Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Kyoo-hyung
6.9
Handsome Guys (2024)
Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူတွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie
Handsome Guys (2024)
My Dictator (2014)
My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie
My Dictator (2014)
7.0
Noryang: Deadly Sea(2023)
Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ် စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့ ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့ cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie
Noryang: Deadly Sea(2023)
7.0
Seoul Vibe(2022)
Seoul Vibe(2022) အညွှန်း********************* ကဲ ဒီနေ့တော့ Trailer မြင်ကတည်းက စောင့်မျှော်ကြည့်ရှုချင်နေကြမဲ့ပရိတ်သတ်တွေအားလုံးအတွက် အလန်းစားကားကြီးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီနော်အိုလံပစ်ပွဲကျင်းပခဲ့တဲ့ 1988 Vibe ကိုအပြည့်ရမဲ့ကားဖြစ်ပြီး ကားမောင်းကျွမ်းကျင်တဲ့လူငယ်တစ်စုကရန်ပုံငွေအလွဲသုံးစားလုပ်တဲ့ကိစ္စတစ်ခုကို ဖော်ထုတ်ဖို့ အသွင်ယူပြီး ပူးပေါင်းစုံစမ်းပေးကြမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။Cast တွေကတော့ ပြောစရာမလိုလောက်အောင်ပြီးပြည့်စုံလှပါတယ် အားလုံးရဲ့အချစ်တော် ယူအာအင်၊ Mouse drama မှာ အားလုံးရဲ့အာရုံစူးစိုက်မှုကို ရရှိခဲ့တဲ့မင်းသမီးလေး ဘတ်ဂျူဟျွန်း၊ Reply 1988 ထဲက မင်းသား ဂိုဂယောင်းဖြို၊Winner အဖွဲ့ကအဆိုတော် မင်ဟိုအပြင်...It's okay to not be okay ထဲကAutism ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဖော်နိုင်ခဲ့တဲ့ အစ်ကိုကြီးဖြစ်သူ အိုဂျောင်းဆယ်၊Prison Playbook ထဲက ဆေးသမားလေး အီဂယူဟျောင်းအစရှိတဲ့ ဇာတ်ရံတွေကအစ ရှယ်တွေသုံးထားတာမလို့ အထူးညွှန်းနေစရာမလိုတော့ဘူးထင်ပါတယ်။ File Size : (1.1GB) and (366 MB) Quality : WEB-DL.Nf.1080p5.1Ch,720p Format…mp4 Duration…02:18:00 Genre : Action , ...
movie
Seoul Vibe(2022)
Stellar: A Magical Ride (2022)
Stellar: A Magical Ride (2022) ဇာတ်လမ်းအညွှန်း ယုံဘယ်ဆိုတာတော့ ကားအငှားလောကမှာ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်ပါ။ တစ်နေ့မှာတော့ တစ်နေရာကို ပို့ပေးရမဲ့ ကားတစ်စီး ကို သူငယ်ချင်းဖြစ်သူက ဒုန်းရှစ်က ယူပြီး ပျောက်သွားတဲ့အခါ ယုံဘယ်တစ်ယောက် အခက်ကြုံရပါတော့တယ်။ဖြစ်ချင်တော့ လူဆိုးဂိုဏ်းတစ်ခုကလည်း ပျောက်သွားတဲ့ကားထဲမှာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်ဆိုပြီး ယုံဘယ်ကို အပူတပြင်း လိုက်ရှာနေကြပါပြီ။ယုံဘယ်ကတော့ သူ့အဖေရဲ့ နာရေးသတင်းကို သိလိုက်ရတာကြောင့် အဖေ့ရဲ့ ဈာပနအခမ်းအနားကိုသွားခဲ့ပြီး အရင်က သူ တက္ကစီမောင်းပြီး စီးပွားရှာခဲ့တဲ့ အဖေ့ရဲ့ ကားစုတ်လေး ကို ရှာနေခဲ့ပါတယ်။ ကံဆိုးချင်တော့ အရင်က ဇိမ်ခံကားအဖြစ် သူသိခဲ့တဲ့ ကားလေးက အခုတော့ တံခါးတောင် ကောင်းကောင်းဖွင့်လို့ မရတဲ့ အနေအထားကို ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ့ဒီ ကားလေးကို သူ့ရဲ့ စီးတော်ယာဉ်အဖြစ် အသုံးချပြီး ကားပျောက်ရှာပုံတော် ...
