Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Sung-min
6.9
Handsome Guys (2024)
Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူတွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie
Handsome Guys (2024)
6.0
The Drug King(2018)
The Drug King (2018)IMDb Rating (6.2) / Rotten Tomatoes (75%)လီဒူဆမ် ဆိုတဲ့လူတစ်ယောက် က ၁၉၇၀ ပြည့်နှစ်တွေမှာ ရွှေထည်နဲ့ တန်ဖိုးကြီးနာရီတွေ မှောင်ခိုတင်သွင်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ခဲ့တယ် ရဲတွေက မှောင်ခိုသမားတွေကို ဖြိုခွင်းတဲ့အချိန်မှာတော့ လီဒူဆမ် တစ်ယောက် သူ့သူဌေးရဲ့ ကောက်ကျစ်မှုခံရပြီး သူတစ်ယောက်သာ ထောင်ကျခဲ့ပါတယ်.....ထောင်က ပြန်လွတ်လာပြီးချိန်မှာတော့ လီဒူဆမ် ဟာ မူးယဇ်မှောင်ခိုလောကထဲ ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.....ဖြတ်သန်းခဲ့တဲ့ မကောင်းမှုလောကရဲ့ သင်ကြားမှုကြောင့် မူးယစ်မှောင်ခိုလုပ်ချိန်မှာတော့ သူဟာ အရင်လို နုံအတဲ့သူ မဟုတ်တော့ပါဘူး.....အရာရာကိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တတ်လာတယ်...သူမူးယစ်မှောင်ခိုလောကမှာ အောင်မြင်လာ မလား ...ဘယ်လိုအန္တရယ်တွေကရော သူ့ကိုဆီးကြိုနေမလဲ...ရဲတွေရဲ့ အန္တရယ်ကရော ရှောင်တိမ်းနိုင်ပါ့မလား...အချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်တဲ့ဒုစရိုက်လောကသားချင်းတွေနဲ့ရော ဘယ်လိုရှေ့ဆက်မလဲ...ကိုင်း ခံစားကြည့်လိုက်ပါဦး....မင်းသားကြီး Kang-ho Song နဲ့Jung-suk Joတို့ အဓိကသရုပ်ဆောင်ထားပြီး ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့မူးယစ်ဆေးဝါးဒုစရိုက်လောကနဲ့ပတ်သက်တဲ့ ကားမျိုးမှ သဘောကျတဲ့သူတွေအဖို့ကြည့်ကိုကြည့်ရမယ့် ကားဖြစ်ပါကြောင်း ညွှန်းဆိုပါရစေ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်...) File size…(2.9 GB )/(1.4 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:18:50 Subtitle….Myanmar Subtitle ...
movie
The Drug King(2018)
2018
12.12: The Day(2023)
12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့ The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်... File Size : (2.02GB) and ...
movie
12.12: The Day(2023)
7.1
The Moon(2023)
The Moon(2023)**************** ဒီကားဟာ BO ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိခဲ့တဲ့ ရုံကားဖြစ်ပါတယ်....ဘက်ဂျက်တွေအများကြီးသုံးခဲ့ပြီးCGI တွေလည်း တော်တော်ကိုကောင်းမွန်ပါတယ် ..ပြသချိန် ၂နာရီကျော်အတွင်းလုံးဝပျင်းစရာမကောင်းဘဲ စ/ဆုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်...ကိုရီးယားတွေဟာလကမ္ဘာကိုတက်ဖို့ ကြိုးစားခဲ့တုန်းက ပျက်စီးမှုတွေများပြားလွန်းတဲ့အပြင်ပါသွားတဲ့အာကာသယာဉ်မှူး ၃ယောက်အသက်ဆုံးရှုံးခဲ့ပါတယ်...ဒီနောက်ဆက်တွဲအကျိုးဆက်ကတော့အာကာသအဖွဲ့ဝင်တွေနိုင်ငံကနေ ထုတ်ပယ်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်..သို့ပေမဲ့ ကိုရီးယားသိပ္ပံပညာရှင်တွေနဲ့အင်ဂျင်နီယာတွေဟာလက်မလျှော့ခဲ့ပါဘူး...စမ်းသပ်မှုအကြိမ်ကြိမ်ကနေအမှန်တွေပြင်ဆင်ရင်း အထူးအာကာသယာဉ်မှူး(၃)ယောက်နဲ့ လကမ္ဘာပေါ်ကိုထပ်မံခြေချဖို့ကြိုးစားပါတော့တယ်...သူတို့အောင်မြင်မလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ .....A List သရုပ်ဆောင်တွေချည်းပါတဲ့အပြင် imdb ရော အခြားကောင်းမွန်တဲ့ review တွေကြောင့်ထွေထူးတော့မညွှန်းတော့ပါဘူး...File size… 2.4GB & 0.9GB Quality…WEB-DL 1080p & 720p Format…mp4 Duration….2hr 09min Genre ….. Sci-Fi, Adventure ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Tiff, Hnin Wai Oo, Stary & Treasure Htet
movie
The Moon(2023)
6.5
Seducing Mr. Perfect (2006)
Seducing Mr. Perfect (2006) ============================ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို ...
