Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Leon Rippy
The Alamo (2004)
IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie
The Alamo (2004)
5.4
Maximum Overdrive (1986)
Maximum Overdrive (1982) Genre – Action, Comedy, HorrorIT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ်အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင်သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်(သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင်Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC ကတီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ...
movie
Maximum Overdrive (1986)
7.2
The Patriot (2000)
၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie
The Patriot (2000)
2000
6.1
Universal Soldier (1992)
90 ခုနှစ်တွေက ထွက်ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier ဇာတ်ကားတွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Universal Soldier ရုပ်ရှင်တွေရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး Action/Sci-fi အမျိုးအစားဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့နာမည်ကျော်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေးအရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှားအာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဗီယက်နမ်စစ်ပွဲအတွင်းမှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အချင်းများပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်လုံးသေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်အစိုးရက ပြန်အသက်သွင်းပြီး မှတ်ဉာဏ်တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီးခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်ဟောင်းတွေကို သတိရလာပြီး သတင်းထောက်မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင် Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်တွေပြန်ရရှိပြီး အထိန်းအကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတဲ့ ...
movie
Universal Soldier (1992)
6
Firestarter (1984)
Firestarter (1984)King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ...
movie
Firestarter (1984)
1984
5.7
Raw Deal(1986)
Raw Deal(1986)============== မာဖီးယားဂိုဏ်းကြီးတခုရဲ့ အမှုမျက်မြင်သက်သေ ကိုကာကွယ်ရင်းသေဆုံးသွားတဲ့ သားဖြစ်သူအတွက် လက်စားခြေဖို့ ကြိုးစားနေတဲ့အရာရှိကြီး ဟယ်ရီရှန်နွန် သက်ငယ်မုဒိမ်းမှု တရားခံကို ကြမ်းတမ်းစွာဖမ်းဆီးမှုနဲ့ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးမှာ အရက်စွဲနေတဲ့ဇနီးဖြစ်သူနဲ့ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့ နယ်ထိန်း ကာမင်စကီ(အာနိုး)အဲ့ဒီနှစ်ယောက်ပူးပေါင်းမိပြီး အရာရှိတွေပါအိပ်ထဲထည့်ထားနိုင်တဲ့ချီကာဂိုမြို့ရဲ့အကြီးဆုံးမာဖီးယားဂိုဏ်းကြီး ထဲမှာ သူလျှိုအဖြစ်ဝင်ရောက်ကာ ဖျက်ဆီးဖို့ကြိုးစားကြပုံတွေကို ၁၉၈၀ခေတ်ကာလကဇာတ်ကားဟောင်းလေးတွေ အမှတ်တရ ပြန်လည်ကြည့်ရှုလိုသူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်..(Arnold Schwarzenegger (အားနိုး) ငယ်ဘဝ ရဲ့ ပုံရိပ်လေးတွေကိုဒီကားမှာ ပြန်လည် ခံစားလို့ ရမှာ ဖြစ်ပါတယ်) File size…1.25GB / 518MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu
