Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lesley Manville
Vera Drake (2004)
ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Vera Drake (2004)
Back to Black (2024)
Amy Winehouse ကိုတော့ လူတော်တော်များများသိကြမယ်ထင်ပါတယ် မသိရင်တောင် သူ့သီချင်းတွေတော့ တစ်နေရာရာမှာကြားဖူးနေပါလိမ့်မယ် 2008 မှာ Grammy 5 ဆုဆွတ်ခူးနိုင်ခဲ့ပြီး 2006-2008 ဝန်းကျင်မှာ US ထိထိုးဖောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ဘဲ 2011 Amy အသက် 27 မှာတော့ alcohol အဆိပ်သင့်ပြီး နေအိမ်မှာပဲသေဆုံးခဲ့ပါတယ် ဇာတ်ကား နာမည် Back To Black ဆိုတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲထားချိန် ထွက်ရှိခဲ့တဲ့သီချင်း အမည်ဖြစ်ပြီး သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေဆီ ရောက်ရှိခဲ့တဲ့အကြောင်းပါ၊ဒီဇာတ်ကားက 2024 မှာထွက်ရှိထားပြီး သူ့ရဲ့ biography ကို Musical/Biography အနေနဲ့ ပြန်ရိုက်ထားတာပါ ဒီဇာတ်ကားမှာ Amy ရဲ့ စတင်အောင်မြင်လာတဲ့အချိန် ဖြတ်ကျော်ရတဲ့အခက်အခဲတွေ မူးယစ်ဆေးနဲ့ alcohol စွဲသွားတာတွေ Relationship ပြဿနာတွေအကြောင်း သေချာမီးမောင်းထိုးပြထားပါတယ် Marisa Abela က ...
movie
Back to Black (2024)
6.8
A Christmas Carol(2009)
A Christmas Carol(2009) IMDb....6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေစုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်းForrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်......ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆု(၃)ဆုလည်းရရှိခဲ့တယ်...Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်......Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်... ...သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်...ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ....ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ...ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ..ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်..ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ...ကိုင်းခံစားကြည့်လိုက်ပါဦးနော်...File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather ...
movie
A Christmas Carol(2009)
2009
6.8
Mr. Turner (2014)
အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie
Mr. Turner (2014)
2014
Rupture (2016)
Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie
Rupture (2016)
2016
7.0
Womb(2011)