movie
Seducing Mr. Perfect (2006)
2006
7.4
Bestseller(2010)
Bestseller(2010)***************သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာသူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလိုတစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်ကလွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ....လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ......တရားခံက ဘယ်သူဖြစ်မလဲ......အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား.....လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
Bestseller(2010)
6.7
The Devil’s Deal(2023)
The Devil's Deal(2023)*********************ဂျွန်ဟယ်၀န်းဟာဆိုရင်တော့ ဘူဆန်မှ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးရွေးကောက်ပွဲမှာ ကိုးရီးယားဒီမိုကရက်တစ်ပါတီကနေတစ်ဆင့် ပါ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်...ဒါပေမဲ့ ကိုယ်စားလှယ်လောင်းဆန်ကာတင်စာရင်း ကြေညာဖို့ နှစ်ရက်အလိုမှာပဲပါတီကနေပြီး ဂျွန်ဟယ်၀န်းကို ဆန်ကာတင်စာရင်းကနေ ဖြုတ်ချလိုက်ပါတယ်...ပါတီရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ ဂျွန်ဟယ်၀န်းတစ်ယောက် လူမိုက်ခေါင်းဆောင်ဂင်ဖီးလ်ဒိုဆီကနေ မဲဆွယ်ရန်ပုံငွေအတွက် ပိုက်ဆံချေးပြီး တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ၀င်ပြိုင်တဲ့အခါမှာတော့...Cast တွေအနေနဲ့ မင်းသားကြီးတွေဖြစ်ကြတဲ့ Cho Jin Woong , Lee Sung Min , Kim Moo Yul တို့ကအဓိက ပါ၀င်သရုပ်ဆောင်ထားပြီး နိုင်ငံရေးအားပြိုင်ကြပုံ မဲမသမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာမို့နိုင်ငံရေးဇာတ်ကား ကြိုက်သူများအဖို့ must watch ပါလို့ ညွှန်းဆိုချင်ပါတယ်....File Size :(1.7GB) and (713MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:56:00 Genre : Thriller , Drama Subtitle : Myanmar Subtitle ...
movie
The Devil’s Deal(2023)
7.1
Remember (2022)
Remember (2022)မကြာခင်မှာ စစ်မှုထမ်းသွားရတော့မယ့် Nam Joo Hyuk ကို အလွမ်းပြေကြည့်ဖို့ ဇာတ်ကားအသစ်လေးရပါပြီ။ Main Cast တွေအနေနဲ့ Lee Sung Min နဲ့ Nam Joo Hyuk တို့ပါဝင်ထားတဲ့အပြင် Plot ဆန်းဆန်းလေးနဲ့မို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး။ _____________________ _____________________ “အတိတ်မှာပိတ်မိနေတဲ့သူတွေအတွက် အနာဂတ်ဆိုတာ မရှိဘူး" ဒါပေမဲ့လည်း မတရားသဖြင့် ခံစားခဲ့ရတဲ့သူတွေအတွက်တော့ တချို့အတိတ်တွေက သူတို့တစ်ဘဝလုံးထွေးပိုက်ထားရမယ့် နာကြည်းချက်တွေ၊ သူတို့ဘဝကိုရှေ့ဆက်ရမယ့် လှေကားတစ်တွေ ဖြစ်နေမှာပါ။ဟန်ဖီလ်ဂျူဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ဦးဖြစ်ပြီး ဦးနှောက်အကြိတ်နောက်ဆုံးအဆင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ ဒါ့အပြင် လူမသိသူမသိ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့မှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် အကွက်ချစီစဉ်လာခဲ့တဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။အင်ဂယူကတော့ ဟန်ဖီလ်ဂျူနဲ့ အသက်အရွယ်ချင်းကွာခြားလွန်းပေမဲ့ သူငယ်ချင်းလို ခင်မင်ပေါင်းသင်းနေကြတဲ့ ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ဒီလိုနဲ့တစ်နေ့မှာတော့ အင်ဂယူတစ်ယောက် ဟန်ဖီလ်ဂျူကို ကူညီပေးရင်း မထင်မှတ်ဘဲ လူသတ်တရားခံအနေနဲ့ သံသယဝင်ခံရတဲ့အဖြစ်ကို ရောက်သွားပါတော့တယ်။ အင်ဂယူအတွက် အံ့အားသင့်စရာတစ်ခုကတော့ လူသတ်သမားအစစ်ဟာ သူယုံကြည်ခဲ့ရတဲ့ ...
