Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Laurence Olivier
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
6.9
Clash of the Titans (1981)
Clash of the titans - 1981 Genre – Action,Adventure,Family IMDb - 6.9/10ဂရိနတ်ဘုရားတွေရဲ ဒဏ္ဍာရီကို အခြေခံထားတဲ့ ငယ်ဘဝအောက်မေ့ဖွယ် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားတွေရဲ့ဖခင် ဖြစ်တဲ့ ဇုစ်ဟာ အာဂို့စ်တိုင်းပြည်က အလွန်ချောမောလှပတဲ့ ဘုရင့်သမီးတော် ဒနေးကို အထူးစောင့်ကြပ်ထားတဲ့ကြားက ရွှေရောင်ချိုးရေအသွင်ပြောင်းပြီးတော့ ပေါင်းသင်းခဲ့ပါတယ်။ ကလေးတစ်ယောက်ရလာခဲ့တဲ့ သမီးတော် ဒနေးအပေါ် ဖခင်ဘုရင်ကြီး အက်ကရီးစီးယက်စ်က အမျက်တော်ရှိပြီး ဒနေးနဲ့သားငယ် ပါးစီးယက်စ်ကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပါတယ်။ဒါကို သိရှိသွားတဲ့ ဇုစ်နတ်ဘုရားက အာဂို့စ်တိုင်းပြည်ကို ဧရာမတိုက်တန်ကြီး ကရာကန်ကို စေလွှတ်ဖျက်ဆီးစေခဲ့ပြီး ဒနေးနဲ့သားတော်ပါးစီးယက်စ်ကို ဘေးကင်းရာကို လုံလုံခြုံခြုံရောက်ရှိစေရန် ပင်လယ်နတ်ဘုရားပိုဆိုက်ဒန်ကို စေခိုင်းခဲ့ပါတယ်။ ပါးစီးယက်စ်တစ်ယောက် ချောမောခန့်ညားစွာ အရွယ်ရောက်လာခဲ့ပြီး ဇုစ်ရဲ့ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့ပါတယ်။သူ့သားကာလီးဘော့စ်အပေါ် ပြစ်ဒဏ်ချထားမှုအပေါ် မကျေနပ်တဲ့ နတ်ဘုရားမတက်တစ်က ဇုစ် မျက်နှာသာပေးခြင်းခံရတဲ့ ပါးစီးယက်စ်အပေါ်မနာလိုဖြစ်ပြီး ကျိန်စာသင့်မျှော်လင့်ချက်မဲ့နေတဲ့ ဂျော်ပါမြို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေ အာဂို့စ်ကို ပြန်လည်သိမ်းပိုက်ဖို့ အကြံရှိတဲ့ပါးစီးယက်စ်က သူ့ရဲ့ခရီးစဉ်ကိုဂျော်ပါမြို့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။တက်တစ်စ်နဲ့ မကောင်းဆိုးဝါးသဖွယ် အသွင်ပြောင်းပြီး အပြစ်ပေးခံထားရတဲ့ ကာလီးဘော့စ်တို့ရဲ့ ကြီးစိုးမှုကြောင့် ...
movie
Clash of the Titans (1981)
7.6
Romeo and Juliet (1968)
Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~" မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး "ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ...
