Channel Myanmar

Lee Tae-ri

The Wrath (2018) 5.9
The Wrath (2018) The Wrath (2018) ******************* လိုင်းပေါ်မှာ တစ်ဖန်ပြန်ပြီး ခေတ်စားလာတဲ့ ကိုရီးယား horror ကား The Wailing (2016) ကြည့်မယ်ဆိုရင် အကြောင်းအရာတွေ ဆက်စပ်ပြီး နားလည်နိုင်ဖို့အတွက် သူ့ရဲ့ မူရင်းဇစ်မြစ်ကို ရိုက်ကူးထားတဲ့ The Wrath (2018)ကို အရင်ကြည့်မှ ဖြစ်ပါမယ်နော်(ဇာတ်လမ်းအညွှန်း)ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်မျိုးရိုးမြင့်အိမ်တော်တစ်ခုက သားယောက်ျားလေးတွေဟာ မင်္ဂလာဦးညမှာ အငြိုးကြီးမကောင်းဆိုးဝါးရဲ့ ခြောက်ခြားမှုတွေနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးနေရတယ်နောက်ဆုံးကျန်တဲ့ သားအငယ်ဆုံးကိုလည်း အလားတူ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးမကြုံဘဲ မိသားစုကိုဆက်ခံဖို့ သွေးသားရနိုင်အောင် အိမ်တော်ရဲ့ သခင်မကြီးက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေရှာတယ်အငြိုးကြီးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ဖို့ ဟန်ဆောင်မင်္ဂလာပွဲအတွက် မျိုးရိုးနိမ့်မိဘမဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ ဘာမှမသိဘဲ အိမ်တော်ကြီးထဲကို ရောက်ရှိလာခဲ့တယ်အဲဒီ မကောင်းဆိုးဝါးက အိမ်တော်ထဲကို ဘယ်လိုအကြောင်းတွေကြောင့် ကပ်ငြိနေရတာလဲအိမ်တော်က လူတွေကရော မကောင်းဆိုးဝါးကို ပြန်အန်တု နှိမ်နင်းသွားနိုင်မလားဆိုတာကိုတော့ The wrath movie ထဲမှာ ခံစားလိုက်ကြပါဦးFile ...
movie

The Wrath (2018)

Running Man (2013) 6.3
Running Man (2013) Running Man (2013) အညွှန်းထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး...နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? ...
movie

Running Man (2013)

2013