Womb(2011) အညွှန်း*****************ရေဗက်ကာဟာ သူ့အဖိုးရှိရာကမ်းခြေကနေအိမ်လေးမှာအလည်ခဏလာနေရင်းနဲ့တွမ်မီဆိုတဲ့ကောင်လေးနဲ့ရင်းနှီးသွားပါတယ်။ကလေးတွေဖြစ်ကြပေမယ့်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ဖြစ်ကြပါတယ်။တစ်နေ့မှာရေဗက်ကာဟာ သူ့အမေအလုပ်ရှိရာဂျပန်ကိုလိုက်သွားရပါတော့တယ်။အချိန် ၁၂ နှစ်လောက်ကြာပြီးတဲ့အခါမှာတော့တွမ်မီရှိရာ ကမ်းခြေကိုပြန်လာခဲ့တယ်။ငယ်ငယ်တုန်းသံယောဇဉ်တွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ချစ်သူတွေဖြစ်သွားကြတယ်။ဒီလိုနဲ့တစ်ရက်မှာ တွမ်မီဟာကားတိုက်ပြီးသေဆုံးသွားတယ်။ခေတ်နည်းပညာတိုးတက်မှုအရလူသားတွေကိုပုံတူပွားလို့ရတာကြောင့်တွမ်မီရဲ့အမေနဲ့အဖေကိုတိုင်ပင်တယ်။သူကိုယ်တိုင်တွမ်မီရဲ့ DNA ကိုယူပြီးကိုယ်ဝန်ဆောင်မယ်ပေါ့။အဲ့ဒီနောက်မှာတော့ File Size : (1.2GB) and (469 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:50:00 Genre : Drama , Romance, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Womb(2011)
7.2
Mrs. Harris Goes to Paris (2022)
ပြင်သစ်လို့ပြောလိုက်တာနဲ့ ဖက်ရှင်ဒီဇိုင်းတွေရဲ့ ဘုရင်ကြီးလို့ တင်စားရလောက်အောင်ကို ဖက်ရှင်တွေ အစုံအလင်ရှိတဲ့ မြို့ကြီးတစ်မြို့ဆိုတာ လူတိုင်းသိမှာပါ ဒီရုပ်ရှင်ကားလေးထဲ မှာတော့ လန်ဒန်မှာရှိတဲ့ သန့်ရှင်းရေးသမား မုဆိုးမကြီး ဟားရစ် ဟာ ပြင်သစ်ရဲ့ နာမည်ကြီး ဒီရော တံဆိပ် ဝတ်စုံကိုမှ လိုချင်တပ်မက်လွန်းလို့ ပြင်သစ်အထိ သွားဝယ်တဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ ဒီရောတံဆိပ် ရဲ့ ဝတ်စုံတွေဟာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲဆိုတာရယ် ကံဆိုးမှုတွေပြီးရင် ကံကောင်းတာတွေ လည်းရောက်လာနိုင်တယ်ဆိုတာရယ် လူတစ်ယောက်ဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မှတ်ချက်ပေးနိုင်လောက်အောင် လူ့ဘဝကြီးက မရိုးရှင်းဘူးဆိုတာရယ် အလုပ်သမားတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာရယ်ကို ဇာတ်အိမ် ကောင်းကောင်လေးနဲ့ လှလှပပ လေးရိုက်ပြသွားတာပါ ဘဝအမောတွေပြေစေဖို့နဲ့ ပြုံးစိစိ လေးကြည့်နိုင်ဖို့အတွက် အမြန်းဆုံးသာ ဒေါင်းပြီးကြည့်လိုက်ပါတော့လို့ပဲ တိုက်တွန်း ချင်ပါတော့တယ်File size…(2.18GB)/(1014MB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Drama / ...
movie
Mrs. Harris Goes to Paris (2022)
7.0
Maleficent (2014)
Maleficent (2014) IMDb - 7.0/10_____Rotten - 54% Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie
Maleficent (2014)
2014
6.6
Maleficent: Mistress of Evil (2019)
Maleficent: Mistress of Evil (2019) IMDb - 6.6/10_____Rotten - 39% 2014 တုန်းက ထွက်ရှိထားတဲ့ Maleficent ရဲ့ အဆက် ဒုတိယမြောက်ကား ဖြစ်ပါတယ်....ပထမအပိုင်းတုန်းက ကြည့်လိုက်ရတဲ့ အတိုင်းပဲ ကျိန်စာတိုက်ထားတဲ့ ကလေးမလေးကို ချစ်မိသွားတဲ့ မယ်လိဖိဆင့် ဟာ အော်ရိုရာ လေးကို သမီးအရင်းလို မွေးစားခဲ့ပြီး မော့စ်ကို အုပ်ချူပ်တဲ့ ဘုရင်မ အဖြစ် သရဖူဆောင်းပေးခဲ့တာပါ... ဒီ ဒုတိယ အပိုင်းမှာတော့ မော့စ်တိုင်းပြည် နဲ့ မတည့်တဲ့ လူသားတွေတိုင်းပြည်က မင်းသားလေး ဖိလစ်က အော်ရိုယာ လေးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခံခဲ့တဲ့အတွက် နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့ပါတယ်.... လူသားတွေ တိုင်းပြည်က ဘုရင်ကြီး နဲ့ ဘုရင်မကြီးက မယ်လိဖိဆင့် နဲ့ အော်ရိုရာ လေးကို ညစာ ဖိတ်ကျွေးတဲ့ညမှာပဲ လူသားတွေကို ကြည့်မရတဲ့ မယ်လိဖိဆင့် ဟာ ထပ်မံ ပြသနာရှာခဲ့သော ...