movie
Raw Deal(1986)
7.0
Midnight in the Garden of Good and Evil(1997)
Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie
Midnight in the Garden of Good and Evil(1997)
6.4
The Hot Spot (1990)
မမ Jennifer Connelly တစ်ယောက် ဒီထဲမှာ ကြမ်းတယ်ဆိုလို့ Quality Update လိုက်ပါတယ်။IMDb (6.4) / Rotten Tomatoes (73%)ဟယ်ရီမက်ဒေါ့စ်ဟာ တက္ကဆက်က မြို့ငယ်လေးတစ်ခုကို အခြေလာချတဲ့ တစ်နယ်သား တစ်ယောက်ပါ။ သူ့ နောက်ကြောင်းကို ဘယ်သူမှ မသိရသလို ဘာအကြံအစည်တွေသယ်ဆောင်လာမလဲ မယုံကြည်ရသူတစ်ယောက်။ ကားဟောင်း အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ပိုင်ရှင်ဖြစ်သူရဲ့ ဇနီးနဲ့ ပွေရှုပ်သလို စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာ(ဂျနီဖာကော်နယ်လီ)ကိုလဲ အလွတ်မပေးပါဘူး။တကယ်တမ်း သူ့ရည်ရွယ်ချက်က မြို့ရဲ့ ဘဏ်တိုက်ကိုလုယက်ဖို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာဟာ မြို့စွန်မှာ နေထိုင်တဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ ငွေညှစ်ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ ဒါတွေရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။ နယ်လှည့်ပြီး ဖျံကျလာတဲ့သူတစ်ယောက်အတွက် ဒီနယ်မြို့ငယ်လေးမှာ သူ့ထက်လည်တဲ့သူ ရှိနေမလား။ လျှို့ဝှက်ချက်ကိုယ်စီနဲ့ လူတစ်စု တစ်ယောက်အပေါ်တစ်ယောက် ပိပိရိရိလှည့်ဖျားကြပုံတွေကိုစိတ်ဝင်စားစရာမြင်ရပါလိမ့်မယ်။ဂျနီဖာကော်နယ်လီဆိုတာ ၁၉၉၀ ခုနှစ်များရဲ့ အလှဘုရင်မဖြစ်ပြီးတော့ သူ့ရဲ့အလှတွေချပြထားတဲ့ ဒီဇာတ်ကားက ကျွန်တော်တို့ကို ခဏခဏပြန်ကြည့်မိအောင် ဆွဲဆောင်ထားပါတယ်။ :3 File size…(2.2 ...
movie
The Hot Spot (1990)
1990
1080p HEVC
7.5
The Life of David Gale(2003)
The Life of David Gale(2003) အညွှန်း*********************************IMDb...7.5"အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်...ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှလုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်....အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ"ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ...ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်...အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ...ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့...သတင်းကြေငြာခဲ့သလိုပဲ ဆိုင်းငံပေးဖို့ ပယ်ဖျက်ခံရတဲ့သူပေါ့...ဆိုတော့ သူ့အတွက် အချိန်က အတိအကျဆိုရင် သေဒဏ်ပေးခံရဖို့ (၃)ရက်အလို....ဒီလိုအနေအထားမှာ သူဟာ ထူးဆန်းစွာပဲ မီဒီယာလောကမှာနာမည်ကြီးတဲ့သတင်းထောက်ဘစ်ဆီနဲ့ အင်တာဗျူးခံဖို့ လှမ်းခေါ်လိုက်ပါတယ်....သူက တကယ်ပဲအမှူကိုကျူးလွန်ခဲ့တာလား.... ဘာ့ကြောင့် ဒီအမျိုးသမီးကို မှ အင်တာဗျူးဖို့ခေါ်လိုက်တာလဲ...ဒီ(၇၂)နာရီအတွင်းဘာတွေဖြစ်လာမလဲဆိုတာကတော့...ဒီကားမှဦအဓိကသရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Kevin Spacey နဲ့ မင်းသမီးKate Winslet ပါဝင်သရုပ်ဆောင်ထားတယ်...Classic ကားတော်တော်များများဟာတကယ်တော့ အထနှေးတယ်လို့ဆိုရမလားပဲ...အစပိုင်း မိနစ်(၄၀)လောက်ထိ စိတ်ရှည်သီးခံပြီးကြည့်ရတာများပါတယ်...သို့ပေမဲ့ ဒီကားက စစချင်းကို စိတ်ဝင်စားစရာတွေအပြည့်နဲ့...Kevin Spacey ...
