Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lea Thompson
Left Behind (2014)
Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie
Left Behind (2014)
2014
OpenMatte
Jaws 3-D (1983)
Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ဒီမှာတော့ ...
movie
Jaws 3-D (1983)
6.5
J. Edgar (2011)
J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။) File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie
J. Edgar (2011)
6.2
Thin Ice (2011)
IMDB - 6.2 , Rotten Tomatoes - 70 %ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက်ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာသူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီးဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်ကပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင်အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေတစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ File size…1.37GB / 669MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Thin Ice (2011)
6.1
The Disappearance of Cari Farver (2022)
ဒီဇာတ်လမ်းဟာ လူပျောက်ဆုံးမှု မှုခင်းဖြစ်ရပ်မှန်(၂၀၁၂ မှ ၂၀၁၇) ကို အခြေခံ ရိုက်ကူးထားကာ ပါ၀င်သော အဓိကဇာတ်ကောင်လေးဦးအနက်သုံးဦးမှာ ဖြစ်ရပ်မှန်မှနာမည်ရင်းများဖြစ်တယ် ဇာတ်လမ်း အကျဉ်းကတော့ ကာရီ ပျောက်ဆုံးပြီး ဒေ့နဲ့ သူ့ ရည်းစားဟောင်း လစ်ဇ်ဟာ ကာရီဆီမှ ခြိမ်းခြောက် နှောက်ယှက်သော မက်ဆေ့များ တောက်လျှောက်လက်ခံရရှိလေတယ် ရဲတွေ ကာရီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်း ဘာကို ဘယ်လို တွေ့ရှိသလဲ ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့ File size…(1.4 GB)/(630 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Drama, Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kuaile de H
movie
The Disappearance of Cari Farver (2022)
6.2
10 Tricks (2022) 18+
ကဲ ပရိသတ်ကြီးရေ ဒီတစ်ခါတော့ လှည့်ကွက်ကြီး ၁၀ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါပြီ ရုပ်ရှင်လေးကတော့ အဖြူ အမဲ ကားလေးပါပဲ လှည့်ကွက်ကြီး ၁၀ခုဆိုလို့ ပိုက်ဆံလိမ်တာတို့ ဘာတို့တွေအထိ မတွေးလိုက်ကြပါနဲ့ အနီးအနားက ကိစ္စလေးတွေကိုပဲ တွေးလိုက်ကြပါ ယောကျာ်းထုကြီးအတွက် ကတော့ ကြည့်လို့လည်းကောင်းသလို ပညာတွေလည်းတစ်လှေကြီးရနိုင်မဲ့ ကားလေးပါပဲ အဲ အိမ်ထောင်ရှင် မမများအတွက်တော့ ကိုယ့် ယောကျာ်းထက်ခြေလှမ်း တစ်လှမ်းသာနေချင်ရင် ဒီကားလေးကိုကြည့်ပြီးသာ ပညာယူထားရမှာပါ ဟုတ်ကဲ့ ဒီရုပ်ရှင်ရဲ့ အဓိက လှည့်ကွက်ကြီး ၁၀ခုကတော့ ပြည့်တန်ဆာအိမ်မှာ ယောကျာ်းတွေလုပ်လေ့ လုပ်ထရှိတဲ့ အကြောင်းတွေပါပဲ အဲဒါအပြင် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးတဲ့ အကြောင်းလေးတွေရယ် အမ်းနိုင်သမျှအမ်းလွန်းတဲ့ မမကြီးတွေရဲ့ နှင်းဆီခိုင်လေးတွေအကြောင်းရယ်ကို သဘာဝကျကျ အဖြစ်ကိုအဖြစ်အတိုင်း ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ် (ဘာသာပြန်နေရင်းတောင် ငယ်ငယ်က သူငယ်ချင်းကိုသတိရမိသွားတဲ့အထိပါပဲ)အဲဒီတော့ ဇာတ်လမ်းရယ်ဆိုတာတော့ သေချာမရှိဘဲ ဖြစ်တတ်တဲ့သဘောတရားတွေကို ရိုက်ပြထားတာမို့လို့ တစ်ကားတည်းနဲ့ ဇာတ်လမ်းပေါင်း များစွားကို အဝကြီးကြည့်ရှုရမှာပါ ...