movie
Remember (2022)
7.3
Hunt (2022)
Hunt (2022)(1080p ရပါပြီ)Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ...
movie
Hunt (2022)
2022
7.3
The Good, the Bad, the Weird (2008)
IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie
The Good, the Bad, the Weird (2008)
2008
7.7
Miracle: Letters to the President (2021)
The Miracle : Letters to President (2021)IMDb - 7.7/10ဒရမ်မာကို ဟာသလေးနှောပြီး ကြည့်ချင်သူများအတွက်၂နာရီစာလောက်ပဲရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးပါရစေCast တွေကတော့ Girl's Generation ထဲက Yoon-Ah နဲ့Hellbound မီနီစီးရီးထဲက Park Jung Min တို့ ခေါင်းဆောင်အနေနဲ့ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....အချိန်ကာလအားဖြင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရီးယား ဂယောင်းဆန်းခရိုင်မှာ ရွာရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တဲ့အတွက်သမ္မတကြီးဆီကို စာတွေအမြဲပို့ပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဂျွန်းဂယောင်းနဲ့ဂျွန်းဂယောင်းရဲ့အိမ်မက်ကိုနားလည်သွားတဲ့ ကောင်မလေး လာဟီးတို့ရဲ့ ကြိုးစားမှုရယ်အဖေနဲ့ မောင်လေးကိုပဲ ဦးစားပေးလာတဲ့ ဂျွန်းဂယောင်းအစ်မ ဘိုဂယောင်းနဲ့သားနဲ့ ဆက်ဆံရေး စိမ်းသက်သက်ဖြစ်တဲ့ သားအဖနှစ်ဦးကြားက သံယောဇဉ်...ဒီလိုဆန်းပြားတဲ့ ကာရိုက်တာတွေကို ဘယ်လိုတင်ဆက်ပေးမလဲဆိုတာကိုThe Miracle : Letters to President ...
movie
Miracle: Letters to the President (2021)
2021
7.0
Hostage: Missing Celebrity(2021)
Hostage: Missing Celebrity(2021) အညွှန်း**************************************IMDb....7.0ကိုရီးယားရဲ့နာမည်ကျော်မင်းသားကြီး Jung-min Hwang အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ကားကြီးလာပါပြီ... ဒီဇာတ်ကားကြီးဟာ အခု Korean Box Office မှာSinkhole ကိုကျော်ပီး No.1 တောင်ရောက်နေပါတယ်...ဒီကားထဲမှာလည်း နာမည်ကြီးမင်းသားအဖြစ်သရုပ်ဆောင်ထားပါတယ်... သူဟာ ရုပ်ရှင် အစမ်းပြသပွဲတစ်ခုကနေ ပြန်လာပြီး လူရမ်းကားသုံးယောက်ရဲ့ ပြန်ပေးဆွဲခြင််းကို ခံလိုက်ရပါတယ် ။ဖြစ်ချင်တော့ ထိုလူတွေက အဖွဲ့လိုက် ပြန်ပေးဆွဲ လူသတ်မှုကိုကျူးလွန်နေတဲ့ ရာဇဝတ်သားတွေ ဖြစ်နေခဲ့ပါတယ်..တကယ့်လက်ရဲဇက်ရဲ ကောင်တွေ ပြန်ပေးဆွဲထားပြီး အချိန်မရွေးအသက်ပျောက်နိုင်တဲ့ အခြေအနေမှာကူကယ်ရာမဲ့နေတဲ့ မင်းသားကြီးဟာ ဘယ်လို ရုန်းထွက်မလဲဆိုတာကိုတော့.....နင်းကန်လန်းတဲ့ ကားကြီးဖြစ်လို့ လက်မလွှတ်သင့်ပါကြောင်း.....File Size :(1.77GB) ,(876MB) and (328MB) Quality : WEB-DL 1080P5.1CH, 720p Format…mp4 Duration…01:34:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Win Encoded by ...
