks II နဲ့ 2022 မှာ Clerks III ဆိုပြီး နောက်ဆက်တွဲကားတွေထိ ရိုက်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါညစ်ညမ်းတဲ့ ဒိုင်ယာလော့ခ်တွေ ဖောဖောသီသီသုံးထားပြီး ဟာသဆန်ဆန် ရိုက်ပြထားတဲ့ အဖြူအမည်း ဇာတ်ကားပါQuick Stop စတိုးဆိုင်ဝန်ထမ်း ဒန်တီနဲ့ သူ့သူငယ်ချင်း RST ဗီဒီယိုခွေ အငှါးဆိုင်က ဝန်ထမ်း ရန်ဒယ်တို့ရဲ့ တစ်နေ့တာ ဘဝကို ရိုက်ပြထားတာပါဒန်တီက တွေ့ဖူးနေကျလူတွေအတိုင်း ဘဝကြီးကို မကျေမနပ်ဖြစ်နေပေမဲ့ ပွစိပွစိ ထိုင်ပွါးရုံက လွဲပြီး ဘာမှ မလုပ်တဲ့သူပါရန်ဒယ်ကတော့ ဆိုင်ကို လာချင်တဲ့အချိန်မှ လာ ရောက်လာသမျှ customer တွေကို ...
movie

Clerks (1994)

1994
Never Back Down (2008) 6.6
Never Back Down (2008) ကဲအခု အတိုက်​အခိုက်​ကိုမှ ကြည်​့ရတာအားရပြီးတော့ ကြည်​့လိုက်​တာနဲ့ စိတ်​တက်​ကြွစေမဲ့ရုပ်​ရှင်​ကားတကားနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​။ အဲ့ကားလေးကတော့2008 March 14ကနေ့မှာ ထွက်​ရှိခဲ့တဲ့ Never Back Down ဆိုတဲ့ကားပဲဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ ဒါရိုက်​တာ Jeff Wadlowကနေ ရိုက်​ကူးပေးထားတာဖြစ်​ပြီးတော့ အမျိုးအစားလေးကတော့ Action, Drama, Sport လေးပဲဖြစ်​ပါတယ်​။ ဒီကားလေးမှာပါဝင်​သရုပ်​ဆောင်​ထားတဲ့ မင်​းသားအနေနဲ့ကတော့ Sean Faris ဖြစ်​ပြီးတော့ မင်​းသမီးအနေနဲ့ကတော့ Amber Heard ဖြစ်​တယ်​ဆိုတော့ မင်​းသမီးဘယ်​လောက်​လှတယ်​ဆိုတာ ဇာတ်​ကားကောင်​းတကောင်​းဖြစ်တယ်​ဆိုတာ အထူးတလည်​ပြောစရာမလိုတော့ဘူးဗျာ။ ဇာတ်​လမ်​းအညွှန်​း - အတိတ်​ကရုန်​းထွက်​မရနိုင်​တဲ့အဖြစ်​အပျက်​တခုကြောင်​့ အမြဲအပြစ်​တင်​စိတ်​ ဒေါသထွက်​နေတဲ့စိတ်​တွေနဲ့ပြည်​့နှက်​နေတဲ့ ဂျိတ်​တိုင်​လာဆိုတဲ့ကောင်​လေးတယောက်​ဟာ မိသားစုနဲ့အတူနေရာသစ်​တခုကိုပြောင်​းလာခဲ့ပြီးတော့ အဲ့ကျောင်​းမှာပဲ မြေအောက်​တိုက်​ခိုက်​ရေးပွဲ တခုကိုဝင်​ပါမိသွားပါတယ်​။ အဲ့ကနေပြီးတော့ သူဟာကျောင်​းကသူငယ်​ချင်​းတယောက်​နဲ့ပေါင်​းမိပြီး ထိုကျောင်းမှာရှိတဲ့ အတော်ဆုံးတိုက်​ခိုက်​ရေးသမားတယောက်​နဲ့ ဘယ်​လိုရင်​ဆိုင်​သွားလဲဆိုတာကို ကြည်​့ရူခံစားရမှာပါတယ်​။ IMDb Rating အနေနဲ့ကတော့ 6.6/10 ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jake(NNL) ဖြစ်ပါတယ်)File size__( 950 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__6.6/10 Format__mp4 Duration__01:53:26 Type__Drama ...
movie

Never Back Down (2008)

2008