Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lela Rochon
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
6.7
Brooklyn’s Finest(2009)
IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်ကြောင့် ...
movie
Brooklyn’s Finest(2009)
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
6.0
The Big Hit (1998)
The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း ...
movie
The Big Hit (1998)