Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Kin-Yan
7.3
The God of Cookery (1996)
The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie
The God of Cookery (1996)
1996
6.6
Shanghai Grand (1996)
Shanghai Grand (1996)ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်တဲ့လူတိုင်း ဟောင်ကောင်မင်းသားတွေကို သဘောကျကြမှာပဲ။ ကျွန်တော်လည်း ဟောင်ကောင်မင်းသား အတော်များများကို သဘောကျပါတယ်။ ဒီထဲ ကျွန်တော်အကြိုက်ဆုံးမင်းသားက လတ်စလီချောင်ပါပဲ။ ဒီတော့ လတ်စလီချောင်ကားဟောင်းတွေ စိတ်ပေါက်တိုင်းရှာကြည့်ဖြစ်တယ်။ သူ့မှာမာစတာပိစ်ကားတွေလည်း မနည်းပါဘူး။ ရိုးရိုးအချစ်ကားတွေလည်း မနည်းဘူး။ ရိုးရိုးအချစ်ကားတွေတောင် လတ်စလီချောင်ပါနေရင် အတော်လေးကြည့်ကောင်းပါတယ်။ သူ့ကိုချစ်တဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခု ရှန်ဟိုင်းဂရန်းမှာတော့ လတ်စလီချောင်အပြင် Andy Lauလည်းပါပါတယ်။ ဟောင်ကောင်ရဲ့ဆရာတွေထဲက နှစ်ပါးပေါ့။ သူက ဂန်းကားဆိုပေမဲ့ ၁၉၃၀ကာလမှာ ဇာတ်အိမ်တည်ထားပြီး ထိုင်ဝမ်ရဲ့တော်လှန်ရေးအကြောင်းကိုလည်း ပါးပါးစွတ်ထားတယ်။ ဂန်းကားပီပီသသ ဂန်းကားတို့အခေါင်ကြီး Godfatherက ဇာတ်ဝင်ခန်းတစ်ချို့ကိုတောင် မှီးထားသေးတယ်။ နည်းနည်းမှီးထားတဲ့ကားဆိုတော့ မာစတာပိစ်တော့မဖြစ်လှပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားကောင်းစာရင်းတော့ဝင်ပါတယ်။ ဟောင်ကောင်ဂန်းကားကြိုက်တဲ့သူတွေအတွက် ရွှေလို့ပြောရမယ်။ သူ့ဇာတ်ဝင်တေးကလည်း အတော်များများရင်းနှီးပြီးသားသီချင်းဖြစ်သလို တကယ့်နာမည်ကြီး သီချင်းပါပဲ နားထောင်ကြည့်ရင်သိမှာပါ။ ဒီထဲကဗားရှင်းကိုတော့ Andy Lauကိုယ်တိုင် ပြန်ဆိုထားတယ်ထင်ပါတယ်။ရှန်ဟိုင်းဂရန်းဟာ ဟောင်ကောင်ဂန်းကားကောင်းဖြစ်သလို လတ်စလီနဲ့ ...
movie
Shanghai Grand (1996)
5.9
The Peeping Tom (1997)
The Peeping Tom (1997)မိန်းမတွေရဲ့ သွယ်လျလှပတဲ့ခြေထောက်တွေကိုပဲ အရူးအမူးတန်းတန်းစွဲနေတဲ့ စိတ္တဇနှာဘူးဆိုက်ကိုတစ်ယောက်...ကောင်မလေးတွေကို ပြန်ပေးဆွဲ မဒိန်းကျင့်ပြီးခါမှ ခြေထောက်လှလှလေးတွေကို ပေါင်ရင်းကနေစ ဖြတ်ပစ်ပြီးသတ်တဲ့ သူ့ရဲ့ကွင်းဆက်လူသတ်မှုကြောင့်ဟောင်ကောင်မြို့တစ်ခုလုံးက ကောင်မလေးတွေ အတိုအပြတ်မဝတ်ရဲတဲ့အထိ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေခဲ့တယ်တနေ့ သေနတ်ချင်းယှဉ်ပစ်နေတဲ့ လမ်းမပေါ်က စစ်ဆေးရေးမှူးစုံထောက်မလေး ချန်ဆူအန်ကိုတွေ့မိခဲ့ရင်းက လူသတ်သမားက ဆူအန်ကို သူဖမ်းနေကြကောင်မလေးတွေနဲ့မတူ တမူသဘောကျမိသွားပြီးလူသတ်သမားနဲ့ စုံထောက်ရဲမေတို့ကြားက ပဋိပက္ခတွေကို သည်းထိတ်ရင်ဖို ခပ်ကြမ်းကြမ်းလေး ခပ်ထန်ထန် ကြည့်ရှုရမှာပါ။ဆိုက်ကိုလူသတ်ကားနဲ့ အက်ရှင်ကြိုက်သူတို့အဖို့တော့ ကြည့်ရှုသင့်တဲ့ ၁၉ရာစုရဲ့လက်ရာ တရုတ်ရုပ်ရှင်ကားတစ်ခုပါ။Mature Rated NC-17 ကြမ်းတာမို့ အသက် ၁၇နှစ်နှင့်အောက် မကြည့်ရနှင့် ပြည့်ပြီးသူများဖြစ်ရင်တောင် နှလုံးရောဂါ ရှိသူများ ကြည့်ရန်မသင့်တော်ပါ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) Quality__480p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann ...
