Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Hee-jun
6.9
Handsome Guys (2024)
Handsome Guys (2024)************************ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကိုremake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူတွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ...
movie
Handsome Guys (2024)
Badland Hunters (2024)
Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံတွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie
Badland Hunters (2024)
2024
Marriage Blue (2013)
Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie
Marriage Blue (2013)
5.6
[18+] A Special Lady (2017)
ကိုရီးယားအက်ရှင်ဒရာမာကားလေးတစ်ကားပါ။ကိုရီးယား Gang တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။အခက်အခဲတွေအများကြီးကြားထဲကနေ နောက်ဆုံးလူမိုက်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း ဂိုဏ်းကြီးမားတာနဲ့အမျှ တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ဖို့ တာဆူလာကြတာပါပဲ။ဒီလိုနဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့ရန်အတွက် သေချာစီစဉ်အကွက်ချလုပ်ခဲ့ကြပေမယ့် ကံတရားကတော့မျက်နှာသာမပေးဘဲ လွဲချော်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်တဲ့အခါမှာတော့ အားလုံးခဲလေသမျှသဲရေကျဖြစ်သွားရတော့တာပါပဲ။ဒီလိုနဲ့ ဒုစရိုက်ဂိုဏ်းနဲ့ပတ်သက်ဆက်စပ်မိပြီးနောက် ပြန်လည်ရုန်းထွက်နိုင်ပါ့မလား။ဘယ်လိုကြောင့်ဒီလိုဖြစ်သွားရတာလဲ။ကိုယ်ချစ်တဲ့တဲသူနဲ့အတူနေနိုင်ဖို့လူတိုင်းကြိုးစားကြပေမယ့် နှစ်ဖက်ပြိုင်ဆွဲကြတဲ့အခါ ဘယ်လိုဖြစ်ကုန်ကြမလဲ ဆိုတာတော့ ကိုရီးယားလူမိုက်ဂိုဏ်းအချင်းချင်းကြားကပက်ပက်စက်စက် တိုက်ခိုက်မှုအလန်းစားတွေနဲ့အတူ ကြည့်လိုက်ကြပါဦးဗျာ။ ၁၈+ အခန်းတွေဖောဖောသီသီ ပါဝင်တဲ့အတွက်မိသားစုနဲ့တော့မကြည့်သင့်ပါဘူးလို့.. File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 31min Format : Mp4 Genre :Action, Crime Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.AAC.x264 Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
[18+] A Special Lady (2017)
2017
6.9
Sea Fog (2014)
Sea Fog (2014)IMDb - 6.9/10_____Rotten - 77% ဒီကားလေးကတော့ တခြားကိုရီးယားကားတွေနဲ့မတူတဲ့ရသကိုပေးနိုင်မယ့်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ယောဆူ ဆိုတဲ့ ငါဖမ်းလုပ်ငန်းကိုလုပ်ကိုင်တဲ့မြို့လေးမှာပေါ့.... ငါးဖမ်းလုပ်ငန်းလုပ်တဲ့လူတစ်စုဟာငါဖမ်းလုပ်ငန်းလုပ်ရင်း အဆင်မပြေဖြစ်လာကြတဲ့အခါ ငွေကြေးလိုအပ်မှုတွေရှိလာခဲ့အခါမှာတော့ လူမှောင်ခိုလုပ်ငန်းဘက်ကိုကူးပြောင်းလာခဲ့ကြပါတယ်..