Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Jong-hyuk
5.8
Unfinished (2018)
Unfinished (2018)၁၉၈၆ ခုနှစ် စစ်အေးတိုက်ပွဲအပြီးမှာ တောင်၊မြောက် ကိုရီးယားနဲ့ အရှေ့၊အနောက်ဘာလင်နိုင်ငံရေးအရှုပ်တော်ပုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်ဒီရုပ်ရှင်ကတော့ အဲဒီခေတ်က တောင်၊မြောက်ကိုရီးယား သူလျှိုတွေ ဂျာမနီနိုင်ငံမှာ ခြေရှုပ်တဲ့အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်အိုယောင်မင်းက သုတေသနပဲလုပ်ချင်တဲ့ ပါမောက္ခဖြစ်ပေမဲ့ သူများရဲ့ လှည့်ဖျားခြင်းကိုခံရပြီး မြောက်ကိုရီးယားသူလျှိုအဖြစ်နဲ့ ဂျာမနီကို ရောက်လာခဲ့ပါတယ် ဖြစ်ချင်တော့ သူက သူလျှိုဆိုတာကို ဖော်ထုတ်ခဲ့လို့ မိသားစုကို ပြန်ပေးဆွဲခံရပြီး သူ့ရဲ့မိသားစုဝင်တွေကို ပြန်ကယ်တင်ဖို့ကြိုးစားသွားမှာပါ သူလျှိုတွေပြည့်နေတဲ့နိုင်ငံမှာ မိသားစုကိုကယ်တင်ဖို့က တော်တော်ခက်ခဲပါတယ် ဒါပေမဲ့ အိုယောင်မင်းကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ကယ်တင်ခဲ့ပါတယ် အဆုံးမှာတော့ မိသားစုဝင်တွေနဲ့ ပြန်တွေ့နိုင်မလားဆိုတာကို ကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p | 720p File size… 1GB | 508MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
Unfinished (2018)
2018
7.5
Once Upon a Time in High School (2004)
ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ drama အမျိုးအစားကားလေးဖြစ်ပါတယ်ဇာတ်ကားရဲ့အမည်လေးအတိုင်းပဲ အထက်တန်းကျောင်းဇာတ်လမ်းလေးတစ်ခုပါဇာတ်လမ်းရဲ့အစမှာတော့ ဟွန်းဆူဆိုတဲ့ကောင်လေး တစ်ယောက်ဟာမိဘတွေကဆိုးလ်ကိုပြောင်းလာတာနဲ့ သူလည်းကျောင်းပြောင်းခဲ့ရတယ်အဲ့လိုနဲ့ ကျောင်းကိုသွားတဲ့ဘတ်စ်ကားပေါ်မှာ မထင်မှတ်ပဲ အွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ကြတယ်အွန်းဂျူအပေါ်ကို ဟွန်းဆူကရော ဟွန်းဆူရဲ့သူငယ်ချင်းဝူးရှစ်ကပါ သဘောကျနေမိတဲ့အခါမှာတော့သူတို့ဘာဆက်ဖြစ်ကြမလဲ အွန်းဂျူကရော ဘယ်သူ့ကိုရွေးချယ်လိုက်မှာလဲဆိုတာတွေကိုတော့ဒီဇာတ်ကားလေးထဲမှာကြည့်ပေးကြပါဦးထူးခြားတာက ဒီဇာတ်လမ်းလေးက လူငယ်အချစ်ဇာတ်လမ်းတင်မကဘဲကျောင်းတွင်းကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ကြတဲ့အကြောင်းတွေပါထည့်ရိုက်ထားတာမို့ ပိုစိတ်ဝင်စားစရာကောင်းပါတယ်ဇာတ်ကားတစ်ခုလုံးကို ၁၉၉၀ ပတ်ဝန်းကျင်ကိုအခြေခံရိုက်ထားတာမို့အရင်ခေတ်ကအဝတ်အစား အပြင်အဆင်လေးတွေနဲ့မို့ တစ်မျိုးလေးပိုကြည့်လို့ကောင်းပါတယ်File size_(1GB) Quality_Blu-Ray 720p Format_mp4 Duration_01:59:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_Sithu Translated by Shwe Yee Oo
movie
Once Upon a Time in High School (2004)
2004
6.5
Shiri (1999)
Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 720p | 480p File size…2GB | ...
