Channel Myanmar

Lee Garlington

Johnson Family Vacation (2004)
Johnson Family Vacation (2004)  Director Christopher Erskin ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်တဲ့ Comedy Movie လေးပါ Best Comedy Award Nomination ၃ ခုလည်းရခဲ့ပါသေးတယ် မင်းသားကြီး Cedric The Entertainer နဲ့ US ရဲ့ နာမည်ကြီး The Steve Harvey Show ရဲ့ Host ဖြစ်တဲ့ Steve Harvey တို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီး Vanessa Williams နဲ့ အမေရိကန် Rapper နဲ့ Actor ဖြစ်တဲ့ Shad Moss(Bow wow) ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်ဇာတ်လမ်းလေးကတော့ ဂျွန်ဆင်မိသားစုတွေ ပြန်လည်ဆုံတွေ့ပြီး "တစ်နှစ်တာအကောင်းဆုံးမိသားစု" ဆုဖလား ပြိုင်ပွဲကိုပြုလုပ်ဖို့အတွက် နိတ်ဂျွန်ဆင် တို့မိသားစုဟာ သူ့အမေရှိတဲ့မြို့ကို မိုင် ၂၀၀၀ လောက်နီးပါး ခရီးထွက်ခဲ့ရင်း တစ်လမ်လုံး ဘယ်လိုဟာသတွေကြုံရမလဲ....... အမြဲတမ်း ...
movie

Johnson Family Vacation (2004)

Field of Dreams (1989) 7.5
Field of Dreams (1989)  Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie

Field of Dreams (1989)

Cobra (1986) 5.8
Cobra (1986)  အမေရိကန်အက်ရှင်မင်းသားကြီး စတားလုံးရဲ့ တစ်ချိန်က အက်ရှင်ဇာတ်လမ်းဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။အသံတိတ်လက်နက်လို့ခေါ်ရမဲ့ တူ၊ ဓား၊ ပုဆိန်တွေကိုသုံးပြီးသတ်သွားတဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ စတားလုံးကတော့ ရာဇဝတ်သားတွေကို မညှာမတာရှင်းပစ်တတ်တဲ့ ခပ်ကြမ်းကြမ်းရဲတစ်ယောက်ပေါ့။ နောက်ပိုင်းသိလာရတာက ကွင်းဆက်လူသတ်သမားက တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေခဲ့တာပဲ။ သူတို့က မကောင်းတဲ့လူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ်လို့ ကြွေးကြော်ကြတယ်။တစ်ည မိန်းကလေးတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်း သူတို့လက်ကနေလွတ်မြောက်သွားခဲ့တယ်။ မိန်းကလေးရဲ့အိမ်ကိုစုံစမ်းပြီး အပြတ်ရှင်းဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ခါထပ်လွတ်သွားပြီး ဇာတ်လိုက်ကျော်ကြီး အစောင့်အရှောက်အောက်ကို အဲဒီမိန်းကလေးရောက်သွားပါတော့တယ်။ ဆရာကြီးစတားလုံးစောင့်ရှောက်နေတဲ့ကြားက လိုက်သတ်တဲ့ လူသတ်သမားအဖွဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပေမဲ့ ခေတ်ဟောင်းကစတားလုံး ဘယ်လောက်ကြမ်းလဲဆိုတာ ခံစားရှုမြင်ကြည့်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Cobra (1986)

The Hot Chick (2002) 5.5
The Hot Chick (2002) The Hot Chick (2002) Genre – Comedy, Fantasy IMDB – 5.5/10The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်ကအခွီနောက်တစ်ကား လာပါပြီ။သူတင်မကပဲ ကျွန်တော်တို့ Notebook တို့ About Time တို့ Doctor Strange ကောင်မလေးSherlock ကောင်မလေးတို့ လုပ်ခဲ့တဲ့ မင်းသမီးချော Rachel McAdams လည်း ပါပါသေးတယ်ဗျာ။Scary Movie တွေနဲ့ မျက်ခွက်ပြောင်ခဲ့တဲ့ Anna Faris ကလည်းဇာတ်ပို့အနေနဲ့ ပါထားတော့ မြိုင်နေရောပဲ။ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့မင်းသားကြီး စကေးပြထားတဲ့ကားပါ။ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူပန်းဖွားမယ်ကလေး ဂျက်ဆီကာ ဆိုတာရှိပါတယ်။ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး ...
movie

The Hot Chick (2002)

2002
The Sum of All Fears (2002) 6.4
The Sum of All Fears (2002) The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ...
movie

The Sum of All Fears (2002)

2002
One Hour Photo (2002)
One Hour Photo (2002) IMDb - 6.8/10 ~ RT - 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျ‌ကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ...
movie

One Hour Photo (2002)

Sneakers (1992)
Sneakers (1992) IMDb - 7.1 Rotten tomatoes - 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ...
movie

Sneakers (1992)

Dante’s Peak (1997) 6.0
Dante’s Peak (1997)  ဂျိမ်းစ်ဘွန်းမင်းသားကြီး Pierce Brosnan ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။မီးတောင်ပညာရှင် ဟယ်ရီဒေါ်လ်တန်ဟာ ကတ်စ်စတိတ်မြောက်ပိုင်းမှာလှုပ်နေတဲ့ ငလျင်တွေအကြောင်းစမ်းသပ်တိုင်းတာဖို့ Dante’s Peak ဆိုတဲ့မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မီးတောင်ပေါက်ကွဲတော့မှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ မြို့တော်ဝန်ရေချယ်ဝန်ဒိုနဲ့ ဟယ်ရီဟာ မြို့ကောင်စီဝင်တွေကို မြို့သူမြို့သားတွေအားလုံးကိုဘေးလွတ်ရာကိုရွှေ့ပြောင်းသင့်ကြောင်းရှင်းပြခဲ့ပေမယ့် မသေချာဘူးဆိုပြီးလက်မခံခဲ့ကြပါဘူး။ ဒီလိုနဲ့ ရက်သတ္တပတ်အကြာမီးတောင်ပေါက်လုဆဲဆဲမှာ ဟယ်ရီသဘောကျနေတဲ့ မြို့တော်ဝန် ရေချယ်ရဲ့ ကလေးနှစ်ယောက်ဟာ မပြောမဆိုနဲ့တောင်ပေါ်တက်သွားပါတော့တယ်။ ရေချယ်နဲ့ ဟယ်ရီနှစ်ယောက် ကလေးတွေကိုပြန်ခေါ်ရင်း မီးတောင်ပေါက်ကွဲနေတဲ့ကြားကနေ ချော်ရည်တွေဆီကလွတ်အောင်ပြေးနိုင်ကြမလားဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

Dante’s Peak (1997)

The Little Things (2021) 6.4
The Little Things (2021) The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie

The Little Things (2021)

2021