movie
10 Tricks (2022) 18+
4.1
Unplugging (2022)
Unplugging (2022)ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..?အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း ...
movie
Unplugging (2022)
2022
7.6
Next Stop, Christmas(2021)
Next Stop, Christmas (2021)IMDb 7.8Hello Helloခရစ်စမတ်လည်း နီးလာပြီဆိုတော့ နှင်းတစ်ဖွဲဖွဲ ရှုခင်းလှလှလေးတွေနဲ့ ခရစ်စမတ်နောက်ခံအချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ထပ်ပြီး မိတ်ဆက်ပေးချင်ပါတယ်ဒီကားရဲ့ ထူးခြားချက်က time-travel ဇာတ်လမ်းကြိုက်သူတွေလည်း ကြည့်လို့ အဆင်ပြေမယ့်ကားလေးပါဇာတ်လမ်းအကျဉ်းအန်ဂျီဟာ အာရုံကြောအထူးကုဆရာ၀န်တစ်ယောက်ဖြစ်ပါတယ်အများသူငါတွေ အနားယူ မိသားစုဆီ အလျှိုလျှို ပြန်ကြတဲ့အားလပ်ရက် ခရစ်စမတ်မှာ သူကတော့ on call တာ၀န်နဲ့ အိမ်မပြန်နိုင်သူပေါ့။တကယ်တော့ သူကိုယ်တိုင်ကလည်း မိသားစု အရှုပ်တွေကြောင့်အိမ်မပြန်ဘဲ တာ၀န်ကျကာ မြို့မှာပဲ တစ်ယောက်တည်း ခရစ်စမတ်ကို ဖြတ်သန်းချင်သူပါ။ဒီလိုနဲ့ အလုပ်ပြီးလို့ ဘားထိုင်ပြီး အပြန် ဘူတာလက်မှတ်ရုံက ထူးဆန်းတဲ့ အဘိုးကြီးနဲ့စကားစမြည်ပြော လက်မှတ်၀ယ်ပြီး ရထားပေါ်မှာ အိပ်စက်အနားယူ လိုက်လာခဲ့ပါတယ်။သူနိုးလာတဲ့ အချိန်မှာတော့ စီးနေတဲ့ ရထားဟာလည်း ပုံစံတွေပြောင်းအရာအားလုံးလည်း ခေတ်တွေ နောက်ပြန်လည်သွားပါတော့တယ် ....ဘာတွေဖြစ်ကုန်တာလည်း သူကိုယ်တိုင် မသိသလိုဘာကြောင့် အချိန်တွေ နောက်ပြန်လည်သွားတယ်ဆိုတာလည်း သူစဉ်းစားမရပါဒီတော့ CM ပရိသတ်ကြီးက ...
movie
Next Stop, Christmas(2021)
2021
7.4
Back to the Future Part III (1990)
ဒီတစ်ခေါက်part 3မှာတော့ part 1 နဲ့ part 2 မှာတုန်းကလို အနာဂတ်ကိုပြန်သွားမှာမဟုတ်ဘဲ အတိတ်ကိုပြန်သွားတာကို ရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ.. back to the future 1 ရဲ့ဇာတ်သိမ်းခန်းနဲ့ချိတ်ဆက်ပြီးရိုက်ပြထားပါတယ်။ မာတီနဲ့ဒေါက်တာတို့ရဲ့သံယောဇဉ်ကို ဒီအပိုင်း၃မှာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပါ။ ကောင်းဘွိုင်ခေတ်မှာပိတ်မိနေခဲ့တဲ့ဒေါက်တာဟာ အသက်ရှည်ရှည်မနေရဘဲ အသတ်ခံလိုက်ရတဲ့အတွက် မာတီဟာ ဒေါက်တာ့ကိုကယ်ဖို့ အတိတ်ကိုခရီးလွှင့်လာပါတော့တယ်။ ကောင်းဘွိုင်ခေတ်စွန့်စားခန်းတွေနဲ့သိပ္ပံပေါင်းစက်ထားတဲ့ ဤဇာတ်ကားကိုပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲခင်ဗျာ.. ဤpart 3 ကို part 1 နဲ့ part 2 ကိုကြည့်ပြီးကြည့်မှသာပိုသဘောပေါက်နိုင်မှာမို့ ပထမ၂ကားကိုအရင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.. ပရိသတ်ကြီးပေးလိုက်ရတဲ့အချိန်နဲ့တန်အောင်ရသမျိုးစုံပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__7.4/10 Format__mp4 Duration__1h 58min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung Encoded by ...