လူပို့ဖို့အဆင်သင့်ဖြစ်နေတုန်းမှာ သဘောၤကိုစစ်ဆေးရေးဝင်လာခဲ့လို့ လူတွေကို သဘောၤဗိုက်ထဲ ကို ခေတ္တခဏထည့်ထားခဲ့ရာမှ ဖာရွန်ဂတ်စ်အဆိပ်သင့်ပြီးသေကြတဲ့နောက်ပိုင်း.. ဘယ်လိုအခက်အခဲတွေပြသနာတွေဖြစ်မလဲ...ဆိုတာတွေကို ဆက်လက်စောင့်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုခံစားလိုက်ပါဦး ဘာသာပြန်သူနဲ့အညွှန်းရေးသူတော့ ရည်မွန် ဖြစ်ပါတယ် ဒီကားလေးကတော့ တခြားကိုရီးယားကားတွေနဲ့မတူတဲ့ရသကိုပေးနိုင်မယ့်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ယောဆူ ဆိုတဲ့ ငါဖမ်းလုပ်ငန်းကိုလုပ်ကိုင်တဲ့မြို့လေးမှာပေါ့.... ငါးဖမ်းလုပ်ငန်းလုပ်တဲ့လူတစ်စုဟာငါဖမ်းလုပ်ငန်းလုပ်ရင်း အဆင်မပြေဖြစ်လာကြတဲ့အခါ ငွေကြေးလိုအပ်မှုတွေရှိလာခဲ့အခါမှာတော့ လူမှောင်ခိုလုပ်ငန်းဘက်ကိုကူးပြောင်းလာခဲ့ကြပါတယ်..လူပို့ဖို့အဆင်သင့်ဖြစ်နေတုန်းမှာ သဘောင်္ကိုစစ်ဆေးရေးဝင်လာခဲ့လို့ လူတွေကို သဘောင်္ဗိုက်ထဲ ကို ခေတ္တခဏထည့်ထားခဲ့ရာမှ ဖာရွန်ဂတ်စ်အဆိပ်သင့်ပြီးသေကြတဲ့နောက်ပိုင်း.. ဘယ်လိုအခက်အခဲတွေပြသနာတွေဖြစ်မလဲ...ဆိုတာတွေကို ဆက်လက်စောင့်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုခံစားလိုက်ပါဦး ဘာသာပြန်သူနဲ့အညွှန်းရေးသူတော့ ရည်မွန် ဖြစ်ပါတယ်
movie
Sea Fog (2014)
2014
Runway Cop (2012)
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖချာချွဲဆု (မင်းသား Kang Ji‑hwan) က ငယ်ငယ်ကတည်းက ဖိုက်တာတစ်ယောက်.... အခုကတော့ ကိုရီးယား ရဲတပ်ဖွဲ့မှာ သူ့တပည့်ကလွဲပြီး ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ နာမည်တစ်လုံးနဲ့ ရဲဖိုက်တာ ဖက်တီး..။ သူနဲ့ကျောင်းနေဖက် ယွန်ဂျေး (မင်းသမီး Sung Yu‑ri) က လျှမ်းလျှမ်းတောက် ဖက်ရှင်ဒီဇိုင်နာ...။ ယွန်ဂျေးတို့ မော်ဒယ်လ်ရှိုးပြပွဲက လူဆိုးဂိုဏ်းတစ်ခုရဲ့ မူးယစ်ဆေးတွေ ရောင်းဝယ်ဖောက်ကားမှု ဌာနေဖြစ်လာတဲ့အခါ....... ဒီလူဆိုးဂိုဏ်းကို လက်ရဖမ်းဖို့ ရဲတပ်ဖွဲ့မှ မော်ဒယ်လ်ရှိုးပြပွဲထဲကို သူလျှိုထည့်ဖို့ ကြိုးစားပါတော့တယ်။ ခက်နေတာက ကိုရီးယားရဲတွေမှာ ချဲခွဲဆုလောက် မော်ဒယ်အရပ်အမောင်းရှိတဲ့လူမရှိ..... ချာချွဲဆုကျတော့လဲ အရပ်အမောင်းရှိပေမယ့် သူ့ပုံစံက ဖက်တီး... ပုံမလာ ပန်းမလာ....။ ရွေးချယ်စရာမရှိတော့တဲ့ ရဲတပ်ဖွဲ့ကလဲ ချာချွဲဆိုကိုပဲ မော်ဒယ်တစ်ယောက်ပုံစံပေါက်လာအောင် ယွန်ဂျေးဆီကို အပ်လိုက်ပါတော့တယ်။ ယွန်ဂျေးနဲ့ ချာချွဲဆုကလဲ ငယ်ငယ်ကတည်းက အပေါက်အလမ်းမတည့်သူများဖြစ်ရာ....။ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မယ့် ချာချွဲဆိုနဲ့ ငြင်းပယ်မရတဲ့ ယွန်ဂျေးနဲ့ ပဟေဠိဆန်တဲ့ လူဆိုးဂိုဏ်းတို့ ...
movie
Runway Cop (2012)
2012