Channel Myanmar

Lee Ji-hoon

The Roundup: Punishment (2024) 7.0
The Roundup: Punishment (2024)  အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ....ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်...အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်...ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်... File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff    
movie

The Roundup: Punishment (2024)

Fasten Your Seatbelt (2013) 5.6
Fasten Your Seatbelt (2013) Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie

Fasten Your Seatbelt (2013)

2013
Chronicle of a Blood Merchant (2015) 6.38
Chronicle of a Blood Merchant (2015) Chronicle of a Blood Merchant (2015)ကိုရီးယားရဲ့ ၁၉၅၀ ပြည့်နှစ်တွေမှာ သာမန်မိသားစုလေးတစ်ခုရဲ့ စီးပွားရေး၊ မေတ္တာတရားနဲ့ မိသားစုသံယောဇဉ်တွေကို ထိထိမိမိလေး ဖော်ပြပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဆမ်းဂွမ်းက အလုပ်ကြမ်းလုပ်တဲ့ သာမန်အလုပ်သမားလေးဖြစ်ပြီး တစ်ဖက်သတ်သဘောကျတဲ့ အို့ရန်ဆိုတဲ့ကောင်မလေးကို ရည်းစားရှိတဲ့ကြားကနေ လုယူခဲ့ပါတယ်နှစ်တွေကြာလာတော့ သားသုံးယောက်ပိုင်ဆိုင်လာပြီး နဂိုကညီတူညီမျှ ချစ်ပေးပေမဲ့ အကြီးဆုံးသားလေးက သူ့သွေးသားမဟုတ်တာကို သိပြီးတဲ့နောက်မှာ အရင်လိုအဆင်ပြေမှုတွေရပ်တန့်သွားပါတော့တယ်ဒါပေမဲ့ နောက်ဆုံးမှာတော့ သွေးထက်ပျစ်တဲ့သံယောဇဉ်ကြောင့်ပဲ ဆမ်းဂွမ်းတို့မိသားစုလေးက အခက်အခဲတွေကို အတူတကွရင်ဆိုင်ကျော်လွှားပြီး မိသားစုဘဝလေး ပြန်လည်နွေးထွေးလာခဲ့ပုံလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက မင်းသား Ha Jung Woo ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီး ကိုယ်တိုင်သရုပ်ဆောင်ထားသလို မင်းသမီးအနေနဲ့ Ha Ji Won တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.7GB | 876MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle ...
movie

Chronicle of a Blood Merchant (2015)

2015
Under Your Bed (2023)
Under Your Bed (2023) 18+ Under Your Bed (2023)၁၈ ယောက် စုကြည့်မှရမယ့် Thriller, Melodrama ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ဘဝရဲ့အဓိပ္ပာယ် ပျောက်ဆုံးနေခဲ့တဲ့ ဂင်ဂျီဟွန်းဟာ တက္ကသိုလ်မှာ ယယ်အွန်းဆိုတဲ့ကောင်မလေးကို တွေ့ခဲ့ပြီးတဲ့နောက် သူ့ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာကို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အချစ်ဦးတို့ရဲ့ထုံးစံအတိုင်း ကွဲကွာခဲ့ကြရပြန်ပါတယ်။ဒီလိုနဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာတော့ တက္ကသိုလ်ကအချစ်ဦး ယယ်အွန်းကိုရှာဖွေဖို့ ဂျီဟွန်းတစ်ယောက် ကြိုးစားရင်း အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ ငယ်ချစ်ဦးယယ်အွန်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့…။ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုအောက်မှာ မရှုမလှခံစားနေရတဲ့ ယယ်အွန်းကို သူ့ရဲ့အိပ်ရာအောက်ကနေ အမြဲတမ်းစောင့်ကြည့်နေတဲ့ ဂျီဟွန်းတစ်ယောက် ဘယ်လိုကယ်တင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Thriller, Melodrama ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ပဲ ဖြစ်ပါတယ်။Genre..... Romance, Thriller Quality…. 1080p | 720p File size… 1.2GB | 499MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Encoder ..... ...
movie

Under Your Bed (2023)

My Worst Neighbor (2023) 6
My Worst Neighbor (2023) My Worst Neighbour (2023)ဒီတစ်ခါမှာ ချိုချိုချဉ်ချဉ်လေးခံစားရစေမယ့် Romance ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါမယ်ဇာတ်လမ်းအကျဉ်းကတော့ အဆိုတော်အဖြစ် လူရွေးပွဲဝင်ချင်တဲ့ အီဆွန်းဂျင်းဟာ လွတ်လွတ်လပ်လပ်နဲ့ လေ့ကျင့်ချင်တဲ့အတွက် အိမ်ငှားရပါတယ်... အိမ်ရှာတဲ့နေရာမှာလည်း ပေါချောင်ကောင်းလိုချင်တဲ့ သူ့အဖြစ်က ငိုရခက်ရယ်ရခက်ပါပဲဘာလို့လဲဆိုတော့ ငှားလိုက်တဲ့အိမ်က ဟိုဘက်တိုက်နဲ့ ဖုန်းဆက်စရာတောင်မလိုဘဲ စကားပြောလို့တောင်ရတဲ့အထိ အသံက ထိုးချင်းပေါက် ကြားနေရတာပါအဲတော့ အဆိုလေ့ကျင့်ချင်တဲ့သူနဲ့ ဟိုဘက်အိမ်က ကောင်မလေးတို့ရဲ့ ရန်ပွဲစပါတော့တယ်.. အဲလိုရန်ဖြစ်ရင်းနဲ့ပဲ သံယောဇဉ်တွေဖြစ်လာပြီး နောက်ပိုင်း မျက်နှာတောင်မမြင်ဖူးသေးဘဲ တွဲတဲ့အဆင့်ထိရောက်လာပါလေရောမျက်နှာတောင်မမြင်ဖူးဘဲ သံယောဇဉ်တွေဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ရှေ့ဆက်လို့အဆင်ပြေပါ့မလား.. ဖြစ်လာတဲ့ပြဿနာတွေကို ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်Genre.....Comedy, Romance Quality…. 1080p | 720p File size… 1.1GB | 526MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