movie
Maleficent: Mistress of Evil (2019)
2019
7.0
Let Him Go(2020)
Let Him Go(2020)IMDb.....7.0ဝါရင့်သရုပ်ဆောင် Diane Lane နဲ့ Kevin Costner ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB 7/10 ရရှိထားပါတယ်...ဂျော့နဲ့ မာဂရက်ဆိုတဲ့အဘိုးကြီး လင်မယားမှာ တစ်ဉီးထဲသောသားလေးတစ်ယောက်ရှိတယ်...အချိန်တန်အရွယ်ရောက်လို့ သားဖြစ်သူ အိမ်ထောင်ကျပြီး သားယောင်္ကျားလေးရလို့ အဘိုးအဘွားဖြစ်သူတို့အတွက်ပီတိတွေဖြာလို့ပေါ့...သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကိုအရိပ်တကြည့်ကြည့်ပေါ့...တစ်နေ့ မြင်းပေါ်ကပြုတ်ကျပြီး သားဖြစ်သူဆုံးပါးသွားတယ်...နှစ်အနည်းငယ်ကြာတော့ ချွေးမဖြစ်သူလည်းနောက်အိမ်ထောင်ပြုသွားတယ်....မြေးလေးနဲ့ အိမ်မှာပဲနေစေချင်ပေမဲ့ ချွေးမဖြစ်သူလည်း သူ့အားကိုးရာရှာလေတော့အဘိုးအဘွားလင်မယားဟာ မြေးလေးနဲ့ခွဲရတော့တာပေါ့...အဘိုးအဘွားဆိုတာ ပထွေးနဲ့ ဘယ်စိတ်ချပါ့မလဲ..တစ်နေ့ အဘွားဖြစ်သူဈေးသွားတော့ ချွေးမနဲ့သားကို ပထွေးဖြစ်သူကရိုက်နှက်နေတာတွေ့သွားတယ်..အဘိုးအဘွားရဲ့စိုးရိမ်မှုတွေဟာ ပြောမပြနိုင်အောင်ပါပဲ..ဒါ့ကြောင့် မြေးလေးတို့အိမ်လိုက်သွားပေမဲ့အိမ်ပြောင်းသွားကြတယ်...မြေးလေးရဲ့ပထွေးဖြစ်သူဟာ ထစ်ခနဲရှိလက်ပါတတ်ပြီး သဘောထားကျဉ်းမြောင်းတဲ့သူဖြစ်နိုင်တာကြောင့် မြေးလေးကို ပြန်တွေ့ပြီး အိမ်ကိုပြန်ခေါ်ဖို့ ရေဆုံးမြေဆုံးလိုက်ပါတော့တယ်..တကယ်တော့ ဒီဇာတ်ကားဟာ ဆန်းပြားပြီးလှည့်ကွက်တွေပါတဲ့အမျိုးအစားမျိုးမဟုတ်ပေမဲ့မင်းသားကြီး မင်းသမီးတွေရဲ့သရုပ်ဆောင်မှုနဲ့အတူ အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကားမို့တော်တော်ကြီးကိုကြည့်လို့ကောင်းပါတယ်...အမလေးငါ့မြေးလေးရဲ့ဆိုပြီး ငိုကြီးချက်မနဲ့ အာဗြဲကြီးနဲ့အော်ငိုနေတဲ့ပုံစံမျိုးတွေမပါဘဲ ခပ်တိုးတိုးစကားသံနဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ သူတို့ဘယ်လောက်စိုးရိမ်ပြီးမြေးလေးကိုလွမ်းဆွတ်နေလဲဆိုတာ အလိုလိုခံစားရပါတယ်...မြေးလေးနဲ့ပြန်တွေ့နိုင်မလား..တခြားဘယ်လိုအခက်အခဲတွေရော မမျှော်လင့်ဘဲကြုံတွေကြရမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်... File Size :(900 MB) and ...
movie
Let Him Go(2020)
5.9
Misbehaviour (2020)
1970 ခုနှစ် Miss World ပြိုင်ပွဲနဲ့ပက်သတ်ပြီး ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Feminist Comedy ဇာတ်လမ်းအမျိုးအစားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမျိုးသမီးတွေယောက်ျားကြီးစိုးမှုကို ဆန့်ကျင်ဖို့ လုပ်ရာကနေ စတာပါ။၁၉၇၀ ခုနှစ် မယ်ကမ္ဘာရွေးပွဲအတွက် နိုင်ငံအသီးသီးကအချောဆုံးအလှဆုံးတွေက ဗြိတိန်နိုင်ငံမှာ စုရုံးနေကြပါပြီ။မယ်ရွေးပွဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေက ရှိနေပြန်တယ်။ဒီကြားထဲ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေလည်း ကြုံနေပြန်။ဒီလိုအခက်အခဲအမျိုးမျိုးကြားကနေ Miss World ပြိုင်ပွဲကြီးကိုယောက်ျားကြီးစိုးမှုဆန့်ကျင်ရေး အမျိုးသမီးအဖွဲ့တွေ တားဆီးကြတဲ့အကြောင်းဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 993 MB , 362 MB) Quality : WEBRip 720p Running Time : 1 hr 46 min Format : Mp4 Genre ...
