Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lauren Bradley
The Pregnancy Scheme (2023)
The Pregnancy Scheme (2023)တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကို ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။ လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။ အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့ အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။(ဒီရုပ်ရှင်ကို aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Thriller Quality…. 1080p | 720p File size… 1.2GB | 517MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... ...
movie
The Pregnancy Scheme (2023)
2023
7.1
The Wedding Cottage (2023)
မင်္ဂလာပွဲစီစဉ်သူတစ် ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ ...
movie
The Wedding Cottage (2023)
5.1
Circle of Deception (2021)
Circle of Deception (2021)====================ဇာတ်ကြောင်းလေးမပြောခင်မှာ ဒီဇာတ်လမ်းရဲ့မူလဝတ္ထုကိုရေးတဲ့ Ann Rule အကြောင်းကိုအရင်ရှင်းပြမှဖြစ်ပါမယ်။Ann Rule ဆိုတာက တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေအကြောင်းကို ဝတ္ထုရေးတဲ့ မှုခင်းဝတ္ထုစာရေးဆရာမကြီးတစ်ဦးပါ။သူရေးခဲ့တဲ့ " Stranger beside me" ဝတ္ထုဆိုရင် ၁၉၇၀ကာလကအမေရိကန်မှာနာမည်ကြီးခဲ့တဲ့ကွင်းဆက်လူသတ်သမားTed Bundy နဲ့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုရေးဖွဲ့ခဲ့ထားပြီး ၁၉၈၆, ၁၉၈၉ , ၂၀၀၀, ၂၀၀၈ခုနှစ်တွေထပ်မံပဲနှိပ်ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။အခုဇာတ်ကားလေးကလည်း ၂၀၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ "Practice to Deceive"ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမှာမပျော်ရွှင်ဖြစ်နေပြီး ယောကျ်ားဖြစ်သူကိုသဘောမကျတော့တဲ့ Branny Douglas တစ်ယောက်သူ့သူငယ်ချင်း Peggy Sue Thomasကိုကြည့်ပြီးအားကျနေတာပေါ့။ Peggyဆိုတာက အလှမယ်ဟောင်းဖြစ်သလိုယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်တဲ့လူ။ ပြီးတော့ ချမ်းသာတဲ့သူ့ချစ်သူ Jim Hudleရဲ့ ဂရုစိုက်မှုကိုခံနေရတော့ Brannyတစ်ယောက်အားကျပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကိုကိုယ်တိုင်ဖြိုခွဲပစ်လိုက်ပါလေရော။ ဒါပေမယ့် Branny မသိလိုက်တာကPeggy ရဲ့ တစ်ဖက်ခြမ်းမှာဖုံးကွယ်ထားတဲ့အရာတွေ။ ဒီလိုနဲ့ အိမ်ထောင်ကွဲပြီးဘဝပျက်နေတဲ့ Branny နဲ့ Peggy က ဘယ်လိုဇာတ်လမ်းတွေပတ်သက်လာမှာလဲ ...
movie
Circle of Deception (2021)
2021