Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laurent Fernandez
6.9
Summer of 85 (2020)
ဒီဇာတ်လမ်းလေးကိုအခေခံထားတာကတော့ ၁၉၈၅ခုနစ်ရဲ့ နွေရာသီတစ်ခုမှာပါ စာမေးပွဲဖြေပြီး ကြားကာလအချိန်ဆိုတော့ လူငယ်သဘာဝအချိန်ပိုင်းအလုပ်လေးလုပ်ပြီး ပျော်လိုက်ပါးလိုက်နေချိန်ပေါ့ အဲဒီလိုလူငယ်ထဲမှာ အဲလက်စီလို့ခေါ်တဲ့ခပ်နွဲ့နွဲ့ကောင်လေးလည်းပါပါတယ်သူတို့မိသားစုကကမ်းခြေနားကိုပြောင်းလာပြီးနေတာသိပ်မကြာသေးပါဘူး ဒါပေမဲ့ အဲလက်စီကတော့သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ လှေအပျော်လွင့်ဖို့သွားတတ်ပါတယ် တစ်နေ့မှာတော့ သူ့သူငယ်ချင်းမအားလို့ လှေကိုတစ်ယောက်ထဲရွက်လွင့်ရင်းနဲ့ လှေမှောက်ပါတော့တယ် ဒါပေမဲ့ကံကောင်းချင်တော့ ဒေးဗစ်ဆိုတဲ့သူနဲ့သက်တူရွယ်တူကောင်ချောလေးက အဲဒီနားမှာရှိနေပြီးသူ့ကိုကယ်နိုင်လိုက်ပါတယ် ပြီးတော့သူ့အိမ်ကိုခေါ်သွားပြီး သူ့အမေနဲ့မိတ်ဆက်ပေးကာ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်ဒီလိုဂရုစိုက်ခံလိုက်ရတော့ အဲလက်စီကဒေးဗစ်ကိုစကြွေလာပါတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက်အချိန်တွေတူတူကုန်ဆုံးကြရင်းလိင်တူအတွဲလေးလိုဖြစ်လာကြပါတယ် ဒီလိုနဲတစ်နေ့မှာတော့အရာအားလုံးကတစ်ခဏတွင်းပြောင်းလဲသွားပြီး သူတို့ကြားထဲက ကိတ် ဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ ဘာတွေဆက်ဖြစ်သွားမလဲ ဒေးဗစ်နဲ့အဲလက်စီတို့ကရောလက်တွဲမြဲပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike
movie
Summer of 85 (2020)
6.6
22 Bullets (2010)
ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
22 Bullets (2010)
6.1
Mea Culpa (2014)
ဇာတ်လမ်အကျဉ်းလေးကတော့ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီးအခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက်အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေလိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကိုဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက်ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမားတွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Mea Culpa (2014)
5.8
No Limit (2022)
No Limit (2022) (ပြင်သစ်ကားတွေထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါ) ဒီဇာတ်ကားကတော့ Audrey Mestre ရဲ့တစ်ကယ့်အဖြစ်အပျက်ပေါ်မူတည်ပြီး Netflix ကရိုက်ကူးထားတဲ့ပြင်သစ်ဇာတ်ကားတစ်ကားပါ။ The Deep House မှာပါဝင်သရုပ်ဆောင်ထားတဲ့ Camille Rowe က Roxana Aubry အနေနဲ့သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာ Roxy ကလမ်းပျောက်နေပြီး ငယ်ငယ်တည်းက ရေငုပ်လာခဲ့ပေမဲ့ ကြီးလာတော့ သူ့ရဲ့ Passion တွေက ပျောက်ဆုံးပြီး ဘာလုပ်ရကိုင်ရမလဲဝေဝါးနေချိန် ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကိုတွေ့ သွားပြီး သွားတက်မိလိုက်တာကနေဖြစ်ပေါ်လာတဲ့အချစ်တွေ လူ့သဘာဝတွေ လက်တွဲဖော်ကိုယုံကြည်မှုတွေအပြင် အဓိကအနေနဲ့ သူကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ဒါပေမဲ့ ဒီအားကစားကို စိတ်ဝင်စားတဲ့လူမှ ကြည့်သင့်တဲ့ဇာတ်ကားမဟုတ်ပဲ ပင်လယ်ပြင်ကိုနှစ်သက်သဘောကျတဲ့လူတွေပါကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ရင်သပ်ရှုမောဖို့ကောင်းတဲ့ရှုခင်းတွေနဲ့ ပါဝင်ထားတဲ့ဇာတ်လိုက် ဇာတ်ပို့တွေအကုန်လုံးကလည်း လိုလေသေးမရှိ သရုပ်ဆောင်ကောင်းမွန်ပြီး တစ်ကယ့်အဖြစ်အပျက်လား စိတ်ကူးယဥ်လားဆိုပြီး ဇာတ်လမ်းအဆုံးမှာ အတွေးတွေနဲ့ ချန်ခဲ့ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အခြားဇာတ်လမ်းတွေလို အချစ်အကြောင်းချည်းသက်သက် ...
movie
No Limit (2022)
2022