movie
Shiri (1999)
1999
6.0
Love, Again(2019)
Love, Again(2019)လက်ထပ်ထားတဲ့ မိန်းကလေးရဲ့ ရူးကြောင်ကြောင် အပြုအမူတွေကို စိတ်ပျက်ပြီး ခင်ပွန်းဖြစ်သူ ဟျွန်းအူတစ်ယောက်ကွာရှင်းချင်လာတယ်.... ဘယ်အပြုအမူဖြစ် နားရင်းကြီးပိတ်အုပ်ချင်စရာက ကြာလေဖြစ်လာလေပဲ....နှုတ်ခမ်းပါးပါး ထွက်တဲ့စကားတိုင်းက အရင်ကချိုမြနေပေမယ့် နောက်ပိုင်းတော့ ပါးစပ်ကိုတိပ်ကပ်ပေးထားချင်လာတယ်..သို့ပေမယ့်လည်း ဇနီးဖြစ်သူကတော့ ကွာရှင်းမပေးချင်ဘူး...နောက်ပိုငး်တော့ ကွာရှင်းပေးဖို့ဖြစ်လာတော့တယ်...ဒီလိုကွာရှင်းပြီးမှပဲ ဇာတ်လမ်းစပါတော့တယ်..ဒီကားက နာမည်ကြီးမင်းသားမင်းသမီးတွေသရုပ်ဆောင်ထားပြီးတော့ ရယ်လည်းရယ်ရသလိုသဘောကျစရာလည်းကောင်းပါတယ်...ခံစားကြည့်ကြပါဉီး...File Size :(889 MB) and (320 MB) Quality : FHDRip 720p Format…mp4 Duration…01:54:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie
Love, Again(2019)
7.3
One Sunny Day (2014)
[Unicode]ဒီတစ်ခါတော့ Romance ကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ ဒီဇာတ်ကားက ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး နာမည်ကြီး မင်းသားနဲ့ မင်းသမီးဖြစ်ကြတဲ့ So Ju Sub နဲ့ Kin Ji Won တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ် ။ဇာတ်လမ်းအကျဉ်းကင်ဂျီဟိုက လတ်တလော ရည်းစားနဲ့ လမ်းခွဲထားလို့ အသဲကွဲနေတဲ့ လူတစ်ယောက်ပါ စိတ်ကို အပန်းပြေစေဖို့အတွက် အလုပ်ကိစ္စနဲ့ ဂျယ်ဂျူကျွန်းကို ခရီးထွက်သွားခဲ့ပါတယ် ။ဂျယ်ဂျူကိုရောက်ပြီးတဲ့နောက်မှာတော့ သူတည်းတဲ့ တည်းခိုခန်းသူခိုးဝင်သွားလို့ ပိုက်ဆံအိတ်နဲ့ ကတ်တွေ ကင်မရာတွေ ခိုးခံခဲ့ရပါတယ် ။ရဲစခန်းကို သွားရောက်တိုင်ကြားတဲ့ အခါမှာတော့ အမှတ်မထင်ပဲ သူ့လိုအဖြစ်မျိုး ကြုံခဲ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ် ။အဲ့နောက်မှာတော့ လက်ရှိတည်းခိုခန်းက ထွက်ခဲ့ပြီး အဲ့မိန်းကလေးနဲ့ တည်းခိုခန်း တူတူတည်းခဲ့ကြပါတယ် ။အမှတ်မထင်ပဲ အဖြစ်ပျက်ချင်းတိုက်ဆိုင်ပြီး လာဆုံကြတဲ့ သူတို့နှစ်ယောက်က နောက်ထပ် တိုက်ဆိုင်မှုတွေကိုလည်းထပ်ကြုံရဦးမှာပါ...သူတု့ိတွေ ...