movie
The Peeping Tom (1997)
1997
6.0
The Tricky Master (1999)
The Tricky Master (1999) 🃏 ((Wong Jing နဲ့ Chowတို့ရဲ့ နောက်ဆုံးလမ်းခွဲ)) ဒီကားကို တစ်ချို့ က Tricky Brains ဆိုတဲ့ ကား နဲ့ ရောနေတတ် ကြပါတယ်။သဘောတရားတူပေမယ့် ဇာတ် လမ်းက မတူပါဖူး။ Tricky ဆိုတဲ့အဓိပ္ပာယ် လိမ်ညာမှု ၊လှည့်စားမှု ဆိုတဲ့စကားလုံးအရ နှစ်ကားလုံးက လိမ်ညာလှည့်စားတဲ့ဇာတ် ကားတွေပါ။ ၁၉၉၉ ခုနှစ် ၈ လပိုင်း ၅ရက်နေ့မှာ ထွက်ရှိခဲ့ ပြီး Box Office ကတော့ HKD ၁၉ မီလီယံကျော် ရရှိခဲ့ပါတယ်။Imdb Rating လဲ 5.8 ရရှိထားတဲ့ ၂၀၀၀ မပြည့်မှီ ချောင်ရဲ့နောက်ဆုံးကားလို့ဆိုရပါမယ်။ ၂၀၀၀ ပြည့်နှစ်ကျော်ပြီးကထဲက Chow ရဲ့ ဇာတ်ကားတွေအလွန်နည်းပါတယ်။KungFu Hustle , Shaloin Soccer, Cj 7 စတဲ့ဇာတ်ကားတွေမှာ ပဲ ချောင်ဟာ ...
movie
The Tricky Master (1999)
6.1
The Lucky Guy (1998)
The Lucky Guy (1998)IMDB(6.1)စတီဖင်ချောင်ရယ် အဆိုတော်မင်းသားနှစ်ယောက်ရယ် မင်းသမီး Shu Qi တို့ရယ် တခြားသရုပ်ဆောင်တွေ များစွာပါဝင်ထားတဲ့Comedy Drama ဇာတ်ကားပါ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ ...
movie
The Lucky Guy (1998)
6.9
King of Beggars (1992)
King of Beggars (1992)IMDB(6.9)ဇာတ်လမ်း အကျဉ်းလေးကတော့ -ပညာမတတ် အပျော်အပါးလိုက်စားပြီး တချိန်လုံး သောက်စားယစ်မူးလိုက် မိန်းမပျက်တွေနဲ့ ပျော်ပါးလိုက် နေနေတဲ့ စတီဖင်ချောင် တစ်ယောက်သူ့အဖေက တိုက်တွန်းလို့ သိုင်းသင်တန်းကျောင်း ဝင်ခွင့်ဖြေဆိုဖို့ ပီကင်းကိုရောက်လာပါတယ်။ရေးဖြေဖြေဆိုတော့ ကလိမ်ကကျစ်နဲ့ ခိုးချတာမိသွားပါတယ်:3အဲ့ဒီမှာ ဘုရင်ကြီးက ကလိမ်ကကျစ်ကောင်ကို သူတောင်းစား အဖြစ် အပြစ်ပေးလိုက်တဲ့အခါမှာတော့ဉာဏ်နီဉာဏ်နက်များတဲ့ စတီဖင်ချောင်တစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme ...
movie
King of Beggars (1992)
1992
7.3
Shaolin Soccer (2001)
Shaolin Soccer (2001)IMDB Rating(7.3) / Rotten Tomatoes (90%)++++++++++++++++++++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ...ဟာသကားတွေပေါပါတယ်...ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်...စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ...စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး...လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး...လွဲတော့လဲ ပျော်ပျော်ကြီး...ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား...ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ...