movie
Hostage: Missing Celebrity(2021)
The 8th Night (2021)
The 8th Night 2021ဒီနေ့မှာတော့ Netflix ကပူပူနွေးနွေးထွက်ရှိထားပြီး ကျိန်းသေကို လက်မလွတ်တန်း ကြည့်ရှုသင့်တဲ့ Korean Triller Movie လေး The 8th Night နဲ့ မိတ်ဆက်ပေးပါရစေလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က မကောင်းဆိုးဝါးတစ်ကောင်က လူသားကမ္ဘာနဲ့ငရဲကို ဆက်ထားတဲ့ တံခါးကိုဖွင့်ပြီးတော့ လူတွေကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ပါတယ်အဲ့ဒီချိန်မှာ ဗုဒ္ဓက မကောင်းဆိုးဝါးကို တားမြစ်ပြီး သူရဲ့စွမ်းအားအရင်းမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုထုတ်ယူခဲ့ပါတယ်အဲဒီစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ မျက်လုံးနှစ်လုံးကိုလည်း တစ်နေရာစီမှာ ထားပြီး ချိတ်ပိတ်ပြီး သိမ်းဆည်းခဲ့ပါတယ်အဲဒီအရာတွေကို စောင့်ရှောက်ဖို့အတွက် ဗုဒ္ဓဟာ သူရဲ့တတပည့် ဘုန်းတော်ကြီးတစ်ပါးနဲ့ နတ်ဆရာကို မှာကြားခဲ့တယ်အချိန်တွေကြာလာတဲ့အခါမှာ လူတွေရဲ့သဘာဝအရ စူးစမ်းချင်တယ် ရှေးရှေးတုန်းကပြောထားတဲ့အရာတွေကို အမှန်ဖြစ်ကြောင်းသက်သေပြချင်လာကြတယ် အဲ့လိုစူးစမ်းချင်တဲ့ စိတ်တွေကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲ ဇာတ်ကားမှာ ဆက်လက်စောင့်ကြည့်ကြပါဦးနော်ဒီရုပ်ရှင်လေးမှာတော့ မင်းသားကြီး Lee Sung Min Backstreet Rockie မင်းသမီးလေး Kim Yoo Jung နှင့်အတူ Doom at your service (DAYS) ထဲကမင်းသား ...
movie
The 8th Night (2021)
2021
7.7
Marathon (2005)
[Unicode]မွေးရာပါ ဉာဏ်ရည်ချို့ယွင်းအားနည်းသူ ဖြစ်ပေမယ့် အဲ့လိူများစွာထဲကမှ နာမည်ကျော် အောင်မြင်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း...ဇာတ်လမ်းလေးကတော့ ယွန်းချိုဝမ်ဆိုတဲ့ ကောင်လေးဟာ အမေမွေးကတည်းက ဉာဏ်ရည်မမှီတဲကံကြမ္မာဆိုးနဲ့ မွေးဖွားလာခဲ့ရပါတယ်အမေဖြစ်သူက သစ်ပင်ကို သစ်ပင်ပါ ၊ ရေကို ဒါက ရေပါဆိုတာကအစ တစ်ခုချင်းပြောသင်ကြားပေးပေမယ့် ချိုဝမ့်ဘက်က ဘာတုံ့ပြန်မှုမှမရှိ မှတ်နိုင်စွမ်းမရှိခဲ့ပါဘူးအဲ့လိုကောင်လေးကို အမေဖြစ်သူက ငယ်ငယ်လေးကနေစ လူပျိုပေါက်ရောက်တဲ့အထိ မျက်စိအောက်က အပျောက်မခံဘဲ ဒုတိယသား အငယ်ကောင်နဲ့ ခင်ပွန်းကိုပါ ဂရုမစိုက်နိုင်သည်အထိ ပြုစုပျိုးထောင်ခဲ့ပါတယ်...တနေ့ ချိုဝမ်ဟာ ၁၀ကီလိုမီတာ အပြေးပြိုင်ပွဲကို ဝင်ပြိုင်တော့ တတိယဆုရခဲ့ပြီး ပျော်ရွှင်နေခဲ့လေရဲ့...ချို့တဲ့နေတဲ့ သားဖြစ်သူက ဆုရခဲ့တဲ့အပြင် ပြေးနေရတိုင်း ပျော်ရွှင်နေတတ်တဲ့ သားရဲ့အမူအယာကို အမေဖြစ်သူက သတိထားမိတဲ့အခါ ချို့ဝမ့်ကို မာရသွန်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ နည်းပြဆရာကိုပါ ငှါးပြီး စနစ်တကျလေ့ကျင့်စေခဲ့ပါတယ်မှတ်ဉာဏ်ချို့ယွင်းအားနည်းတဲ့ ကလေးတစ်ယောက်အတွက် မာရသွန်ကမသင့်တော်ဘူး မဖြစ်သင့်ဘူးစတဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြား နည်းပြဆရာကောင်း တစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ချိုဝမ်ဟာ ...