movie
The Life of David Gale(2003)
5.5
Eight Legged Freaks(2002)
Eight Legged Freaks(2002)(unicode)ဝေးလံခေါင်ဖျားတဲ့ သတ္တုတွင်းအခြေစိုက်မြို့လေးတစ်မြို့မှာ ဓာတုပစ္စည်းတွေ ယိုဖိတ်ရာကနေ ပင့်ကူမွေးမြူရေးစခန်းက ရာချီတဲ့ ပင့်ကူတွေဟာ ကားတစ်စီးစာအရွယ်အစားအဖြစ်ကို ညတွင်းချင်းကြီးမားသွားပါတော့တယ်။ အဲ့ဒါကိုတားမြစ်ရမယ့်သူတွေကတော့ မိုင်းတွင်း အင်ဂျင်နီယာ ခရစ်မက်ကော်မနက် ရဲအရာရှိ ဆမ်ပါကား နဲ့ ဆမ်ရဲ့သား ပင့်ကူတွေအကြောင်း ကျွမ်းကျင်တဲ့ မိုက်ခ်ဆိုတဲ့ ကလေးတစ်ယောက်ရယ် မြို့နေ လူတစ်စုရယ်ပါပဲ။ တစ်မြို့လုံးကို ဖုံးလွှမ်း အန္တရာယ်ပေးလာမယ့် ပင့်ကူတွေကို သူတို့ ဘယ်လိုရင်ဆိုင်မလဲ? ဝေးလံလွန်းတဲ့ ဒေသဖြစ်တဲ့ အပြင် တစ်ခြားဒေသတွေနဲ့လဲ အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါ ဘယ်သူ့ဆီက အကူအညီရယူရမလဲ? Eight Legged Freaks ဟာ အကောင်ကားတွေလို့ခေါ်ကြတဲ့ Monster movies တွေခေတ်စားတဲ့ 90s 20s ဝန်းကျင်က မြန်မာပြည်က ခွေဆိုင်တွေမှာပါ အတော်ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ အကောင်ကားဆိုပေမယ့် Pg 13 ပဲဖြစ်တဲ့အတွက် သွေးထွက်သံယိုကြမ်းတမ်းတဲ့ပြကွက်တွေ မပါဝင်ပဲ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးဖြစ်တဲ့ ကားတစ်ကားပါပဲ။ ...
movie
Eight Legged Freaks(2002)
7.1
The Thirteenth Floor (1999)
ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie
The Thirteenth Floor (1999)
1999
7.5
Deadwood: The Movie (2019)
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တာကတော့Deadwood ဆိုတဲ့ကားသစ်လေးပါ။Imdb Rating 7.5 /10 နဲ့ Rotten Tomatoes 95%တောင်ရရှိထားတာမလို့ကားကောင်းလေးလို့ ပြောနေစရာတောင်မလိုတော့ပါဘူး။HBO Film ကနေတင်ဆက်ထားတဲ့ဒီ Deadwood:the movie(2019)ကားဟာကမ္ဘာပေါ်မှာ လူကြိုက်များအောင်မြင်ခဲ့တဲ့Deadwood ဇာတ်လမ်းတွဲအပေါ် အခြေခံရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းဖြစ်တည်ရာ တောင်ပိုင်း ဒါကိုတာပြည်နယ်ကဒတ်ဝုဒ်ဆိုတဲ့မြို့လေးမှာရှိတဲ့ မြို့သူမြို့သားတွေအကြောင်းရိုက်ကူးထားတာပါ။အရက်ဆိုင်ပိုင်ရှင် ဆွဲအန်ဂျန်၊ပြည့်တန်ဆာမထရစ်စီ၊မြို့တော်ဝန် ဖာနန်၊မာရှယ် ဘူးလော့၊မြေပိုင်ရှင် ချာလီအတ်တာ၊ဆီးနိတ်အမတ်ကြီး ဂျော့ရှ်ဟာ့စ် တို့ကြားကလူ့သဘော လူ့သဘာဝ လောဘ မာန အာဃာတတွေကိုကောင်းကောင်းပုံဖော်ရိုက်ကူးထားပါတယ်လို့ပြောရမှာပါပဲ။ဒီဖြစ်ရပ်တွေဟာ ဒတ်ဝုတ်မြို့မှာ တကယ်ဖြစ်ခဲ့၊ရှိခဲ့တဲ့ဖြစ်ရပ်မှန်တွေပါ။အဲဒီတော့ 1870 ပြည့်နှစ်ကာလများကိုစိတ်ဝင်စားဖွယ် ဒီကားလေးနဲ့အတူတူလိုက်ပါစီးမြောလိုက်ပါ။ဇာတ်လမ်းလေးနာမည်ကတော့ Deadwood (2019)ပါ။ File Size : ( 1 GB , 351 MB)Quality : ...
