Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Leonardo Ortizgris
6.2
Non Negotiable (2024)
"Non Negotiable" ရုပ်ရှင်ဟာ 2024 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့မက္ကဆီကို မှုခင်းသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်ရေးရဲဌာနရဲ့ ကျွမ်းကျင်ဓားစာခံညှိနှိုင်းရေးမှူး Alan Bender ကို အဓိကဦးတည်ပြီးရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။Alan ဟာ ပရော်ဖက်ရှင်နယ် နယ်ပယ်မှာအောင်မြင်နေပေမဲ့သူ့ရဲ့ဇနီး ဗစ်တိုးရီးယားနဲ့ အိမ်ထောင်ရေးသာယာမှုအပိုင်းကိုလျစ်လျူရှုနေတာကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကတင်းမာလာခဲ့ပါတယ်။ဒီအခြေအနေကိုဖြေရှင်းနေစဉ်မှာပဲ ပြန်ပေးသမားတဦးကနိုင်ငံတော်သမ္မတနဲ့ Alan ရဲ့ဇနီးကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးလိုက်တဲ့အခါမှာ သူဟာ အသက်အန္တရာယ်စွန့်စားရတဲ့ အခြေအနေနဲ့ရင်ဆိုင်ရပါတော့တယ်။ပြန်ပေးဆွဲသူ Vicente Zambrano ဟာ လူမှုတရားမျှတမှုကိုရှာဖွေသူဖြစ်ပြီး သူနှစ်သက်တဲ့ ဆေးရုံနဲ့ စာသင်ကျောင်းအတွက်အစိုးရကို အလှူငွေပေးဆပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ Alan နဲ့ Vicenteတို့ကြားက တင်းမာသောအငြင်းပွားမှုတွေ ဆက်တိုက်ပေါ်ပေါက်လာသည်နှင့်အမျှ သူတို့နှစ်ဦးဟာ ကိုယ်ရေးကိုယ်တာအရဘယ်လိုပတ်သက်မှုတွေရှိနေခဲ့တာလဲ၊ အတိတ်ကဒဏ်ရာဟောင်းတွေနဲ့သွေးကြွေးဆပ်ချင်နေတဲ့ Vicente ကို Alan က ဘယ်လိုစည်းရုံးသွားမှာလဲ၊ သူတို့နှစ်ဦးကြား ဉာဏ်ကစားမှု ခံစားချက်အားပြိုင်မှုတွေကိုသည်းထိပ်ရင်ဖိုစောင့်ကြည့်ရမယ့် မှုခင်းအက်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ File size…1.21GB / 564MB Quality…NF WEB-DL 1080p 5.1CH ...
movie
Non Negotiable (2024)
7.3
Museo (2018)
လတ်တလောထွက်ရှိလာတဲ့ကားကောင်းလေးတွေထဲကမှမက္ကဆီကိုကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Museo(2018)ပါ။၆၈ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာSilver Bear for Best Screenplay ဆုကိုဆွတ်ခူးရရှိထားတဲ့ကားလေးပါ။Ratingတွေ အနေနဲ့ကလဲImbd Rating 7.3/10 နဲ့ Rotten Tomatoes 89% တောင်ရရှိထားတာမလို့ကားကောင်းလေးတစ်ကားဆိုတာကိုအထွေအထူးညွှန်းနေစရာမလိုလောက်ပါဘူး။ကားကောင်းလေးတစ်ကားဆိုတာသိပေမယ့်ကိုယ့်အကြိုက်နဲ့တူမတူဆိုတာကိုသိရှိနိုင်ဖို့ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါသေးတယ်။ဒီဇာတ်လမ်းလေးကို Narratorတစ်ဦးကပြန်ပြောပြနေတဲ့ပုံစံနဲ့စတင်ထားပါတယ်။ဂျူအန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာအများနည်းတူအသက်ရှင်နေထိုင်ရမှာကို စိတ်ပျက်နေသူတစ်ဦးပါ။တစ်ခုခုထူးခြားသွားအောင်လုပ်ပြလိုက်ချင်ပေမယ့်ဘာလုပ်ရမှန်းမသိတဲ့သူလိုကိုယ်လိုကောင်လေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့သူငယ်ချင်းဖြစ်သူနဲ့ အပြောင်းအလဲတစ်ခုခုကိုစတင်ကြမယ်ဆိုပြီးပြတိုက်ကိုဝင်ခိုးပါတော့တယ်။ခိုးရာပါအနုပညာလက်ရာတွေကို ထုခွဲရောင်းချပြီးသူ့ကိုလှောင်ပြောင်အထင်သေးတဲ့မိသားစုနဲ့ဝေးရာထွက်သွားတော့မယ်လို့ကြံရွယ်ပေမယ့်သူထင်တဲ့အတိုင်းဖြစ်လာပါ့မလား?ဒီပစ္စည်းတွေနဲ့ သူဘာဆက်လုပ်မလဲ?သရဲကားမဟုတ်သလိုစွန့်စားခန်းဖွင့်တဲ့ကားမျိုးလဲ မဟုတ်ပေမယ့်သိပ်ကောင်းတဲ့ Drama ကားကောင်းပါ။ရိုးရှင်းတဲ့ဇာတ်အိမ်ကိုမှ ရင်ခုန်လှုပ်ရှားပြီးစောင့်ကြည့်ရတဲ့ကားကောင်းလေးလို့ပဲညွှန်းပါရစေ။ File Size : (1 GB) and (295MB)Quality : Web DL720pRunning Time :2hr 08 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon Kyaw Encoded by Moe Myint Lwin
movie
Museo (2018)
2018