movie
Stellar: A Magical Ride (2022)
2022
7.0
I (2021)
I (2021) အညွှန်း*************မိဘမဲ့လည်းဖြစ် ကလေးပြုစုစောင့်ရှောက်နည်းသင်တန်းပါတက်ထားတဲ့ Ah young ဟာအလုပ်လိုက်ရှာရင်းနဲ့ ကလေးထိန်းအလုပ်ကိုရသွားပါတယ်.... သူထိန်းပေးရမယ့်ကလေးလေးရဲ့မိခင်ဟာလည်း ကလေးတစ်ဖက်နဲ့ တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေရတဲ့အရက်ဆိုင်ကအပျော်မယ် single mother တစ်ယောက်ပါ....၂ယောက်လုံးရဲ့ လက်ရှိအနေအထားတွေဟာ တခြားသူတွေထက်ပိုခက်ခဲနေတဲ့ အနေအထားတွေပေါ့...ဒီလိုနဲ့သူတို့ (၂)ယောက်ရင်းနှီးကြပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကြပေါ့...အဲ့ဒီနောက်မှာတော့ ရုန်းကန်နေရတဲ့သူတို့ အတွက် ပြဿနာအကြီးကြီးတွေရောက်လာတဲ့အခါမှာတော့...သူတို့ဘယ်လို ဖြေရှင်းကြမလဲ...မိန်းမသားတွေဖြစ်ပေမဲ့ လောကဒဏ်ကို ဘယ်ကြံ့ကြံ့ခံရင်ဆိုင်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ...ဒီကားထဲကသရုပ်ဆောင်မင်းသမီးတွေကတော့ နာမည်ကြီးတွေကြီးပဲမို့ ထွေထူးမညွှန်းတော့ပါဘူး ...File Size :(2.1GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ichika Satoru Encoded by Phyo Pyae
movie
I (2021)
5.5
Diva
Diva 2020 မနာလိုစိတ်ဆိုတာ တော်တော်လေးကြောက်ဖို့ကောင်းတဲ့အရာပါ ဒီကားထဲမှာလူတွေရဲ့ အတ္တစိတ် မနာလိုဝန်တိုစိတ် စတာတွေကိုကောင်းကောင်းကြီးတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း Thriller ဆန်လို့ရင်တထိတ် ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ၂၀၂ဝခုနှစ်ထွက် Thriller ကားကောင်းဖြစ်ပြီး မြေခွေးမလေးကိုယ့်ချစ်သူထဲက မင်းသမီး Shin Min-A ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ချွဲယောင်းဆိုတာက ဒိုင်ဗင်လောကမှာအတော်ဆုံးအားကစားမယ်တစ်ဦးပါ သူမသူငယ်ချင်းဆူဂျင်းကတော့ သူမလောက်မတော်ပဲ သူမ ကိုအားကျနေရသူတစ်ဦးလည်းဖြစ်ပါတယ် တစ်နေ့တော့သူတို့နှစ်ယောက် ကားမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ပြီး နောက် ချွဲယောင်းကအတိတ်မေ့သွားပြီး ဆူဂျင်းကပျောက်ဆုံးသွားပါတယ် တခြားဒိုင်ဗင်မယ်တွေက ဆူဂျင်း ပျောက်ဆုံးတာက ချွဲယောင်းလက်ချက်လို့ထင်နေကြသလို ဒီမတော်တဆမှုကနေ ချွဲယောင်းကိုယ်တိုင်ကလည်း စိတ်အခြေအနေထိခိုက်သွားရပါတယ် ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်တင်ဆက်ထားလို့ ဇတ်လမ်းလေးကိုကိုယ်တိုင်ခံစားကြည့်စေချင်ပါတယ် ဆူဂျင်းပျောက်ဆုံးတာ သွေးရိုးသားရိုးလား ချွဲယောင်းက ကောဘယ်လိုစိတ်ရောဂါဖြစ်နေခဲ့တာလဲ အဖြေရှာကြရမှာဖြစ်ပါတယ် အကုန်ခြုံပြောရရင်စိတ်ဝင်စားဖို့ကောင်းတဲ့ Thriller ကားတစ်ကားဆိုတာ မလွဲပါဘူး Translated by : Moe Pwint Encoded by : Thit San Khant
