Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lauren Lyle
5.5
Something in the Water (2024)
Something in The Water ကတော့ နာမည်အတိုင်းရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကိုရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်ကMystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကိုစွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စားကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကိုဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်း*************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်းငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက်အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကိုဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက်မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါတော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာတွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်းကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည်အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကိုသူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကိုပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာကလူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာအဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦးမှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Something in the Water (2024)
Mercy Falls (2023)
Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ...
movie
Mercy Falls (2023)
6.0
Tell It to the Bees(2019)
Tell It to the Bees(2019)IMDb...6.0(unicode)ဇာတ်ကားဆန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘာဆန်းသလဲဆိုတော့ ခပ်ရိုးရိုး ယောက်ျားမိန်းမအချစ်တွေလိုမျိုး မဟုတ်တော့ဘဲ ဒီတစ်ခါတော့ မိန်းကလေးအချင်းချင်း ချစ်ကြိုက်တဲ့ Lesbian ကားလေးပဲ ဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း1952 ခုနှစ် Scotland နိုင်ငံမှာ Lydia ဆိုတဲ့ အိမ်ထောင်ကွဲ ကလေးအမေတစ်ယောက်ရှိပါတယ်...အိမ်ထောင်ကွဲ စီးပွားပျက်လို့ နေစရာပါအခက်အခဲဖြစ်နေသူ အမျိုးသမီးလေးပေါ့...အဲ့ဒီအချိန်မှာပဲ သူတို့မြို့လေးကို ရောက်လာသူကတော့ ဆရာဝန်မလေး Jean ဖြစ်ပါတယ်...Jean ဟာ ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးအချင်းချင်း စိတ်ဝင်စားသူတစ်ယောက်ပါ...ဒါပေမဲ့လည်း ခေတ်ကာလက 1952 ခု ဖြစ်နေလေတော့ LGBT တွေကို နှိမ့်ချနေချိန်ဖြစ်နေတာပေါ့...Jean လေးခမျာ အတည်တကျနေထိုင်ရာမြို့ရယ်လို့ မရှိဘဲ တစ်နေရာမှာ ခဏနေလိုက် မြို့အသစ်တစ်ခု ပြောင်းလိုက်နဲ့ သူ့ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရာက Lydia တို့ရဲ့မြို့လေးကို ရောက်ရှိလာချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....(zawgyi)ဇာတ်ကားဆန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘာဆန်းသလဲဆိုတော့ ခပ်ရိုးရိုး ယောက်ျားမိန်းမအချစ်တွေလိုမျိုး မဟုတ်တော့ဘဲ ...
movie
Tell It to the Bees(2019)