movie
2019
7.1
Stargate (1994)
ကျွန်တော်တို့တွေ အီဂျစ်မှာရှိတဲ့ ပိရမစ်ကြီးတွေ စဖင့်ရုပ်တုတွေအကြောင်းကို အကုန်လုံးကြားဖူးမြင်ဖူးကြမှာပါ။ထူးခြားဆန်းကျယ်တဲ့ တည်ဆောက်မှု့တွေ ဖြစ်သလို အရမ်းကို တိကျလွန်းတဲ့ တစ်လက်မတောင်မလွဲတဲ့ ဗိသုကာစကေးတွေနဲ့ တည်ဆောက်ထားတာတွေကိုတွေ့ရမှာပါ။ ဒီတော့ တစ်ချို့လူတွေ တွေးတာက ဒီလောက် တိကျလွန်းပြီး နက္ခတဗေဒ အရကော သင်္ချာနည်းအရပါ ထူးခြားတိကျလောက်အောင် တည်ဆောက်ထားတာ ရှေးခေတ် အီဂျစ်တွေမဟုတ်နိုင်ဘူး သူတို့ထက် ယဉ်ကျေးမှု့ ပိုမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုခု ဖြစ်မယ်ပေါ့ဗျာ။ ဒီဇာတ်ကားမှာလဲ အဲ့အမြင်ကို ချပြသွားပါတယ်။ ဇာတ်လမ်းကို အနည်းငယ်ပြောပြရရင် ၁၉၂၈ ခုနှစ် အီဂျစ်မှာ ရှေးဟောင်းပိရမစ်ကို တူးဖော်ရင်းနဲ့ ထူးဆန်းတဲ့ Device တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ Device ပေါ်မှာ ထူးခြားတဲ့ အရုပ်စာတွေပါပါတယ်။ အဲ့ကတည်းက အဲ့အရုပ်စာကို အဓိပ္ပာယ်ဖော်ခဲ့ကြပါတယ်။ဒါပေမဲ့ မဖော်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ နှစ်တွေ များစွာကြာပြီးတဲ့နောက် အပေါ်က တင်ပြခဲ့တဲ့ အမြင်မျိုးရှိတဲ့ ဒေါက်တာ ဒန်နီရယ်လ်ဂျက်ဆန် ဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။တစ်ရက်မှာ သူ့အမြင်ကိုတင်ပြဟောပြောပွဲအပြီးမှာပဲ သူ့ကို ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးက ဖိတ်ခေါ်ခဲ့ပါတယ်။သူလည်းအဲ့အမျိုးသမီးဖိတ်ခေါ်တဲ့နေရာကို လိုက်သွားတာပေါ့ အဲ့လို လိုက်သွားမှပဲ သိရတာက အဲ့နေရာဟာ အထူးနိုင်ငံတော်လျှို့ဝှက်ချက်ဖြစ်ပြီး ၁၉၂၈ ကတွေ့ခဲ့တဲ့ စက်ပစ္စည်းကို ...
movie
Stargate (1994)
1994
6.4
The Lone Ranger (2013)
The Lone Ranger (2013)_____IMDb - 6.4/10 Pirates of the Caribbean ဇာတ်ကား ဖန်တီးရှင် ထုတ်လုပ်သူ Jerry Bruckheimer နဲ့ ဒါရိုက်တာ Gore Verbinski တို့ရဲ့ လက်ရာ ဖြစ်ပြီး Tonto အဖြစ် မင်းသား Johnny Depp ၊ Lone Ranger ခေါ် John Reid အဖြစ် Armie Hammer ၊ Latham Cole အဖြစ် Tom Wilkinson Butch Cavendish အဖြစ် William Fichtner ၊ Red Harrington အဖြစ် Helena Bonham Carter ၊ Dan Reid အဖြစ် James Badge Dale နဲ့ Rebecca အဖြစ် ...
movie
The Lone Ranger (2013)
2013