movie
Diva
2020
7.3
Romang(2019)
Romang(2019)အရမ်းကောင်းတဲ့ မိသားစု ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် IMDB 7.3 ရရှိထားတဲ့ ဇာတ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မယ်ထင်ပါတယ် ဇတ်လမ်းအကျဥ္း ဂျိုနမ်ဘုံးကတော့ အသက် ၇၅ နှစ်အရွယ် taxi မောင်းတဲ့ အဘိုးတစ်ယောက်ပါ သူ့မိန်းမကတော့ လီမယ်ဂျာဖြစ်ပြီး အသက် ၇၁ နှစ်ပါ PhD ဘွဲ့ရသားတစ်ယောက်ရှိပေမယ့် အလုပ်အကိုင် မယ်မယ်ရရမရှိ မိန်းမရှာကျွေးတာကို ထိုင်စားနေတာပါ ဂျိုနမ်ဘုံးဟာ တစ်သက်လုံး မိန်းမအပေါ် အနိုင်ယူ ဆဲဆိုလာခဲ့တာပါ ငယ်စဥ်ကတော့ အတူတူအသက်ကြီးတဲ့အထိ ဂရုစိုက်သွားမယ်ဆိုပြီး အသက်ကြီးလာတော့ အပြောနဲ့ အလုပ်တခြားစီဖြစ်ခဲ့ပါတယ် ဒါပေမယ့် အဘိုးအဘွား ၂ယောက်ဟာ မထင်ထားတဲ့ ကံဆိုးမှုကို ရင်ဆိုင်ရတဲ့ အခါမှာတော့...File Size :(890 MB) and (393 MB) Quality : FHDRip 720p Format…mp4 Duration…01:52:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo ...
movie
Romang(2019)
7.1
The Juror (2019)
အရင် ဟိုးရှေးရှေးတုန်းကလိုပဲ ပြောရမလားရှေးမြန်မာတွေရဲ့ တရားစီရင်တဲ့နည်းလမ်းက အပြစ်ရှိသူကို သမာသမတ်ရှိတဲ့ လူကြီးတွေကို သူကြီးကခေါ်ပြီးတရားခံအပြစ်ရှိမရှိ ဝိုင်းပြီး စီရင်ဆုံးဖြတ်စေပါတယ်တဲ့။အဲဒါကို သဘောကျလို့ဖြစ်မယ်။အနောက်တိုင်း တရားစီရင်ရေးမှာ ဂျူရီလို့ခေါ်တဲ့ အရပ်သားတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့တစ်ဖွဲ့ကို တရားသူကြီးက စီရင်ချက်ချရာမှာ အကူအညီဖြစ်အောင် ခေါ်ထားပါသတဲ့။ဒီ Juror 8 (2019) ဆိုတဲ့ ဇာတ်ကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပထမဆုံး ဂျူရီပါတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာပါ။တကယ်ဖြစ်ရပ်မှန်ကိုရိုက်ထားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ ဂျူရီတွေရဲ့ အခန်းကဏ္ဍကို ပေါ်လွင်အောင် ပြသပေးခဲ့ပါတယ်။စီရင်ချက်ချမယ့် တရားသူကြီးရှိရဲ့သားနဲ့ ဘာလို့ ဂျူရီတွေခေါ်နေရလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက ဒီဇာတ်ကားထဲမှာပါပါတယ်။Drama ဇာတ်ကားဆိုပေမဲ့ ပျင်းစရာမရှိပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ သူ့ရဲ့မိခင်ကို သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ ကန်ဒူဆစ် ကိုစီရင်ချက်ချရမယ့် တရားခွင်က ဂျူရီပါဝင်တဲ့ ပထမဆုံးတရားခွင်ပါ။ဂျူရာ ...
movie
The Juror (2019)
2019