movie
Back to the Future Part III (1990)
1990
HEVC 1080p 5.1
7.8
Back to the Future Part II (1989)
ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie
Back to the Future Part II (1989)
1989
HEVC 1080p 5.1
8.5
Back to the Future (1985)
ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie
Back to the Future (1985)
1985
HEVC 1080p 5.1
6.3
Sierra Burgess Is a Loser (2018)
ဒီကားလေးကတော့ Netflix ကရိုက်ထားတဲ့ ကျောင်းသားအချစ်ဇာတ်ကားလေးပါဝဝတုတ်တုတ်ကောင်မလေးတစ်ယောက်ရဲ့ အချစ်ပုံပြင်လေးကို ဟာသလေးတွေ ရင်ခုန်စရာလေးတွေနဲ့ ရိုက်ထားတဲ့အတွက် လူငယ်တွေသဘောကျမှာပါအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ ဆီရာဘားဂျက်စ်ဟာ လူတိုင်းကအစခံအလှောင်ခံရတဲ့ ဝဝတုတ်တုတ် ဖက်တီးမလေးပေါ့ဒါပေမဲ့သူကစာဘက်မှအရမ်းထူးချွန်တဲ့သူတစ်ယောက်လဲဖြစ်တယ်သူ့ကိုအနိုင်ကျင့်တဲ့ ကျောင်းသူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗရော်နီကာ တို့အဖွဲ့လဲပါတယ်တစ်ရက် ဗရော်နီကာ့ကို သဘောကျတဲ့ တခြားကျောင်းက ဂျေမီဆိုတဲ့ ကောင်လေးတစ်ယောက်က ဗရော်နီကာ့ဖုန်းနံပါတ်ကိုလာတောင်းတဲ့အချိန် ဆီရာဘားဂျက်စ်ရဲ့ နံပါတ်ကိုပေးလိုက်တယ်အဲ့ဒိကောင်လေးဟာ ဆီရာ့ကို ဗရော်နီကာ အမှတ်နဲ့ စာပို့ပြီးစကားပြောတယ်ဆီရာကလဲ ပြန်ပြောရင်း ညတိုင်းသူတို့ဖုန်းတွေပြော သံယောဇဉ်တွေလဲတိုးပေါ့ဂျေမီကတော့ ဆီရာ့ကိုမသိပါဘူးဗရော်နီကာလို့ပဲ ထင်နေခဲ့တာပါဒီလိုနဲ့ ဆီရာက ဗရော်နီကာနဲ့ အပေးအယူတစ်ခုလုပ်ပြီး သူ့နေရာမှာ ဝင်ဟန်ဆောင်ခိုင်းတယ်ဆီရာ နဲ့ ဗရော်နီကာ တို့ရဲ့ Friendship ကလဲ တိုးလာတာပေါ့အဲ့ဒိနောက်မှာတော့ သူတို့နှစ်ယောက် ဆက်ဟန်ဆောင်ပြီး ဂျေမီ့ကိုအရူးလုပ်နိုင်မှာလားကြားထဲမှာဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆီရာရဲ့အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါနော်လူငယ်တွေကြိုက်နှစ်သက်မယ် လို့ မျှော်လင့်ရတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ပါလို့ တိုက်တွန်းပါရစေ ??? (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ခင်ပြည့်စုံကျော်ပါ) File Size ...
movie
2018