Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lauren Howe
Luckless in Love (2023)
တကယ်လို့ သင်ဟာ အချစ်အကြောင်းကိုရေးတဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်နေမယ်ဆိုပါတော့။ ဘယ်လိုအကြောင်းတွေကို ရေးဖြစ်မယ်၊ ရေးချင်လည်းဆိုတာကို အက်ဒမင်စိတ်ဝင်စားမိပါတယ်။ အက်ဒမင်သာ အချစ်အကြောင်းရေးတဲ့ စာရေးဆရာမ ဘလော့ဂါတစ်ယောက်သာဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အတွေ့အကြုံတွေ၊ သူပြုံးလိုက်တိုင်း ရင်တွေမတရားခုန်နေတတ်တဲ့ အကြောင်းတွေကနေ သားသားမီးမီးလေးတွေနဲ့မိသားစုဘဝကြီးရတဲ့အထိရေးမိမှာပါဘဲ။ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဝင်နီဆိုတဲ့ ဘလော့ဂါလေးကတော့ ထူးထူးခြားခြားမိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်။ “အချစ်ကံခေသူ” ဆိုတဲ့ ကလောင်နဲ့ သူမရဲ့တွဲခဲ့သမျှအမျိုးသားတွေနဲ့ အလွဲလွဲအချော်ချော် ဒိတ်တွေကို သူမရဲ့လူသိမများတဲ့ ဘလော့မှာ ရေးနေသူတစ်ယောက်ပေါ့။ သူမရဲ့အကြီးမားဆုံးအိမ်မက်က နာမည်ကျော် စာရေးဆရာမဖြစ်ဖို့ပါဘဲ။တစ်ရက်မှာတော့ သူမရဲ့လုပ်နိုင်စွမ်းကိုပြဖို့ အခွင့်အရေး ပေါ်လာပါတော့တယ်။ အခွင့်အရေးရဖို့အရင်းအနှီးကတော့ သူမခဏတာ ချိန်းတွေ့ဖူးတဲ့လူရှုပ်တစ်ယောက်ကို ဆက်တွဲပြီး အဲ့ဒီလူရဲ့ ကမောက်ကမနိုင်မှုတွေကို ဆောင်းပါအနေနဲ့ရေးပေးရမှာပါ။ ဟိုလ်ဒန်ဆိုတဲ့ အင်္ဂလန်သား မုဆိုးဖိုကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့မဆိုရရုံတစ်မယ် မိန်းကလေးတွေကို ဆွဲဆောင်နိုင်လွန်းသူ အားကစားအေးဂျင့်တစ်ယောက်ပါ။ အင်္ဂလိပ်လေသံဝဲဝဲနဲ့ခန့်ချောကြီးကို ဘယ်သူလွန်ဆန်နိုင်ပါ့မလည်း?ဒါပေမယ့်သူနဲ့တွဲခဲ့တဲ့ မိန်းကလေးတွေက သူ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးတာနဲ့ ထွက်ပြေးကုန်ကြလို့ နှင်းဆီခိုင်ကနေ အိုင်တွေ့ရင်ခြေဆေးတတ်တဲ့လူ ...
movie
Luckless in Love (2023)
7.6
BlackBerry (2023)
BlackBerry (2023)ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | ...
movie
BlackBerry (2023)
2023
5.3
Neon Lights (2022)
Neon Lights (2022) ==============ဒီရုပ်ရှင်ကားဟာ ၂၀၂၂ ခုနှစ်ထွက် Thirller ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ Thriller ကားချစ်မြတ်နိုးသူပရိသတ်တွေ ခံစားကြည့်ရှုသင့်တဲ့ သည်းထိတ်ရင်ဖိုကားလေးတစ်ကားဆိုရင်လည်း ဒီကားကိုသာ ညွှန်းရပါဦးမယ်။Clay ဆိုတဲ့ ဉာဏ်ကြီးရှင်ဟာ ကမ္ဘာ့ခေတ်ပြောင်းတော်လှန်ရေးကျန်းမာရေး စောင့်ရှောက်မှုနည်းပညာကို တီထွင်ခဲ့တဲ့နည်းပညာရှင်ဖြစ်ပါတယ်။ ဒါပေမဲ့ Clay ဟာ သူ့မှတ်ဉာဏ်ထဲမှာ သူပိတ်မိနေတဲ့ စိတ္တဇရောဂါတစ်မျိုးရရှိနေသူ လည်းဖြစ်ပါတယ်။ လူတစ်ယောက် ဒီလိုမျိုးကိုယ့်စိတ်ထဲမှာကိုယ် ပိတ်လှောင် မိဖို့ဆိုရင် ဘယ်လောက်များတဲ့ စိတ်ဒဏ်ရာတွေကြောင့်လဲ၊ ဘယ်သူက Clay ကို ဒီလိုဖြစ်စေခဲ့တာလဲ၊ Clay တစ်ယောက် ဘယ်လိုတွေ ထပ်မံတွေ့ကြုံခံစားရမလဲ ဆိုတာကို ခံစားရင်ခုန်ပေးလို့ရမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရှင်ကြီး Clay ဘယ်လိုတွေဖြစ်လာမှာလဲ၊ သူ့ရဲ့ကိုယ်ပိုင်စိတ် အကျဉ်းထောင်ကနေ လွတ်မြောက်နိုင်မလားဆိုတာကိုတော့ Neon Lights 2022 ကားလေးထဲမှာခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size..........(1.26 GB) / (509 MB) / (290 MB) Quality............WebRip 1080p / 720p ...
movie
Neon Lights (2022)
2022