Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lenny Kravitz
Zoolander (2001)
IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie
Zoolander (2001)
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
6.8
American Symphony (2023)
ဂျွန်ဘတ်စ်တီဆိုတာ အမေရိကန်ဂီတလောကမှာတော့ မသိတဲ့သူမရှိသလောက်ကို အောင်မြင်နေတဲ့ ဂီတပညာရှင်တစ်ယောက်ပါ။၂၀၂၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာလဲ ဂရမ်မီဆုတွေတသီကြီးသိမ်းကြုံးယူသွားတဲ့သူပေါ့။ တေလာဆွစ်တို့ ဘယ်လီအိုင်းလစ်ချ်တို့ကိုကျော်ပြီး တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆုကိုပါ သိမ်းပိုက်သွားသူပါ။သူ့ရဲ့ Freedom ဆိုတဲ့သီချင်းဟာလဲ အတော်ပေါက်သွားတဲ့သီချင်းလေးပါ။ သူ့ရဲ့ငယ်ဘဝမှာအိပ်မက်တစ်ခုရှိပါတယ် ဂီတဆိုတာ ပေါ့တွေ ဂျက်ဇ်တွေ ဘာတွေအမျိုးစားခွဲခြား မနေပဲနဲ့ အားလုံးကိုပေါင်းစုပြီးတော့ American Symphony ဆိုတဲ့သံစုံတီးဝိုင်းနဲ့သီချင်းတစ်ပုဒ်ကိုဖန်တီးနေချင်တာပါ။သူ့ရဲ့ငယ်ဘဝဟာလဲ ခက်ခဲခဲ့ပါတယ်။ မြေအောက်ရထား ဘူတာရုံတို့ လမ်းဘေးတို့မှာ အလကားသီချင်းဆိုပြီး နေ့တိုင်းပဲစားပြီး ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ စာရေးဆရာမ ဆူလိုက်ခ်နဲ့တွေ့ပြီး ဘဝရဲ့လက်တွဲဖော်ကိုတွေ့ရှိခဲ့ပြီး နှစ်ယောက်သား အေးအတူပူအမျှဖြတ်သန်းခဲ့ပေမဲ့ ဆူလိုက်ခ်မှာက သွေးကင်ဆာရောဂါရှိနေတာပါ။ဂျွန်ဘတ်စ်တီကလဲ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Amreican Symphony ကို အကောင်ထည်ဖော်ဖို့ နှစ်နှစ်လောက်ကြာခဲ့ပြီး ဒီကြားထဲ ဇနီးဖြစ်သူရဲ့ကင်ဆာရောဂါကလဲ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သူ့အနေနဲ့ ဒီလိုဖိအားတွေ လူမည်းက ဒီလို သံစုံတီးဝိုင်းကြီးလုပ်ရမလားဆိုပြီး ဝေဖန်တာတွေကြား ခဏခဏရပ်ပစ်ဖို့စဉ်းစားခဲ့ရပါတယ်။ဒါပေမဲ့ ဇနီးဖြစ်သူ သူငယ်ချင်းအပေါင်းသင်းတွေရဲ့ဖေးမမှုကြောင့်ပဲ ဒီ American Symphony ကြီးကိုလုပ်ဖြစ်ခဲ့တာပါ။ ဂျွန်ဘတ်စ်တီနဲ့ ဆူလိုက်ခ်တို့ရဲ့အချစ်ရေးဟာလဲ အမေရိကန်မှာ လူကြိုက်အများဆုံးအချစ်ရေးပါပဲ။ သူတို့ရဲ့အကျဉ်းချုံးကျင်းပတဲ့ ဗီဒီယိုဖိုင်နဲ့ သီချင်းဟာလဲ ယူကျု့မှာနာမည်ကြီးပါပဲ။ ...
movie
American Symphony (2023)
2024
8.0
The Diving Bell and the Butterfly (2007) Le scaphandre et le papillon
The Diving Bell and the Butterfly (2007)ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက်တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက်လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက်စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့်သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့The Diving Bell and the Butterflyဆိုတဲ့စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးလေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက်အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ File size… 2.8 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ..... ...
movie
The Diving Bell and the Butterfly (2007) Le scaphandre et le papillon
7.3
Precious (2009)
အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down's Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ကျောင်းက ...
movie
Precious (2009)
7.5
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie
The Hunger Games: Catching Fire (2013)
2013
4K HEVC
7.2
The Hunger Games (2012)
The Hunger Games (2012)IMDb Rating (7.2) / Rotten Tomatoes (84%) The Hunger Games (2012) Review *** Spoiler Alert *** နာမည်ကျော်သရုပ်ဆောင် Jennifer Lawrence သရုပ်ဆောင်ထားတဲ့ Adventure , Drama , Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်း : The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ ...
movie
The Hunger Games (2012)
2012
4K HEVC
7.2
The Butler (2013)
2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လိုဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB) / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Butler (2013)
5.8
Shotgun Wedding (2023)
Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie
Shotgun Wedding (2023)
2023
5.9
The Rugrats Movie (1998)
ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင် File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie
The Rugrats Movie (1998)
1998