Channel Myanmar

Lee Jae-in

Svaha: The Sixth Finger (2016) 6.3
Svaha: The Sixth Finger (2016) Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie

Svaha: The Sixth Finger (2016)

2019
Horror Stories 3 (2016)
Horror Stories 3 (2016) Horror Stories III (2016)IMDb - 5.3/10******************************************ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။"ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်......အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။2016 ခုနှစ်က ထွက်ခဲ့တဲ့ ...
movie

Horror Stories 3 (2016)

2016
Hard Hit (2021) 6.1
Hard Hit (2021)  Hard Hit (2021)အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက် ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီးCast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့ Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါဒီကားထဲမှာ ဘဝအတွက် သင်ခန်းစာယူစရာတချို့လည်းရနိုင်လို့ အက်ရှင်ကားလည်းကြည့် အနှစ်သာရ အချို့လည်းခံစားနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ...
movie

Hard Hit (2021)

2021
Our Body (2019) 5.9
Our Body (2019) [Unicode]Korea နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပြီး ပြီးသား အသက်လတ်ပိုင်းအရွယ် independent woman တစ်ယောက်ရဲ့ နေထိုင်မှုကို လက်တွေ့ဆန်ဆန် အပါအဝင် ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်ပါတယ် ။တက္ကသိုလ်ပြီး ပြီးသား အစိုးရဝန်ထမ်း ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အခါခါ ကျဆုံးနေတဲ့ ယွန်းဂျာယောင်းဟာ နောက်ဆုံးမှာ ရည်မှန်းချက်ပါ ပျောက်ဆုံးသွားခဲ့ပါတယ်တစ်နေ့ အွန်လိုင်းပေါ်မှာ မရပ်မနား ပြေးကြတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ လေ့ကျင့်ခန်းဟာ တစ်ခါတရံမှာ လူတွေရဲ့ စိတ်ခွန်အားနဲ့ အင်အားတွေကို ပေးတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်ပြီး အဖွဲ့ကို ဝင်ဖြစ်ခဲ့တော့ ဟွန်းဂျူ ဆိုတဲ့ အပြေးသမား ကောင်မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဒီလိုနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ရရှိလာတဲ့ မိတ်ဆွေတွေကြောင့် စိတ်ဓာတ်ခွန်အားတွေ ပြန်ရလာပြီး သူမ လုပ်ချင်တဲ့အရာကို ပြန်လည်ရှာဖွေခဲ့ပါတယ်။အထူးသဖြင့် ဟွန်းဂျူ ဆီကပေါ့။အချိန်ပိုင်းတစ်ခု လုပ်ရင်း မကောင်းပြောတဲ့လူတွေရဲ့စကားတွေကို ဥပက္ခာပြုပြီး ဘဝကို လက်တွေ့ကျကျပြန်လည် ရှင်သန်ဖို့ကြိုးစားခဲ့တော့တယ်။လက်မထပ်ရသေးတဲ့ ...
movie

Our Body (2019)

[18+] Nineteen: Shh! No Imagining! (2015)
[18+] Nineteen: Shh! No Imagining! (2015) ပြန်စဉ်းစားကြည့်ရအောင်...ကိုယ့်ဘဝရဲ့ ပထမဆုံးတော့ Sex အထိအတွေ့က ဘယ်လိုလဲ...Sex Partner ကရော ဘယ်သူလဲ...ဘယ်လိုဆုံတွေ့ပြီး ဘယ်လိုဖြစ်ကြတာလဲ...ပြန်စဉ်းစားလိုက်ရင် ကြည်နူးစရာတချို့ပါမယ်...အတော်များများကတော့ အလွဲလွဲ အချော်ချော်ပေါ့...အဲ့ဒီ အလွဲလွဲအချော်ချော်ကပဲ ကျွန်တော်တို့ဘဝရဲ့ ပြန်မရနိုင်တော့တဲ့ ခံစားမှုပါ...တန်ဖိုးထားသင့်ပါတယ်။ဒီဇာတ်ကားက ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးကြုံတွေ့ရတဲ့ Sex ကိစ္စနဲ့ပတ်သက်ပြီးခံစားတတ်တာလေးတွေကို ရိုက်ပြထားတာပါ…18+ ဇာတ်ကားတွထဲမှာ အတော့်ကိုခွီရသလို Erotic Level So High ပါ…စုံတွဲတွေ အများကြီးပါပါတယ်…အကုန်လုံးက လူငယ်စုံတွဲတွေချည်းမို့ ကိုယ်တိုင်ပြန်လည်နုပျိုလာသလိုခံစားရပါမယ်။ကိုယ့်ဘဝရဲ့ ပထမဆုံးသော Sex Partner နဲ့အဖြစ်ကရော ဒီဇာတ်ကားထဲက ဘယ်အတွဲနဲ့တူမလဲခံစားကြည့်ကြရအောင်ပါ။(Dark Side Production မှ စာတန်းထိုးအမှန်ဖြင့် ပြန်လည်တင်ဆက်သည်။)  File size…(900 MB) Quality…WEB-DL Uncut Extended 720p Format…mp4 Duration….01:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by FOX
movie

