Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Jin-wook
5.6
High Society (2018)
High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie
High Society (2018)
2018
7.0
A Year-End Medley (2021)
A Year-End Medley (2021) အညွှန်း******************************IMDb...7.0နှစ်သစ်ကူး အားလပ်ရက်မှာ Emors လို့ခေါ်တဲ့ဟိုတယ်တစ်ခုမှာ ဆုံကြတဲ့ လူတွေရဲ့ဇာတ်လမ်းအဖုံဖုံနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး ဟိုတယ်ပိုင်ရှင်ကအစဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်မှာလာရောက် တည်းခိုတဲ့ လူတွေအထိလူတွေအများကြီးရဲ့ကိုယ်စီ အချစ်ရေးတွေ လူမှုရေးလေးတွေကို .ဟာသလေးနှောပြီး ရိုက်ကူးထားပါတယ်...Casts တွေက ခေါင်းဆောင် မင်းသား မင်းသမီးနေရာကပဲ သရုပ်ဆောင်တဲ့ သူတွေ အများကြီးပါ၀င်ပါတယ်..ကိုယ်ကြိုက်တဲ့ Casts ပါလို့ ကြည့်မယ်ဆို ရင် တောင်ဒီကားလေးမှာ ကိုယ်ကြိုက်တဲ့သူတွေ အများကြီးကို တစ်ကားထဲ ကြည့်ရမှာပါနော်.... Casts တွေကတော့ Lee Dong Wook, Han Jimin, KangHaNeul, Im Yoona, WonJina, Seo Kangjoon, KimYoungKwang, Lee Kwang Soo, Go Sunghee, Lee Jin Wook, Jo Junyoung,Lee Kyuhyung, Lee Hyeyoung ...
movie
A Year-End Medley (2021)
6.3
The Target (2014)
ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ...ဇာတ်လမ်းကတော့မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကို အသည်းအသန်လိုချင်နေကြတယ်။ အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ File size…(1.3 ...
movie
The Target (2014)
2014
7.4
The Beauty Inside (2015)
လူတစ်ယောက်အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ?အခုခေတ်မှာ ကျွန်တော်တို့ FA, FA နဲ့ အလွယ်တကူသုံးနေကြတယ်ရည်းစားမရှိရင်ကို FA လို့ ခေါ်ကြတော့တာပဲပုံမှန်လူတစ်ယောက်ရဲ့ဘဝကို အကြမ်းဖျင်းတွက်ကြည့်ရအောင်ပုံမှန်လူတစ်ယောက်ဟာ မွေးလာတာနဲ့ မိသားစုရှိတယ် ဆွေမျိုးရှိတယ် ကိုယ့်အိမ်ပတ်ဝန်းကျင် ရပ်ကွက်ထဲက အသိတွေရှိမယ်မူကြိုကနေ တက္ကသိုလ်ရောက်တဲ့အထိ သိလာတဲ့သူငယ်ချင်းတွေရှိမယ်အလုပ်လုပ်တော့လဲ အလုပ်ကမိတ်ဆွေတွေရှိမယ် စသဖြင့်...ပုံမှန်လူတစ်ယောက်ဟာ ဘဝမှာသိကျွမ်းတဲ့လူ ၅၀၀ လောက်တော့ အနည်းဆုံးရှိလိမ့်မယ်ထင်တယ်ပျမ်းမျှအကြမ်းဖျင်းပေါ့လေ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့အဲ့တော့ပြောရရင်တော့ ဒီကမ္ဘာပေါ်မှာခင်ဗျားအသက်ရှင်နေတယ်ဆိုတဲ့ ဖြစ်တည်မှုကိုသိတဲ့လူ အနည်းဆုံးတော့ အယောက် ၅၀၀ လောက်ရှိတယ်အဲ့ဒါကို တကယ်တမ်း Forever Alone လို့ သတ်မှတ်လို့ရပါ့မလား?စဉ်းစားကြည့်စမ်းပါ...ခင်ဗျားရဲ့ဖြစ်တည်မှုကိုသိတဲ့သူ ၅ ယောက်တောင်မပြည့်တဲ့ ဘဝမျိုးမှာနေရမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲလို့ ?ဘယ်သူမှ ခင်ဗျားကို မသိဘူးဗျာလမ်းမှာ အသိနဲ့တွေ့လို့ နှုတ်ဆက်တယ်ဆိုတာမျိုးလဲ ရှိနိုင်မှာမဟုတ်ဘူးတစ်ခါတစ်လေမှာတော့ လူတွေကြားထဲသွားလာနေတာပဲဒါမဲ့ဒီနေ့တွေ့တဲ့လူတွေက မနက်ဖြန်ကျရင်ခင်ဗျားကိုမသိတော့ဘူးနောက်ဆုံး ကိုယ့်ကိုမွေးထားတဲ့ အမေကတောင် ခင်ဗျားအသက်ရှင်နေတယ်ဆိုတာကိုပဲသိတယ်ရှေ့မှာမြင်နေရရင်တောင်မှ ခင်ဗျားမှန်းမမှတ်မိနိုင်တဲ့ဘဝမျိုးကိုယ်ဘယ်သူလဲဆိုတာကို ကိုယ်တစ်ယောက်ထဲပဲသိတဲ့ဘဝအဲ့လိုဘဝမျိုးမှာ ခင်ဗျားဆိုရင်ရော နေနိုင်မလား?အကြောင်းရင်းကတော့ ဒီဇာတ်ကားလေးထဲကမင်းသား ကင်ဝူဂျင်းဆိုတဲ့လူကနေ့တိုင်း မနက်တိုင်း ...
