Channel Myanmar

Leon Lamar

Hick (2011) 5.5
Hick (2011)  ချစ်စရာမင်းသမီးချောလေး Chloe Grace Moretz ငယ်စဉ်ကပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2011 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hick ဖြစ်ပြီး IMdb Rating 5.5အထိရရှိထားပါတယ်။ဒရာမာ ဟာသအမျိုးအစားဖြစ်ပြီးအိမ်နဲ့ဝေးနေတဲ့အိမ်ပြေးလေးတွေအတွက်ပိုကြည့်ကောင်းမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။နယ်မြို့လေးမှာ မိဘဖြစ်သူတွေနဲ့အတူနေထိုင် လူလီဆိုတဲ့ကောင်မလေးတစ်ယောက်က တစ်နေ့မှာတော့ အိမ်ကမိဘတွေရဲ့ဖိအားတွေကြောင့်အိမ်ပေါ်ကဆင်းလာခဲ့ပြီး သူ့အိပ်မက်ဖြစ်တဲ့လက်စ်ဗီးဂက်စ်ကိုသွားဖို့တစ်ယောက်တည်း ကားလမ်းမကြီးပေါ်လမ်းလျှောက်ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမှာလမ်းကြုံခေါ်ပေးမဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး ကားကြုံလိုက်စီးခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူကထူးဆန်းနေတဲ့အတွက် လူလီတစ်ယောက်ချက်ချင်းဆင်းပြေးလာခဲ့ပါတော့တယ်။ဒီလိုနဲ့လမ်းမကြီးပေါ်မှာဆက်လျှောက်လာခဲ့ပြီးကားကြုံထပ်လိုက်စီးခဲ့ပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်တော့ လမ်းကြုံတင်ခေါ်ပေးတဲ့သူက အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် သူနဲ့အဆင်ပြေခဲ့ပြီး သူ့ရဲ့ လက်စ်ဗီးဂက်စ်ကိုသွားတဲ့ခရီးစဉ်မှာ ဘယ်လိုစွန့်စားခန်းတွေထပ်မံကြုံတွေ့သွားရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size…1.61GB / 740MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Hick (2011)

No Good Deed (2014) 5.8
No Good Deed (2014)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ No Good Deed ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Sam Millerကရိုက်ကူးပုံဖော်ထားပြီး rating 5.6/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ ကော်လင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားIdris Elba ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပြီး မင်းသမီး Taraji Henson ကအကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးရရှိထားပါတယ်...ဇာတ်လမ်းအစမှာလူသတ်မှုနဲ့ ထောင်ငါးနှစ်ကျနေတဲ့ကော်လင်းဆိုတဲ့လူသတ်သမားတစ်ယောက် အယူခံဝင်ဖို့တရားရုံးကို သွားနေပုံနဲ့စတင်ထားပါတယ် ဒီဇာတ်ကားကလူ့လောကမှာအိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ နောက်ဆုံးမှာဘယ်လို အဆုံးသတ် သွားမလဲဆိုတာကို ထောက်ပြထားပါတယ်ဒီလိုနဲ့ကော်လင်းတစ်ယောက် အယူခံဝင်တာမအောင်မြင်တဲ့အဆုံးထောင်ကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ် အဲ့ဒီနောက် လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ချစ်သူကောင်မလေးဆီကို အရောက်ပြန်ပါတော့တယ်အချစ်ကြီးတဲ့ကောလင်းတစ်ယောက် မိမိချစ်လှပါတယ်ဆိုတဲ့ကောင်မလေးက မိမိထောင်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို သိလိုက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ကော်လင်းတစ်ယောက် ဒီအဖြစ်မှန်ကိုရင်ဆိုင်နိုင်ပါ့မလားကောလင်းတစ်ယောက်ဘယ်လိုမျိုးတွေဂလဲ့စားချေဖို့ ကြိုးစားမလဲ..တစ်ဖက်မှာလည်း တယ်ရီဆိုတဲ့ ကလေးနှစ်ယောက်နဲ့နပန်းလုံးနေရတဲ့ အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက်ကမိမိယောကျ်ားရဲ့အရေးမထားမှုတွေ ဂရုမစိုက်မှုတွေကိုခါးစီးခံနေရပါတယ် ဒီလိုနဲ့ တစ်နေ့မှာတယ်ရီရဲ့အမျိုးသားဂျက်ဖ်ရီက သူ့အဖေမွေးနေ့မလို့ ဂေါက်ရိုက်သွားမယ်ဆိုပြီးပြောကာ အထုပ်အပိုးတွေနဲ့ မိုးထဲရေထဲကိုထွက်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကော်လင်းတစ်ယောက်ကားပျက်ပြီး တယ်ရီတို့အိမ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်ကြမလဲ...ကော်လင်းကရော ...
movie

No Good Deed (2014)

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
They Cloned Tyrone (2023) 6.7
They Cloned Tyrone (2023) They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie

They Cloned Tyrone (2023)