movie
Shaolin Soccer (2001)
6.2
Lawyer Lawyer (1997)
Lawyer Lawyer (1997)စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။ ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။ တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။ စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။ သူ့မှာ "ဖုန်း" ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ 'ဖုန်း'တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။ အဲ့ဒီမှာ ပြဿနာက စတာပါပဲ။ 'ဖုန်း' ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။ ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။ ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် 'ချန်မိုဂတ်' တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။ ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ...
movie
Lawyer Lawyer (1997)
1997
4.7
[18+] The Forbidden Legend: Sex & Chopsticks 2 (2009)
ကလေးသူငယ်များမကြည့်ရ လူကြီးကားဖြစ်သည်။ တရုတ်ကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် တရုတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ကားလေးကတော့ 2009 April မှာထွက်ရှိခဲ့တဲ့The Forbidden Legend Sex& Chipsticks 2 ဆိုတဲ့တရုတ် 18+ကားလေးပဲဖြစ်ပါတယ်။ ဒီကားကိုတော့ " The Golden Lotus "ဆိုတဲ့ဝတ္ထုကို မှီငြိမ်းပြီးရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကိုတော့ နည်းနည်းလေးပဲပြောပါ့တော့မယ်။ အရှည်ကြီးတွေရေးနေရင် ကြည့်ရတာပေါ့သွားမှာစိုးတာကြောင့်ပါ။ ဇာတ်လမ်းကတော့ ချမ်းသာတဲ့နောက်ခံကျောရိုးရှိတဲ့ ဆိုင်မွန်သိုင်ကွင်းဆိုတဲ့ လူကြီးမင်းတယောက်က ကိုယ်လုပ်တော်တွေကိုဘယ်လိုသိမ်းပိုက်လဲ... အဲ့ဒီကိုယ်လုပ်တော်တွေနဲ့ ဘယ်လိုစခန်းသွားနေလဲဆိုတာကို အကွက်အသစ်အဆန်းတွေနဲ့ ကြည့်ရှု့ခံစားကြရမှာဖြစ်ပါတယ်။ တခါလောက်တော့ထပ်ပြောချင်တာက လူကြီးများနှင့်သာသင့်တော်တဲ့ ဟောင်ကောင်တရုတ်ကားလေးဖြစ်ပါတယ်...ငိငိ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jake(NNL) ဖြစ်ပါတယ်) File size__( 800 MB) Quality__BR-Rip 720p IMDb Rating__4.7/10 Format__mp4 Duration__01:32:40 Type__Asian, Adult, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jake(NNL) Encoded by Naing Aung Latt(Dark Devil)
movie
[18+] The Forbidden Legend: Sex & Chopsticks 2 (2009)
2009
7.0
Out of the Dark(1995)
1995 ခုနှစ်ကထွက်ရှိခဲ့ပြီး သေးထွက်မတတ်ရီ ရမဲ့ဟာသမင်းသားကြီး စတီဗင် ချောင် ရဲ့ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက တော့ မစ္စတာလီ နဲ့သူ့ဇနီးတို့ဟာ တိုက်ခန်းအသစ်ငှားပြီးပြောင်းရွေ့နေထိုင်ကြပါတယ်ဒါပေမဲ့ ကံဆိုးတာတစ်ခုက တိုက်ခန်းမှာအဖွားကြီး ဟာသေဆုံးထားပြီး သူသေဆုံးမှုကို မကျေနပ်နိုင်ပဲ လိုက်လံ အပြစ်တင်နေပါတော့တယ် မစ္စတာလီ တို့ လင်မယားကို ဂျင်းထည့်ခံခဲ့ရပြီး အဖွားကြီးရဲ့ ခြောက်လန့်မှုကြောင့် မစ္စတာလီတို့ လင်မယားဟာ သည်းညည်းမခံနိုင်တော့ပဲ တိုက်ခန်းကလုံခြုံရေး နဲ့ ပူးပေါင်းပြီး ဒီပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်ပါတော့တယ်ဒါပေမဲ့ အရင်က တိုက်ခန်းမှာ စိတ်နောက်နေတဲ့ ကောင်မလေး ကို ကုသပေးဖူးတဲ့ စိတ်ကျန်းမာရေး ဆရာဝန် တစ်ဖြစ်လဲ စတီဗင်ချောင်ပါ ပါဝင်ပတ်သက်လာတဲ့အခါမှာတော့ ကဲ ဘယ်လို သောက်ပေါက်ကရတွေများလုပ်မလဲဆိုတာကိုတော့ တ၀ကြီး ကြည့်လိုက်ကြပါတော့ဗျာ :Pဘာသာပြန်ကတော့ ကိုကွန်ပိုက်ပါဗျ
movie
Out of the Dark(1995)
1995