movie
The Beauty Inside (2015)
2015
7.4
Miss Granny (2014)
CM ပရိတ်သတ်တွေထဲမှာ ကိုးရီးယားဇာတ်လမ်းကိုမှ နှစ်ခြိုက်ပြီး စွဲစွဲမြဲမြဲအားပေးနေတဲ့သူတွေရှိလား...ဒီတခေါက်တင်ဆက်ပေးချင်တဲ့ ကိုးရီးယားဇာတ်လမ်းကတော့ ပျင်းလဲမပျင်းရဘူး ရယ်နေရမယ် ငိုရမယ့်ဇာတ်ဝင်ခန်းလဲပါမယ်..စိတ်ဝင်စားဖို့လဲကောင်းမယ်ဒီဇာတ်လမ်းကို Chinese က Remake ပြန်လုပ်ထားတဲ့ version တောင်ရှိပါတယ်...ကဲ စိတ်ဝင်စားသွားကြပြီထင်ပါတယ်..ဇာတ်လမ်းနာမည်ကတော့ "Miss Granny"တဲ့..အညွှန်းလေးကို ဖတ်ကြည့်ပါဦး..အသက် ၇၄ နှစ်အရွယ် အဖွား အိုမယ်ဆွန်းဟာ တစ်ကိုယ်တည်း ရပ်တည်ပြီးသားဖြစ်သူကို ပြုစုပျိုးထောင်ခဲ့သူပါ..သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်ကံဆိုးချင်တော့ သူချစ်ရတဲ့ ခင်ပွန်းဟာလဲ စစ်တိုက်ရင်း စစ်ပွဲကျကာ အသက်ငယ်ငယ်နဲ့ မုဆိုးမ ဖြစ်သွားပါတော့တယ်...ကလေးတစ်ယောက်နဲ့ အားကိုးမယ့်သူမရှိ ငွေကြေးကလဲအဆင်မပြေ အသက်ကလဲငယ်သေးတော့ မယ်ဆွန်းအတွက် ဘဝဟာခက်ခဲပင်ပန်းခဲ့ပါတယ်..သူ့ရဲ့ ငယ်ရွယ်မှုတွေ ဝါသနာတွေကို သားလေးအတွက် မြှုပ်နှံပေးဆပ်ခဲ့ပါတယ်...သူ့ရဲ့ သားလေးအပေါ်သွန်သင်ဆုံးမမှုတွေက အချည်းနှီးမဖြစ်ခဲ့ပါဘူး..သားဖြစ်သူဟာ ပါမောက္ခတစ်ယောက်ဖြစ်ခဲ့ပြီး အိမ်ထောင်ကျကာ သမီးတစ်ယောက် သားတစ်ယောက်ပိုင်ဆိုင်ခဲ့ပါတယ်..မယ်ဆွန်းဟာ အဖိုးကြီးအဖွားကြီးထုံးစံအတိုင်း ချွေးမဖြစ်သူကို နေ့စဉ်ပွစိပွစိ ပြောတတ်ပါတယ်..ချွေးမဖြစ်သူဟာ ကျန်းမာရေးကောင်းမွန်သူတော့မဟုတ်ပါဘူးယောက္ခမ ပူညံသံကတစ်မျိုး ...
movie
Miss Granny (2014)
2014