[18+] Nineteen: Shh! No Imagining! (2015)

The Battle: Roar to Victory(2019) 6.7
The Battle: Roar to Victory(2019) The Battle: Roar to Victory(2019)အညွှန်း************************************(zawgyi)ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ဂျပန် တွေ သိမ်းပိုက်စဉ်ကာလကို အခြေပြုရိုက်ကူးထားတာပါ..... ဂျပန်တွေရဲ့ရက်စက်မှုတွေဟာ သိတဲ့အတိုင်း တစ်ကမ္ဘာလုံးက ရှုံချရလောက်အောင် ဆိုးသွမ်းလွန်းပါတယ်.... သိမ်းပိုက်စဉ်ကာလမှာ ကိုးရီးယားစစ်တပ်တင်မဟုတ်ဘဲ ပြည်သူတွေကပါ တတ်စွမ်းသရွေ့ ဂျပန်စစ်တပ်ကို တိုက်ထုတ်ခဲ့ကြပါတယ်... ဒီကားကတော့ အဖွဲ့ သား၁၆ယောက်နဲ့ ဂျပန် အယောက် ၅၀၀ကို ပြောက်ကျားစစ်ဟန်သုံးပြီး တိုက်ထုတ်ခဲ့တာကို ရိုက်ပြထားတာပါ.... ဒီ ၁၆ ယောက်ဟာ နာကျဉ်းချက်ကိုယ်စီနဲ့ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့အရည်အချင်းတွေ ကိုအသုံးချပြီး ကျားနာတွေလို ဂျပန်ကို ဆော်ကြတာ တကယ့်ကို အားရစရာကြီးတွေပါ... ဇာတ်လမ်းအစကနေ အဆုံးထိကို စစ်ပွဲတစ်ပွဲပြီး တစ်ပွဲ.... ပြောက်ကျားစစ်ဟန်တွေရယ်...အရေးကြီးခေါင်းဆောင်တွေကို စနိုက်ပါတွေနဲ့ချောင်းမြောင်းပစ်ခတ်တာတွေ ...ဂျပန်စစ်ခေါင်းဆောင်တွေနဲ့ စစ်ဗျူဟာ ပြိုင်ဆိုင်ခန်းတွေနဲ့.... တော်တော်ကြီးကို မိုက်ပါတယ်... နောက်တစ်ခုက ရိုက်ချက်တွေက တော်တော်ကိုမိုက်သလို ကိုရီးယားစစ်သားတွေရဲ့ နာကျဉ်းချက်အောက်က ဓားချက် သေနတ်ချက်အောက် မှာ အသက်ပျောက်သွားတဲ့ ဂျပန်တွေရဲ့ပုံကိုလည်း ထင်သာမြင်သာအောင် ပြထားတာက အားရစရာကြီးတွေပါပဲ....... ခံစားကြည့်လိုက်ပါဦး... သရုပ်ဆောင်တွေက နာမည်ကြီးသရုပ်ဆောင်တွေကြီးပါတဲ့အပြင် ပြသချိန် ၂ နာရီကျော်မှာလည်း အီသွားတာကိုမရှိသလောက်ပါပဲ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thinzar Htet ပဲဖြစ်ပါတယ်.....(unicode)ဒီကားကတော့ 1920 လောက်က ကိုရီးယားနိုင်ငံကို ...
movie

The Battle: Roar to Victory(2019)

2019