movie
Marathon (2005)
7.5
Secret Sunshine (2007)
[Unicode]Secret Sunshine ( 2007) ===================IMDB Rating. . = 7.5 out of 10 Rotten Tomatoes. . = 94 out of 100 Directed By Lee Chang Dongနောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာမရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင်လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ...
movie
Secret Sunshine (2007)
6.5
Black Money(2019)
Black Money(2019)2019 က ထွက်ရှိထားတဲ့ Black Money ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရို်က်ကူးထားတာ ဖြစ်ပြီး တောင်ကိုရီးယား အရာရှိတစ်ချို့ရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း ဖော်ပြထားပါတယ်....ရန်မင်ယော့ဟာ ဆိုးလ်ဗဟို အမှုစစ်ရုံးရဲ့ အမှုစစ်တစ်ယောက်ဖြစ်ပါတယ်....တစ်နေ့တော့ ဘတ်ဆူယောင်းဆိုတဲ့ကောင်မလေးဟာ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်...သတ်မသေခင်မှာ အမှုစစ်ဘတ်ဆူယောင်းဟာ သူမကို လိင်ပိုငး်ဆိုင်ရာအကြမ်းဖက်တယ်လို့ဆွေမျိုးတွေကိုစာပို့ခဲ့တယ်...ဒီစွပ်စွဲကြောင့် အမှုစစ်ရန်မင်ယော့ဟာ အစွပ်စွဲခံရပါတော့တယ်...နောက်ပိုင်းသူဟာ ဒီကိစ္စမှာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်းကိုသက်သေပြဖို့ကြိုးစားတဲ့အခါမှာဒီသတ်သေမှုဟာ ထင်သလောက်မရိုးရှင်းတဲ့အပြင် ပြဿနာပေါင်းစုံရဲ့ဇာစ်မြစ်ဖြစ်ကြောင်းသိလာရတဲ့အခါမှာတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (900 MB) and (547 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by ...
movie
Black Money(2019)
6.5
Howling(2012)
Howling(2012)(Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....)ဒီကားထဲမှာတော့ ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Kang-ho Song က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...စုံထောက် ဂျိုဆန်းဂီဟာ မာဖိုရဲစခန်းက စုံထောက်တစ်ယောက်ဖြစ်ပါတယ် ...သူ့ကို အဖွဲ့ခေါင်းဆောင်က အမြဲတမ်း အမှုသေးတွေပဲ ပေးကိုင်လေ့ရှိပါတယ် ...ဒီတစ်ခေါက်မှာလည်း ဆေးသမား တစ်ယောက် ကားထဲမှာ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့အမှုကို သူ့ကိုပေးကိုင်ထားပါတယ်...အဲ့ဒီ့အပြင် အသစ်ရောက်လာတဲ့ မိန်းကလေးစုံထောက် ချာအွန်ယောင်းနဲ့လည်း အလုပ်တွဲလုပ်စေခဲ့ပါတယ်...အမှုသေးလို့ထင်ရတဲ့ ဒီလူသေမှုဟာ လူသေမှု မဟုတ်ပဲ လူသတ်မှုဖြစ်နေတဲ့ အပြင် ကွင်းဆက်လူသတ်မှုကြီးတစ်ခုပါဆက်ဖြစ်နေတဲ့အခါမှာတော့...မှုခင်းအက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size :(2.01GB) (900 MB) and (320 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Action ,Thriller Subtitle : ...