movie
One Sunny Day (2014)
7.5
Student A (2018)
movie
Student A (2018)
7.4
A Dirty Carnival (2006)
A Dirty Carnival (2006)_____IMDb...7.4/10 ကိုးရီးယားရုပ်ရှင်လောကရဲ့ အထင်ကရ ဂန်းစတားကားတွေထဲမှာ ထိပ်ဆုံးစာရင်းထဲမှာ ပါနေဆဲဖြစ်တဲ့ A Dirty Carnival ဇာတ်ကားကို တောင်းဆိုသူတွေများလွန်းလို့ တင်ဆက်ပေးလိုက်ပါတယ်.... ဂန်းစတားတွေနဲ့ အာဏာရှင်တွေကြား... ဂန်းစတားတွေရဲ့ ဘဝနဲ့ အချင်းချင်းအပေါ်ထားရှိတဲ့ သစ္စာတရား... ဂန်းစတားတွေနဲ့ နိုင်ငံရေးဆက်နွယ်နေမှု... တော်တော်များများလည်း ဒီကားရဲ့ကောင်းခြင်းတွေနဲ့ အထှာကျလွန်းတဲ့ ဂန်းစတားတွေအကြောင်းကြားဖူးနေတော့ ထွေထွေထူးထူးမညွှန်းတော့ဘူး.. တစ်ခုတော့ရှိတယ်... အော်ရီဂျင်နယ်ဂန်းစတားကားကြည့်ပြီးတဲ့သူတွေအတွက်တော့ ဒီကားက အနည်းငယ်ပေါ့သလိုဖြစ်နေပါက လွန်စွာဝမ်းနည်းအားနာမိကြောင်းပြောပါရစေ... Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်.... File Size : (2.49 GB) and (1 GB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:21:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
A Dirty Carnival (2006)
2006
6.4
Hindsight(2011)
Hindsight(2011) IMDb...6.4 ဒီကားထဲကမင်းသားကြီးကိုတော့ အတော်များများသိကြမှာပါ... နှုတ်ခမ်းနီမတစ်ချို့သဘောကျတဲ့ရုပ်ရည်မျိုးမရှိပေမယ့် ကိုရီးယားနိုင်ငံရဲ့ အထင်ကရနာမည်ကျော်မင်းသားစာ ရင်းထဲမှာ ရှိနေပါတယ်...မကြာသေးခင်ကမှထွက်ရှိထားတဲ့ Taxi Driver ကားကိုကြည့်ဖူးထားရင် သူ့ကိုသိကြပါလိမ့်မယ်.. ...ဇာတ်လမ်းအကျဉ်းကတော့ Song ဟာဂိုဏ်းစတားခေါင်းဆောင်ဘဝကနေအနားယူလိုက်တဲ့လူတစ်ယောက်... အဲ့အချိန်မှာပဲသူ့ကိုအကြောင်းမျိုးမျိုးကြောင့်သေစေချင်တဲ့လူတစ်ချို့က ငယ်ရွယ်ချောမောတဲ့မိန်းမပျိုလေးတစ်ဦးကို လွှတ်ပြီးလုပ်ကြံခိုင်းတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းကောင်းတာလည်းကြည့်ချင်တယ်..အက်ရှင်ခန်းကောင်းကောင်းလေးလည်းပါစေချင်တယ်..မင်းသမီးကလည်းနင်းကန်လှရမယ်.. နူးညံလွန်းတဲ့ချစ်ခြင်းမေတ္တာအကြောင်းလေးတွေလည်းပါစေချင်တယ် ဆိုတဲ့ဇာတ်ကားမျိုးကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုရွေးချယ်သင့်ပါ့ကြောင်း ပြောပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.. File Size : (1GB) and (350 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Hindsight(2011)
2011