movie
Romeo and Juliet (1968)
1968
8.1
Rebecca (1940)
မန်ဒါလေ ဆိုတာ အရမ်းကြီးကျယ်ခမ်းနားပြီးတော့ လူတိုင်း အံံ့သြရလောက်အောင် ခမ်းနားပြီး ပို့စ်ကတ်တွေထဲမှာပါသူ့ရဲ့အလှကို ရိုက်ပြီး ရောင်းချရတဲ့ ပင်လယ်အော်ကြီး ဘေးက စံအိမ်ကြီးတအိမ်ပေါ့အိမ်ကြီးရဲ့ အမွေဆက်ခံသူ မစ္စတာ ဒီဝင်းတားနဲ့ ပြင်သစ်တောင်ပိုင်းမှာ ဖူးစာဆုံခဲ့တဲ့ အညတရ မနူးမနပ် ရှပ်ပြာပြာနဲ့မိန်းကလေးတယောက်က မလွှဲမရှောင်သာ ဒီအိမ်ကြီးရဲ့ အရှင်သခင်မဖြစ်လာခဲ့တယ်သူ့ရဲ့ဘဝအစမှာ ခိုကိုးရာမဲ့ခဲ့ပေမယ့် မုဆိုးဖို မစ္စတာ ဒီဝင်းတားရဲ့ မျက်နှာကို တရွာထင်ပြီး မန်ဒါလေကို လိုက်လာခဲ့တာပေါ့အိမ်ကြီးကိုရောက်လာခဲ့တဲ့အခါမှာတော့ ဒုတိယ မစ္စ ဒီဝင်းတားဖြစ်လာခဲ့သူလေးဟာ လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတဲ့ကွယ်လွန်လေသူ ရေဘက္ကာ ဒီဝင်းတားရဲ့ အလှအပတွေ ဉာဏ်ပညာထက်မြက်မှုတွေရဲ့ အတိတ်အရိပ်အောက်မှာရိုးအအ မိန်းကလေးပီပီ ခံစားရသမျှကို မထုတ်ဖော်နိုင်ဘဲ ကျိတ်မှိတ်ခံစားရင်းထူးဆန်းတဲ့ အိမ်ကြီးက အိမ်ကြီးရဲ့ အနောက်ဆောင်က အခန်းတခန်း ထူးဆန်းတဲ့ ပထမဇနီးဟောင်းသေဆုံးမှုတွေကိုဘယ်လို ရှာဖွေတွေ့ရှိမလဲဆိုတာ ရင်ဖိုစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။Daphne du Maurier ရဲ့ Rebecca ဝတ္ထုကို ...
movie
Rebecca (1940)
1940
6.1
Sky Captain and the World of Tomorrow (2004)
Sky Captain and The World of Tommorrow ဇာတ်ကားဟာ 2004 ခုနှစ်ကထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးဖြစ်ပါတယ်Imdb rating အနေနဲ့ 6.1/10 ထိရရှိထားပြီး rotten tomatoes 71% ထိရရှိထားပါတယ်သရုပ်ဆောင်တွေကတော့ နာမည်ကြီးတွေဖြစ်တဲ့ Jude Law,Angelina Jolie,Gwyneth Paltrow တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတွော့းပညာတွေတိုးတက်ခေတ်မီနေတဲ့ 1939 ခုနှစ်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ Vargas တစ်ယောက် အရေးကြီးပစ္စည်းတစ်ခုပို့ဆောင်ရင်း ရုတ်တရက်ပျောက်ဆုံးသွားပါတယ်ဤဖြစ်ရပ်နဲ့အလားတူ သိပ္ပံပညာရှင် ငါးဦးတိတိပျောက်ဆုံးမှုကိုလေ့လာစုံစမ်းနေတဲ့ သတင်းထောက်မလေး Polly Perkins ဟာ စုံစမ်းရင်း ဒေါက်တာ Jennings နဲ့တွေ့ဆုံခဲ့ပါတယ် တွေ့ဆုံစဉ် ဒေါက်တာ Jennings မှ ဒေါက်တာ Tokenkopf ဆိုသူ၏နောက်ပစ်မှတ်မှာ သူဖြစ်ကြောင်းပြောခဲ့ပါတယ်.....ထိုစဉ်ရုတ်တရက် အစွမ်းထက်စက်ရုပ်များ သူမတို့မြို့ကိုတိုက်ခိုက်လာပါတော့တယ်....စက်ရုပ်များကိုတန်ပြန်တိုက်ခိုက်သူ Sky Captain လို့ခေါ်တဲ့ ...
movie
2004