movie
Howling(2012)
5.9
The Beast (2019)
ဒီကားလေးကတော့ မင်းသားကြီးနှစ်ယောက်အပြိုင်သရုပ်ဆောင်ထားတဲ့ကိုရီးယားစုံထောက်ဇာတ်ကားကောင်းတစ်ကောင်းပါမှုခင်းဌာနရဲ့အဖွဲ့နှစ်ဖွဲ့ခေါင်းဆောင်နှစ်ယောက်အပြိုင်အဆိုင်အမှုလိုက်ကျပုံကိုဇာတ်လမ်းကျကျရိုက်ကူးပြထားတာပါဒါပေမယ့်လဲခေါင်းဆောင်နှစ်ယောက်ရဲ့မတူညီတဲ့စိတ်ထားတွေတစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်လိုစိတ်ပြင်းထန်မှုတွေနဲ့ မနာလိုဝန်တိုမှုတွေတဇွတ်ထိုးလုပ်တာတွေကြောင့် ကွင်းဆက်လူသတ်မှုနောက်ကိုလိုက်ရင်းနောက်လိုက်ရဲတွေသေဆုံးခဲ့ရပါတယ် ဖမ်းဆီးမိခဲ့တဲ့လူသတ်သမားကလဲတကယ့်လူသတ်သမားအစစ်အမှန်မဟုတ်တဲ့အပြင်တခြာမူးယစ်အရောင်းအဝယ်ဂိုဏ်းတွေပါ ပါလာတဲ့အခါမှာသူတို့နှစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲနှစ်ယောက်ကြားမှာရောဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုသေချာရိုက်ကူထားတဲ့ စုံထောက်ဇာတ်ကားကောင်းတစ်ကားလေးဖြစ်မှာပါ File Size : ( 1 GB , 448 MB) Quality : BluRay 720p Running Time : 2 hr 10 min Format : Mp4 Genre : Action , Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin
movie
The Beast (2019)
6.2
Big Match(2014)
Big Match(2014)CM fan တွေအတွက် action ဇာတ်လမ်းလေးတစ်ခုကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ် ...ဇာတ်လမ်းအကျဉ်း ချွဲအီဂိုဟာ နာမည်ကြီး MMA Fighter တစ်ယောက်ဖြစ်ပါတယ်...ဒီမတိုင်ခင်မှာ နိုင်ငံဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဒေါသကြီးတဲ့စိတ်ကြောင့် အနီကတ်ပြခံခဲ့ရပါတယ် ...အဲ့နောက်မှာတော့ ဘောလုံးကစားသမားအဖြစ်ကနေ နှုတ်ထွက်ပြီး အစ်ကိုဖြစ်သူရဲ့ နည်းပြပေးမှုနဲ့ MMA Fighterဖြစ်လာခဲ့ပါတယ် ....ဒီလိုပြိုင်ပွဲတွေဆင်နွဲနေတုန်း ချွဲအီဂိုရဲ့အစ်ကို ပြန်ပေးဆွဲခံခဲ့ရပါတယ်...အဲ့နောက်မှာ ပြန်ပေးဆွဲသူဟာ ချွဲအီဂိုကို ထူးထူးဆန်းဆန်း ကိစ္စတွေကို ဆက်တိုက်ခိုင်းပါတော့တယ်..ချွဲအီဂိုခမျာ ပြန်ပေးဆွဲသမားရဲ့ ခိုင်းတာတွေကို အသဲအသန်လုပ်ရ အစ်ကိုြဖစ်သူကို ကယ်ဆယ်ဖို့လည်း ကြိုးစားရနဲ့...ချွဲအီဂိုတစ်ယောက် သူ့အစ်ကို ကို ကယ်တင်နိုင်မှာလား...ဘာကြောင့် သူ့အစ်ကို ပြန်ပေးဆွဲခံရတာလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုကြပါနော်..ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...File Size : (1.02 GB) and (394 MB) Quality : HDRip 720p Format…mp4 Duration…01:52:00 Genre : ...
movie
Big Match(2014)
5.7
Mr. Zoo: The Missing VIP (2020)
ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါအမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က 5.7/10 ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူနဲ့တိရိစ္ဆာန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီး တိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လိုပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ။ဟာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင်ပေးထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန် အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ(ဘာသာပြန်သူကတော့ Moe Pwint ပဲဖြစ်ပါတယ်…) File Size : (950 MB) Quality : HDRip 720p Running Time : 1hr 54min Format : ...
movie
Mr. Zoo: The Missing VIP (2020)
2020
1
2
Next