My Worst Neighbor (2023)

2023
[18+] Wet Dreams 2 (2005) 4.7
[18+] Wet Dreams 2 (2005) အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။ သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။ တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့ လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ သူ့ရဲ့ မိုက်ဖော်ဆိုးဖက် သူငယ်ချင်းမလေးတွေကလဲ သူ့စွန့်စားခန်းကို မြှောက်ပင့် အားပေး ကူညီဖို့ ရယ်ဒီပါပဲ။ Wet Dream ရဲ့နောက်ဆက်တွဲကားဖြစ်ပေမယ့် ပထမကားထက်ပိုပြီးတော့ Serious ဖြစ်တဲ့ဘက်ကိုသွားထားပါတယ်။ အပျော်တွေချည်းသက်သက်မဟုတ်ပဲနဲ့ တကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့ဘဝရဲ့ပြဿနာလေးတွေကိုပါ ပါးပါးလေးချပြသွားပြီးတော့ အချစ်ဟာသ ဇာတ်လေးကို လှလှပပခင်းသွားပါသေးတယ်။ ၂၀၀၀ ခုနှစ်ကျော်ဝန်းကျင် ခေတ်ကာလတွေ၊ အဲ့ဒီခေတ်က ကိုရီးယားရုပ်ရှင်တွေကိုပြန်သတိရလွမ်းတစေနိုင်တဲ့ အချစ်ဟာသ ...
movie

[18+] Wet Dreams 2 (2005)

Idol Recipe (2022) 5
Idol Recipe (2022) Idol Recipe (2022) ဇာတ်လမ်းအညွှန်း *******************************ဒီတစ်ခါတော့ idol မူဗွီလေးပါ။ ဘယ်လာ ဆိုတဲ့ မကျော်ကြားသေးတဲ့ idol အဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ အေဂျင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကမောက်ကမတွေ ဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ဒီလို အခက်အခဲတွေကို ဘယ်လာ အဖွဲ့ဝင်တွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ?စိန်ခေါ်မှုတွေကို အံတုနိုင်ပါ့မလားသူတို့ရည်မှန်းချက် အောင်မြင်မှုကို ရတဲ့ထိ ဆက်လှမ်းးနိုင်ပါ့မလား?အောင်မြင်ဖို့မပြောနဲ့ idol အဖွဲ့တစ်ဖွဲ့ဖြစ်လာဖို့ဆိုတာ ဘယ်လောက်တောင်မှ ခဲယဉ်းလဲ?ဒီလိုအခက်အခဲတွေကြားမှာမှ ဝေဖန်ခံရတဲ့အခါ idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလဲ ဆိုတာ ဒီဇာတ်ကားလေးကြည့်ပြီး လေ့လာခံစားကြရအောင်ပါ။ File Size          :  1.8GB, 860MB & 428MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format  ...
movie

Idol Recipe (2022)

The Vanished ( 2018 ) 6.6
The Vanished ( 2018 ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီးဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်ကခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီးရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်းစုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာသည်းထိတ်ရင်ဖိုကားလေးတစ်ကားကိုလက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married coupleဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-aeပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-wooစုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။  Translated ...
movie

The Vanished ( 2018 )

A Hard Day ( 2014 ) 7.2
A Hard Day ( 2014 ) A Hard Day (ကိုရီးယားအမည်-Take it to the End) ဆိုတဲ့ရုပ်ရှင်လေးဟာတောင်ကိုရီးယားနိုင်ငံ မှ ၂၀၁၄ခုနှစ်မှာရိုက်ကူးထားတဲ့မှုခင်းဇာတ်ကြောင်းအခြေခံ ထိတ်လန့်ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Kim Seong-hun ကဖန်တီးရိုက်ကူးထားပြီးတော့ Lee Sun-kyun နဲ့Cho Jin-Woongတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။A Hard Day ရုပ်ရှင်ကားဟာ Cannes Film Festival ရဲ့Directors’ Fortnight Sectionမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာ May 18,2014 မှာပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာတော့ May 29, 2014မှာပြသခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာသူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက်အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကိုတိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ?လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား?ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။မင်းသား Lee Sun-kyun ...
movie

A Hard Day ( 2014 )

2014