Channel Myanmar

Leng Haiming

Dead Ahead ( 2024 ) 5.8
Dead Ahead ( 2024 ) ဇာတ်လမ်းအကျဉ်းကတော့ မြို့ငယ်လေးတစ်မြို့မှာ ပြည်သူတွေကအေးအေးချမ်းချမ်းနေနေခဲ့တယ်။ တစ်နေ့မှာ မင်္ဂလာပွဲကျင်းပဖို့ပြင်ဆင်နေခဲ့ကြပြီး အားလုံးပျော်ရွှင်စွာမင်္ဂလာယူနေကြတဲ့အချိန်မှာ ပြည်သူယောင်ဆောင်ထားတဲ့ဂျပန်တွေရောက်လာပြီးတော့ လူ၁၀၀ကျော်ကိုသတ်သွားခဲ့ပါတယ်။ဒီလိုနဲ့မင်္ဂလာဦးညမှာ ဇနီးနဲ့အဖေကိုဆုံးရှုံးလိုက်ရတဲ့သတို့သားဟာ ဂျပန်တွေကိုနာကျည်းမုန်းတီးပြီးတော့ လက်စားချေဖို့ဆုံးဖြတ်ချလိုက်ပါတယ်။ ဂျပန်တပ်ဖွဲ့နောက်ကိုလိုက်ရင်း တောင်ပေါ်လမ်းမှာ တော်လှန်ရေးတပ်နဲ့ဆုံသွားပြီးတော့ ဂျပန်တွေကို ပြန်ပြီးပညာပြ ချေမှုန်းပြီးလက်စားချေတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Filesize : 1.51 GB / 823 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama , War Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Dead Ahead ( 2024 )

The Hero Named Koxinga ( 2022 ) 6
The Hero Named Koxinga ( 2022 ) ဒီဇာတ်ကားကတော့ သမိုင်းမှာတကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်ပြည်ဟာ ချင်ပြည်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံရစဥ်မှာ ကောရှင်းရယ် အမည်တွင်တဲ့သူရဲကောင်းတစ်ယောက် ပေါက်ထွက်လာခဲ့တယ်။နာမည်ကတော့ ကျန်းချန်ကုန်းဖြစ်ပြီး၊ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အသက်ပေးထားတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ တိုက်ပွဲတိုင်းကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီး တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲက ကာကွယ်နိုင်သူ။ ပြည်သူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်။ တိုင်းပြည်အရှုပ်အထွေးနဲ့ကြုံပြီး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ရဲ့ဉာဏ်ပညာနဲ့ နည်းဗျူဟာကျကျ တွက်ချက်ပုံတွေ၊ ပြည််သူအများ​ကိုကာကွယ်ပုံတွေကိုကြည့်ရှုရမှာဖြစ်သလို၊ သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ သူရဲကောင်းတွေအကြောင်းကိုလည်းကြည့်ကြရမှာပါ။သရုပ်ဆောင်တွေဟာလည်းဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ပြီး၊ စစ်ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်မှာပါ။ စစ်ဗျူဟာတွေ လှည့်ကွက်တွေဟာလည်း ပျင်းသွားစရာတစ်ကွက်မှမရှိဘဲ ၊ စစ်တိုက်ခန်းတွေဟာလည်း တကယ်ကြမ်းပါတယ်။ အရင်ခေတ်ကားတွေကိုကြည့်နေရသလိုခံစားချက်မျိုးရစေမယ့် ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , History , War Runtime : 1h 21min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Chu Chu , Nu Mon Encoded by LK
movie

The Hero Named Koxinga ( 2022 )