movie
Misbehaviour (2020)
7.0
Ordinary Love(2019)
Ordinary Love(2019)(unicode)လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် ...နှောင်ဖွဲ့ကြတယ် ...အချင်းချင်းတန်ဖိုးထားမြတ်နိုးကြတယ်... အဲ့အရာကိုဖော်ပြမှုပေါင်းစုံနဲ့ဖော်ပြကြတယ်... တစ်ချို့ကြ ပိုက်ဆံအကုန်ခံပြီး ပဲရစ်အထိခေါ်သွားတယ် တစ်ချို့ကြလက်ဆောင်ပစ္စည်းအမျိုးမျိုးနဲ့ ဖော်ပြကြတယ် ...ဒါပေမယ့်နှစ်နှစ်ကာကာထဲထဲ၀င်၀င်ချစ်မိရင်တော့ ဖော်ပြမတတ်နိုင်အောင်ပါပဲသူ့အတွက်ဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေပြီး အဲ့ထဲမှာပဲ ကိုယ့်ရဲ့ identity အစစ်တောင်ပျောက်ဆုံးလုမတတ်ပါပဲ ဆိုလိုတာအပြင်ပန်းကကြည့်ရင်လူ့ဂွစာပုံစံပေါက်နေပြီးရင်ထဲမှာတော့ သေမတတ်ချစ်တဲ့လူစားမျိုးမြင်ဖူးကြမှာပါ....ဒီဇာတ်လမ်းမှာတော့ တွမ်နဲ့ဂျုံးတို့ဟာ နှစ်ယောက်တစ်ဘ၀လေးတည်ဆောက်ပြီးနေတယ် ကြားထဲသမီးလေးဒတ်ဘီတစ်ယောက် မွေးဖွားခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲအကြောင်းတစ်စုံတစ်ရာကြောင့် ဒတ်ဘီလေးဆုံးသွားရှာတယ် ...တွမ့်အတွက်တော့အရူးမီးဝိုင်းပါပဲ ...သူသမီးကိုဆုံးရှုံးပြီးပြီ သူချစ်တဲ့ဒီတစ်ယောက်တည်းသောမိန်းမကိုတော့ သူထပ်အဆုံးရှုံးမခံနိုင်ဘူး.... သူ့ရင်ထဲကနှစ်နှစ်ကာကာချစ်သလောက် သူ့အပြုအမူတွေကနှစ်နှစ်ကာကာ မဖြစ်ခဲ့ပေမယ့်ဒီကားကိုအဆုံးထိကြည့်ပြီးတဲ့သူတွေသိမှာပါ ...ကျုပ်တို့ရဲ့ မင်းသားကြီး Liam Neeson တစ်ဖြစ်လဲ တွမ်ကြီးဟာ သူ့မိန်းမအပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ... ရိုးရှင်းတဲ့သာမညအချစ်ဟာနေရာတိုင်းမယ်ရှိမယ် မထင်ပါဘူးဘာလို့ဆို ဒီလိုအချစ်မျိုးဟာဘယ်လောက်ထိပြောင်မြောက်လဲဆိုတာ... IMDb 7 Rotten Tomatoes မှာ93% နဲ့လတ်ဆတ်နေတဲ့ Ordinary Love ကိုသာခံစားကြည့်ရှုကြပါကုန်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....(zawgyi)လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် ...နှောင်ဖွဲ့ကြတယ် ...အချင်းချင်းတန်ဖိုးထားမြတ်နိုးကြတယ်... အဲ့အရာကိုဖော်ပြမှုပေါင်းစုံနဲ့ဖော်ပြကြတယ်... တစ်ချို့ကြ ပိုက်ဆံအကုန်ခံပြီး ...
movie
Ordinary Love(2019)
7.5
Phantom Thread (2017)
Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie
Phantom Thread (2017)
2017